My

226 26 2
                                    

ပင့်သက်တစ်ချက်ရှိုက်ရင်း မျက်စိအရှေ့မှ ပင်လယ်ဆီကို သူလျှောက်လှမ်းလိုက်သည်။ အစွန်းအဖျားတို့က အဖြူဖျော့အရောင်ရှိပြီး အပြာနုရောင်ဆင်မြန်းထားတဲ့ လှိုင်းတံပိုးတို့ရဲ့  ဌာနီ၊ ဆားနံ့သင်းလို့နေတဲ့ လေပြင်းတို့၀န်းရံထားရာ ဒီပင်လယ်ပြင်မှာ သူမြတ်နိုးရဆုံးဖြစ်တဲ့ မိန်းကလေးရဲ့ ၀ိဉာဥ်ကိန်းအောင်းနေမလားတောင် မသိပါ။

နေ‌ရောင်ကြောင့် ပူနွေးနွေးဖြစ်နေလို့နေတဲ့ ၀ါကြင့်ကြင့်သဲသောင်ပြင်ကိုဖြတ်ကျော်ပြီးအခါမှတော့ ဖိနပ်ချွတ်ထားရာ ခြေဖ၀ါးအလွတ်မှ အေးစိမ့်စိမ့်ခံစားချက်ကို သူ့နှလုံးသားထဲအထိ ခံစားလိုက်မိသည်။

လှိုင်းလုံးတွေက သူ့ဆီအပြေးလာရောက် ဦးညွတ်နေကြသလိုပါပဲ။ အားစိုက်ထုတ်ပြီး ခြေလှမ်းတွေလှမ်းလို့နေပေမဲ့ သိပ်တော့အရာမရောက်။

ပထမဆုံးအနေနဲ့ ခြေလှမ်းတို့ကစတင်ပျက်ယွင်းလာ၏။ ထို့နောက် သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံး။ ဆော့ဂျင်ဟာ ဆော့ဂျင်ရဲ့အပိုင်မဟုတ်တော့သလိုမျိုး၊ ပင်လယ်ရဲ့ ဆွဲငင်ခြင်းစည်းချက်တွေရဲ့အောက်မှာ ယိမ်းနွဲ့လို့နေတဲ့ ရုပ်၀တ္ထုတစ်ခုသာသာ ဖြစ်သွားသည်။

•🌊•

ခန္တာကိုယ်တစ်ခုလုံး ပင်လယ်ပြင်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာကို တစ်သတ်မတ်တည်း ထိုးဆင်းလို့နေသည်။ ခနအကြာမှာတော့ တစ်ခုခုအပေါ် သက်ဆင်းသွားသလို ကျောပြင်မှအထိအတွေ့တစ်ခုကို ခံစားမိလိုက်သည်။ ဖြစ်ကောင်းဖြစ်နိုင်တာတော့ ပင်လယ်ကြမ်းပြင်အထိ သူရောက်ရှိသွားပြီတူပါရဲ့။

ဆော့ဂျင် တစ်ချက်ပြုံးလိုက်မိတယ်။ နောက်ဆုံးတော့.... နောက်ဆုံးမှာတော့ သူလွတ်မြောက်ခွင့်ရတော့မယ်။

အောက်စီဂျင်ပြည့်ပြည့်၀၀ မရတော့တဲ့ ဦးနှောက်ရဲ့အမှားကြောင့်ပဲလား။ မှန်သားပြင်လို ကြည်ပြာသန့်စင်နေတဲ့ ပင်လယ်ပြင်ထဲက တလက်လက်တောက်ပနေတဲ့ အရာတစ်ခုကိုတွေ့လိုက်ရသည်။ ခပ်ကြီးကြီးငါးတစ်ကောင်လား၊ ဒါမှမဟုတ် လူသားမိန်းကလေးတစ်ယောက်ပဲလား... သူ မသဲကွဲပါ။

🌊My Seven Seas🌊Donde viven las historias. Descúbrelo ahora