Chapter 20 - Unicode

Start from the beginning
                                    

ထိုအချိန်တွင် ရိပ်ကနဲ့မြင်လိုက်ရသည့် ကော်ဖီရောင်ကြောင်ကလေးကြောင့် မြင့်မြတ်ပိုင်နောင် ခြေလှမ်းတွေပြန်သွက်လာခဲ့၏။ 

" မြောင်"

"ဟန်နီ ဒီကိုလာ"

သူထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် လိမ်မာလှသည့် ကြောင်မလေးကသူ့ဆီကို တန်းပြေးလာသည်။ အမွေးနုနုလေးတွေကိုထိလိုက်ရင်း ဟန်နီ့ကိုရင်ထဲပွေ့လိုက်ကာ မော့ကြည့်လိုက်မိသည်။ သို့သော် သူ့ကောင်လေးကတော့ ပေါ်မလာသေး။

"ဟန်နီ မင်း သခင်ရော"

"မြောင်"

"ဟုတ်တယ် ချစ်စရာကောင်းတဲ့ ကောင်လေးလေ သူရော"

"မြောင်"

ဟန်နီက မြင့်မြတ်ပိုင်နောင်လက်ထဲရောက်သွားမှနောင်တရချင်လာသလိုခံစားနေရပုံပင်။ ထို့ကြောင့် ရုန်းကန်ဖို့လုပ်သော်လည်း သန်မာသွယ်လျသည့် လက်ဖြူဖြူတို့ဆီမှ ရုန်းထွက်ရန်ခက်ခဲလှ၏။

"အင်း မင်း သခင်၊ ကျွန်တော့်ရည်းစားလေးကိုပြောတာ"

"မြောင်"

"ဦးလေးကြီး"

ထိုအသံအဆုံးပွေ့ခံထားရသည့် ဟန်နီမှာ မြေကြီးပေါ်သို့ ချက်ချင်း ရှောရှောရူရူရောက်သွားသည်။ ထို့နောက် မတ်တပ်ထသွားသော မြင့်မြတ်ပိုင်နောင်က သူ့ကိုပင်ငုံ့မကြည့်တော့ချေ။

"အင်း"

"ဟီး"

"ကိုယ်နဲ့အတူတူမနက်စာစားမလား"

"အတူတူစားဖို့ထွက်လာတာလေ"

"အင်း အဲဒါဆိုသွားရအောင်လေ"

မြင့်မြတ်ပိုင်နောင်ကထိုသို့ပြောပြီး သျှင်မင်းသန့်အနားကိုကပ်သွား၏။

"ဘာစားချင်လဲ"

"အာ ဒီနားမှာ တိုဟူးနွေးဆိုင်ရှိတယ် လမ်းလျှောက်သွားလို့ရတယ်"

သျှင်မင်းသန့်လက်ညှိုးထိုးပြရာဘက်ကိုလိုက်ကြည့်လိုက်ရင်း မြင့်မြတ်ပိုင်နောင် ခေါင်းညိတ်လိုက်သည်။

"အင်း"

ထိုသို့ပြောလိုက်ပြီး သွားမည်ပြင်ပြီးတော့မှ သျှင်မင်းသန့် ဟန်နီ့ကိုသတိရသွားသည်။

HONEYWhere stories live. Discover now