my sister's lover 6(un)

962 77 6
                                    

ဒီနေ့ jimin တစ်ယောက် မနေ့ကလျှောက်ထားတဲ့အလုပ်မှာ ဝင်ခွင့်ရခဲ့သည် ဒါကြောင့်မနက်အစောကြီးထပြီးလမ်းလျှောက်လာခဲ့သည်
အိမ်ကကားယူမစီးရခြင်းကတော့တစ်ခြားမဟုတ် သူ့အဖေကိုကြောက်လို့ဖြစ်သည် ကြောက်နယ်ဆိုတာလည်းအမည်သာရှိတာ ကွယ်ရာဆိုအတင်းတုပ်နေကြ..အခုလည်း သွားကမယ့်နေရာက အိမ်ကနေနှစ်မှတ်တ်ုင်လောက်စီးရသည်လေ.... လမ်းလျှောက်လာမိတာမှားပြီ...

"တီ တီ"
"အမေလး "
အတွေးလွန်နေတုန်း နောက်ကနေကားဟွန်းတီးလိုက်တဲ့အသံကြောင့်လန့်သွားသည် လှည့်ကြည့်လိုက်တော့..... ဟို မျက်နှာရူး နှစ်ယောက်မရှိသည့် jeon jungkook.... သူကတစ်နေ့လောက်များငါ့မတွေ့ရရင်သေသွားနိုင်တာလား.......

"ဟေ့ jimin shi ဘယ်သွားမလို့လဲ"
"အလုပ်"
"တက် ကျုပ်လိုက်ပို့မယ်"
"ရတယ် ငါ့ဘာသာသွားမယ်"
"ခင်ဗျား ရပေမယ့် ခငိဗျားရဲ့ဆိုင်သူုဖြစ်လာမဲ့ကျုပ်ကမရဘူး"
"မင်း ငါ့ညီမကြောင့်ဆိုရင် ငါ့ကိုကူညီစရာမလိုဘူး"
"ဟောဗျာ ကျုပ်ကလည်းသူ့ကြောင့်ကူညီတာမှမဟုတ်တာ"
"ဒါဆို ဘာလို့."
"ကဲ တက္ဗ်ာ အလုပ်နောက်ကျနေပြီမလား"
"ဒီတစ်ခါတော့ လိုက်မယ် နောက်တစ်ခါမလိုက်ဘူး"
"သေဘာပါဗ်ာ"

ကားပေါ်ရောက်ရောက်ချင်း ဒင်းက ကျွန်တော့်မျက်နှာနားကပ်လာသည် ကြောက်ကြောက် နှင့်မျက်လုံးမှိတ်လိုက်တော့ ထိုင်ခုံခါးပတ်မပတ်ရသေးလို့တဲ့......ရှက်လိုက်တာ park jimin ရယ်...

"Park jimin shi ခင်ဗျားသိလား"
"ဘာလဲ"
"နေမြင့်လေအရူးရင့်လေဆိုတာလေ တစ်နေ့တစ်ခြားလှလှလာတဲ့ခင်ဗျားကို အရူးတစ်ယောက်လိုရူးသွပ်နေတဲ့ကျုပ်လည်းကြာရင်ဆေးရုံရောက်တော့မယ်"
"ဟမ်"
"သိပ်လည်း မတုံးအပါနဲ့ဗျာကျုပ်ကတုံးအနေရင်
ခင်ဗျားကို စည်းကျော်မိလိမ့်မယ်"
"မင်းကပဲစကားပြောတာ မရှင်းတာလားငါပဲနားမလည်တာလားကွာ ရှုပ်နေတာပဲ"
"အင်းပါ  ခင်ဗျားကငတုံးလေးပဲကို"
"ဘာကြ ငါက.."
"တော်တော့ ခင်ဗျားအလုပ်လုပ်ရမဲ့နေရာရောက်ပြီ"
"ကျေးဇူးပဲ"
"ကျေးဇူးတင်ရင် အာ....."
"ဘာလဲ"
"ထားတော့နောက်ကျမှအတိုးရောအရင်းရောယူမယ်"
"ငရှုပ်ပဲ"

Jimin ကုမ္ပဏီထဲဝင်လာတော့လူထူးဆန်းတစ်ယောက်လိုဝိုင်းကြည့်နေကြသည် ငါ့မျက်နှာမှာများတစ်ခုခုပေနေတာလား......

