Part-2(U\Z)

99 7 0
                                    

Unicode

"ဒါနဲ့ မနက်ဖြန် ပြောပြရအုံးမယ်။ငါနဲ့ ရက်စွဲသစ်က major တစ်ခုထဲပဲ" ရန်နိုင်လည်း အေးစက်နေတဲ့ ဒီအခြေအနေကို အသက်သွင်းဖို့ စကားစမြည်လိုက်သည်။

"အင်း ငါသိတယ်"

"ဪ" ကျွန်တော် အမှန်တကယ်အံ့ဩမိသွားပါသည်။မနက်ဖြန်က ရက်စွဲသစ်နဲ့ ကျွန်တော်majorတစ်ခုထဲဆိုတာကို ဘယ်လိုများသိတာပါလိမ့်။
ရန်နိုင်က မနက်ဖြန်ကို သံသယမျက်လုံးဖြင့် စူးစိုက်ကြည့်လိုက်သည်ကို မနက်ဖြန် သတိထားမိသွားသည်။

"ငါ ကြားခဲ့ရတ။
မနက်ဖြန် ရဲ့စကားကြောင့် တစ်ချိန်လုံးငြိမ်နေတဲ့ ရက်စွဲက ကြောင်ပြီး စဉ်းစားမိသွားတယ်။

"ဘယ်ကကြားတာ"ရက်စွဲသစ်ရဲ့အမေးကို ရန်နိုင်က ရီကာ

"ငါ့ကောင်ရေ မင်းကတော့ ဒီနေ့မှ ကျောင်းရောက်တယ် နာမည်က ကြီးနေပြီ ။ဘယ်က ကြားရမလဲကွ ကောင်မလေးတွေပြောနေကြတာ နေမှာပေါ့"

"ဪ" ရက်စွဲလည်း ဘာမှ သိပ်မတုံ့ပြန်ချင်တာကြောင့် ငြိမ်နေလိုက်သည်။အမှန်ဆို ကျွန်တော် ထက် သူတို့ France majorကKingကြီးက ပိုနာမည်ကြီးလိမ့်မည်ပင်။

"ငါ့ထက် France ကKingက ပိုနာမည်ကြီးမှာပေါ့။ကန်တင်းတစ်လျှောက်လုံး France ကKingအကြောင်းပြောနေကြတာလေ" ဘာမှ ပြန်ပြောလိုစိတ်မရှိတာမို့ ပြန်မပြောဖို့ ဆုံးဖြတ်ထားသော်ငြား မနေနိုင်ပါ။ပြန်ရွဲ့ကာ၊စောင်းကာ ပြောလိုက်ရမှ နေသာတော့သည်။

"အဲ့ဒါတော့ အမှန်ပဲ။မနက်ဖြန်က နာမည်ကြီးလေ...။‌မန္တလေးဆေးမှာလည်း Kingပဲ"

"အင်း"
ရက်စွဲသစ် ကြည့်ရတာ သိပ် မျက်နှာမကောင်းတော့သည်မို့ ရန်နိုင်လည်း စကားလမ်းကြောင်းလွှဲရန် ကြံလိုက်ရတော့သည်။

"ဒါတွေထားလိုက်ပါတော့ကွာ ငါ ဗိုက်ဆာပြီ စားကြစို့ "

"အေး"

"အင်း"

~~~
နေ့လည်စာ စားပြီးတော့ ကန်တင်းမှာပဲ ဆက်ထိုင်ဖြစ်ခဲ့ကြသည်။
ရုတ်တရက် ရက်စွဲသစ်ဟာ မတ်တပ်ထရပ်လိုက်လိုက်ကာ

"ရန်နိုင် ငါအတန်းပြန်နှင့်တော့မယ်"

"ဟာ ဘာလို့လဲကွာ"

You've reached the end of published parts.

⏰ Last updated: Mar 21 ⏰

Add this story to your Library to get notified about new parts!

ပြက္ခဒိန်ပေါ်က ရက်စွဲတစ်ခု(Ongoing)Where stories live. Discover now