"ဒါနဲ့ ငါလည်းတိုက်ခန်းတွေ့ထားပြီမလို့  သဘက်ခါကျရင်ပြောင်းတော့မလို့"

"ဟင် မင်းဟာကအရမ်းမြန်လွန်းမနေဘူးလား"

တိုက်ခန်းက အမှန်တော့ရှာလို့မတွေ့သေးပေ။ ကိုယ့်ကိုသာဆက်မြင်နေရင် Taehyungပိုခံစားရမှာစိုးလို့သာမလို့လေ။ နှစ်ဦးနှစ်ဖက်လုံးချစ်ပြီး ခံစားရတာချင်းတူပေမဲ့ အသက်ငယ်တဲ့ကောင်လေးကိုတော့ အရမ်းမခံစားစေချင်ပါ။

"အော ငါလည်း မင်းတို့ကိုအားနာလို့ပါ"

"အချင်းချင်းတွေပဲဟာကို အေးပါ မင်းသဘောပဲလေ

"အင်း ၈ခွဲကျော်နေပြီကွ ကျောင်းသွားတော့မယ်"

"အင်း သားTaehyung‌ကရော ဆရာJungkookနဲ့လိုက်သွားမှာလား"

"မလိုက်တော့ဘူး သားခုထိဘာမှလည်းမပြင်ရသေးဘူး"

အကုန်စားသောက်ပြီး အိမ်ပေါ်ကိုတတ်လာပြီးပြင်ဆင်ရသည်။ ဒီတိုင်းကြီးထိုင်ပြီးသက်ပြင်းချဝမ်းနည်းနေရင်လည်း ဘာမှထူးမလာတာကိုယ့်ကိုကိုယ်လည်း သိနေတာမလို့ အရင်လိုအပူပင်ကင်းကင်းပုံစံသာနေတော့မည်။ အကုန်ပြင်ဆင်ပြီး မေမေ့ကကျောင်းကိုလိုက်ပို့ပေးတယ်။ ကျောင်းတတ်ချိန်တောင်ရောက်နေပြီမလို့ အခန်းကိုမြန်မြန်ရောက်အောင် သုတ်ခြေသင်ပြီပြေးရတော့သည်။

"Hi ဆရာJungkook"

"အင်း ဝင်ခဲ့လေ..ဘယ်သူလိုက်ပို့တာလဲ"

"မေမေကလိုက်ပို့တာပါ ဆရာ"

"အင်းပါ"

အတန်းထဲမဝင်ခင် စာသင်နေတဲ့ဆရာJungkookဆီက ခွင့်ပြုချက်ကိုဦးဆုံးတောင်းရပြန်သည်။ အမြဲတမ်းမြင်နေရတော့ ပိုပြီးဝမ်းနည်းမိတယ်။ ဘာလို့များငါ့ကိုလမ်းခွဲသွားတာလားဆိုပြီး အကြောင်းအရာတိတိကျကျကို သိချင်နေမိသည်။

ခုံမှာဝင်ထိုင်လိုက်တော့ ဘေးနားက Sunghoonကဘာဖြစ်လို့လဲဆိုတဲ့သဘောနဲ့မေးငေါ့ပြီးလှမ်းမေးတယ်။ ခေါင်းခါပြပြီး စာကိုပဲအာရုံစိုက်ပြီးနားထောင်လိုက်သည်။ Sunghoonကို ဆရာJungkookနဲ့ပြတ်သွားပြီဆိုတဲ့အကြောင်းကိုဘယ်လိုပြောရမလဲမသိတော့ဘူး။ Sunghoonကအနည်းနဲ့အများတော့ စိတ်တိုမှာပင်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now