"ရှိုင်း ရယ် နင်လဲလိမ်လိမ်မာမာနေပြရင် အန်ကယ်ကနင့်ကိုကြည်ဖြူမှာပါ"

"တော် နင်ကသူ့ရှေ့နေလား သူ့ဘက်လိုက်ပေးနေတာ"

"အပိုတွေမပြောနဲ့ အခုလာရင်းကိစ္စကိုသာပြောငါအာရုံတွေအရမ်းနောက်နေပြီနော်"

"တလောက ငါတို့သွားတဲ့ club လေ အဲ့တာသွားမလို့ ငါနဲ့လိုက်ခဲ့ပါလားဟင် နင်လဲအလုပ်တွေထဲအာရုံနောက်နေတာမဟုတ်လား စိတ်ပြေလက်ပျောက်လိုက်ခဲ့ပါလား"

အခုမှ သူရဲ့အကြံအစည်ကို သိပါတော့သည်။ သူ club သွားချင်နေတာနဲ့ သူမအားဒုက္ခလာပေးနေတဲ့သူငယ်ချင်းအကောင်းစားလေးပါပဲ။

"ငါ့အကြောင်းမသိတာလဲမဟုတ်ပဲနဲ့ ရှိုင်းရယ်"

"ငါသိပါတယ်ဟာငါသိပါတယ် နင့်အတွက်အခန်းသက်သက်ယူပေးမယ်လေနော် ဒီတိုင်းလိုက်ပေးခဲ့ယုံပါပဲနော်နော်"

ထိုသို့ ယောကျ်ားလေးတစ်ယောက်လာချွဲပြနေရင်သူမအနေဖြင့်အမြင်ကပ်လောက်ပေမဲ့ ရှိုင်းထက်ပိုင်ကသူမအတွက်မောင်တစ်ယောက်လိုသူငယ်ချင်းတစ်ယောက်လိုဖြစ်နေ၍သူ့မစိတ်ထဲတွင်အမြင်ကပ်ခြင်းမရှိ။ ရှိုင်းထက်ပိုင်အကြောင်းကိုသူမလောက်မည်သူသိနိုင်အုန်းမည်နည်း။ အပြင်ပန်းသာအဆင်ပြေနေပေမဲ့ သူမနည်းတူစိတ်ဒဏ်ရာတွေပြည့်နေတဲ့သူတစ်ယောက်ဆိုတာ။

"မငြင်းဘူးဆိုတော့လိုက်မှာမဟုတ်လားဟင်"

ဘာမှပြန်မပြောချင်းကသူမ၏အဖြေပဲဆိုတာကို သိနေသောထိုသကောင့်သားသည် သူ့ဖုန်းတစ်လုံးနှင့်ပြန်အလုပ်ရှုပ်နေပြန်သည်။ မဆီမဆိုင် ထို club မှာတွေ့ခဲ့သည့် မိန်းခလေးအကြောင်းကတော့သူမအတွေးထဲဖျတ်ခနဲဝင်လာခဲ့ပြန်သည်။

club လာချင်တာ ရှိုင်းထက်ပိုင် ဖြစ်၍ ဘယ်အချိန်ကထဲကချိန်းဆိုထားမှန်းမသိသည့်သူများနှင့်ရယ်မောနေလေရဲ့။ သူမကတော့ waiter ​ကောင်လေးလမ်းပြပေးသည့် အခန်းတစ်ခုသို့သာဝင်နေလိုက်တော့သည်။

ပိုက်ဆံရှိလူတန်းစားတစ်ရပ်အတွက်သာရည်ရွယ်ထားသည့် ဤ VVIP room သည် အတော်လေးကို facility ကော decoration မှာပါအဆင်ပြေသည်။ room တစ်ခုမဟုတ်ပါပဲ ဘားအသေးစားလေးဟုတောင်ဆိုနိုင်ပေသည်။ mini bar ပုံစံ ကော့တေးပြုလုပ်ရန်ပစ္စည်းများလဲရှိနေသေးသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now