Part-1 (U\Z)

214 10 1
                                    

Unicode

"Hello"

"..."

"စိတ်ချပါကွာ"

"..."

"အင်း မင်းသာဂရုစိုက်"

ပြောလက်စဖုန်းကို ချပစ်လိုက်ကာ ဖုန်းကို အိတ်ထဲပြန်ထည့်ဖို့ ကြံရွယ်စဉ် ခုန ချလိုက်သည့် ဖုန်‌းခေါ်ဆိုသူကို မှတ်ထားသည့်contact nameလေးကို ကြည့်လိုက်ပါသေးသည်။သူ့ကို ကျွန်တော် မှတ်ထားသည်မှာ 'နားလည်နိုင်ဆုံးသူ" တဲ့လေ။

ထိုcontact nameလေးကို ကြည့်ရင်း ရက်စွဲသစ် ဆိုတဲ့ ထိုကောင်လေးရဲ့မျက်နှာမှာ ပြုံးရိပ်‌ေလးများသန်းသွားလေသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး)(MUFL)

Uniဝန်းထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း စိတ်တွေ ပိုလှုပ်ရှားလာလေလေပင်။
မန္တလေးကို ပြန်ရောက်တာ မကြာသေးလို့ စိတ်လှုပ်ရှားနေတာလား?
ဒါမှမဟုတ် ဒီUniထဲမှာ ရှိနေတဲ့လူတစ်ယောက်ကို တွေ့ရဖို့ စိတ်လှုပ်ရှားနေလို့များလား။
တစ်ချိန်က စိတ်ကူးထားခဲ့ရပါသော တက္ကသိုလ် ဆိုသည့်နေရာ။တစ်ချိန်က တက္ကသိုလ် ဆိုသော အရပ်သို့ အတူတူ တက်ရောက်မည်ဟု စဉ်းစားခဲ့ရပါသောသူ။

အခုတော့ စိတ်ကူးထားခဲ့ရသော အိမ်မက်တွေနှင့်တစ်ခြားစီပင်။တက္ကသိုလ် ဟူ၍ ရင်ခုန် စိတ်လှုပ်ရှားရအောင်လည်း ကျွန်တော်သည် Fresher ပင်မဟုတ်‌ေတာ့ ။တတိယနှစ် Archiကျောင်းသား ပင် ဖြစ်‌နေလေပြီ။
ပထမနှစ်နဲ့ ဒုတိယနှစ်ကိုတော့ ရန်ကုန်မှာ တက်ခဲ့ပေမယ့် ဒီနှစ်က မန္တလေး ပြန်ပြောင်းလာခဲ့သည်မို့ မန္တလေးနည်းပညာတက္ကသိုလ် မှာသာ တတိယနှစ် ဆက်‌တက်နေတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပင်။
UFLကတော့ အဝေးသင် အနေနဲ့ ရန်ကုန် YUFLမှာပဲ တက်ခဲ့သည်။
အခု မန္တလေး MUFLမှာတော့ Masterတန်း အဝေးသင် ထပ်ယူဖြစ်ခဲ့သည်။
ကျွန်တော် ဘာလို့ MUFLကို ဆက်တက်ဖြစ်တာလည်း ဆိုတာကတော့ ကျွန်တော် ကိုယ်တိုင်ပင် သေချာ မသိချေ။ဘာသာစကား ဝါသနာပါတာ မှန်ပေမယ့်လို့ UFLတက်ရတဲ့အ‌ေကြာင်းပြချက်က ဝါသနာ ကြောင့် မဟုတ်တာ လုံးဝပင်သေချာသည်။မသိစိတ်က တစ်စုံတစ်ခုကို ပြန်ပြီး မျှော်လင့်နေမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။

ပြက္ခဒိန်ပေါ်က ရက်စွဲတစ်ခု(Ongoing)Donde viven las historias. Descúbrelo ahora