"အမ ဗ် ကျွန်တော်က park jiminပါမနေ့ကအလုပ်ခန့်စာရောက်လာလို့လေ"
"အော် မောင်လေးလာလေသူေဋ္ဌးကတော့မရောက်သေးဘူး မောင်လေးကဒီမှာ graphic designer လုပ်ပေးရမှာပါ ပြီးတော့အဲ့တာကလည်းသူေဋ္ဌးတစ်ယောက်ထဲအတွက်ပေါ့"
"ဗ်ာ graphic designer ကတော့ဟုတ်ပါပြီဒါပေမယ့်သူေဋ္ဌးတစ်ယောက်ထဲအတွက်ဆိုတာကနည်းနည်း"
"အဆင်မပြေလို်လား jimin shi"
"သူေဋ္ဌးရောက်လာပြီလား "
"မင်း! "
"သွားလို့ရပြီ"
"ဟုတ်ကဲ့"
ခုနကအမထွက်သွားတော့ ကျွန်တော်သူ့ကိုကြည့်လိုက်သည် ဒါ တကယ်ပဲ jeon jungkookပဲလေ ခုနကငါ့ကိုဒီကိုလိုက်ပို့သွားသေးတယ်လေ ငါအမြင်မှားတာလား သူကငါ့သူေဋ္ဌးတဲ့ ပြီးတော့ သူ့အတွက်အလုပ်လုပ်ပေးရမယ်တဲ့ အမယ်လေး ငါလေးတော့သေပြီ

"Jungkook အယ် သူေဋ္ဌး"
"Jimin shi လည်းသိပြီးရောပေါ့ ကျွန်တော့်တစ်ယောက်ထဲအတွက်အလုပ်လုပ်ပေးရမယ်ဆိုတာ"
"အင်း အဲ ဟုတ်ကဲ့"
"အလုပ္ကေတာ့ လုပ်ရမှာပါ ဒါပေမယ့် ကျွန်တော့်အနားမှာပဲ"
". ......"
"ဒါနဲ့ ပုံကောဆွဲတတ်ရဲ့လား"
"ဟုတ်ကဲ့ art major နဲ့ကျောင်းပြီးတာပါ"
"အင်း ကောင်းပြီ အခုဆွဲတော့ ဒါဆို"
"ဘာကိုဆွဲ"
"Art လေ"
"ဒါက အလုပ်အပ်တဲ့သူမှမရှိတာ ကျွန်တော်ကဘာပုံကိုဆွဲပြီးတင်ပြရမှာလဲ"
"အလုပ်အပ်တဲ့သူက ကျွန်တော် ဆွဲရမယ့်ပုံက ကျွန်တော့်နှလုံးသား"
"ဗ်ာ"
"ဆွဲရမယ့် အကြောင်းအရာက ကျွန်တော့်နှလုံးသားကိုမျက်ကွယ်ပြုထားတဲ့အရူးလေးအတွက်"
"ဟင်"
"ကဲဗ်ာ တ'ဟင် ဟင်'နဲ့ဘာဖြစ်နေတာလဲ"
"ဟို ငါကဘယ်လိုဆွဲရမှာလဲ"
"မဆွဲတတ်ဘူးလား"
"ဟို ဒါက"
"ဆွဲတတ်လား မဆွဲတတ်ဘူးလား"
"ငါ...."
"ဖြေလေ"
"မဆွဲတတ်ဘူး"
"အင်း ဒါဆို ကွင်းဆင်းလေ့လာရမှာပေါ့"
"ဟမ်"
"ဒီည ကျွန်တော့်အိမ်လိုက်ခဲ့ ကျွန်တော် သင်ပေးမယ်"
"ဟမ်"

(Park jimin=ငါဘာလိုက်လုပ်ရမှာလဲ)
(Jeon jungkook=ကျွန်တော် ပြမယ်)

My sister's loverWhere stories live. Discover now