Uni
ညနေစောင်း၄နာရီလောက်မှ Taehyungအိပ်ယာကနိုးလာသည်။ အဲ့ဒါတောင်မှ Park Sunghoonက ကမ်းခြေသွားရအောင်ဆိုပြီးလာနှိုးတာမလို့ နိုးတာပင်။ မဟုတ်လို့ကတော့ ညအထိအိပ်ပျော်နေမိမှာပဲ။ ကျောင်းလေ့လာရေးActivityတွေက မနက်ဖြန်မှစမယ်ဆိုပြီး ပြောတာမလို့ ဒီနေ့ကတော့ ကိုယ်ကြိုက်တာလုပ်လို့ရသည်။
ကမ်းခြေသွားဖို့ အဝတ်အစားလဲပြီးထွက်လာတော့ Sunghoonရယ် Minhoနဲ့ Minhoသူငယ်ချင်းဖြစ်ပုံရသည့်ကောင်လေးတစ်ယောက်က စကားပြောနေကြသည်။ စကားပြောတာက Sunghoonနဲ့ Minhoရဲ့သူငယ်ချင်းတစ်ယောက်ပြောနေကြတာဖြစ်တယ်။ ကြားထဲကMinhoက ဟိုကြည့်ဒီကြည့်နဲ့ပင်။
"Sunghoonမသွားသေးဘူးလား"
"သွားမှာလေ မင်းကိုစောင့်နေတာ..ဒါနဲ့ ဒါကMinhoသူငယ်ချင်းLeoတဲ့ "
"အော ..ငါက Kim Taehyungပါ"
Sunghoonကစမိတ်ဆက်ပေးပုံကြည့်ရတာအရ Sunghoonနဲ့Leoဆိုတဲ့ကောင်လေးစကားလမ်းကြောင်းပြေနေပုံဖြစ်မည်။ ဘေးက Minhoကိုကြည့်လိုက်တော့ လငပုပ်ဖမ်းထားသလို မဲ့ရှုံ့နေတဲ့ပုံကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းမြိုသိပ်ထားရသည်။
"သွားကြမယ်လေ အဲ့ဒါဆို..ခြေလျင်ပဲသွားမှာမလား"
"အင်းလေ သိပ်မှမဝေးတာ...ကမ်းစပ်လေးလည်း လမ်းလျှောက်သွားသလိုဖြစ်တာပေါ့"
ကျောင်းကငှားထားတဲ့နေရာက ကမ်းခြေနဲ့သိပ်မဝေးပေ။ ဆရာတွေကလည်း ညဘက်သောင်ပြင်မှာကလေးတွေပျော်လို့ရအောင်ရည်ရွယ်ချက်နဲ့ တမင်ခုလိုငှားထားတာပါတဲ့လေ။ ကမ်းခြေကိုထွက်လာတော့ Sunghoonနဲ့Leoဆိုတဲ့ကောင်လေးက အရှေ့ကနေအရင်စကားတပြောပြောနဲ့ထွက်သွားသည်။ ကျန်ခဲ့တဲ့ ကိုယ်နဲ့Minhoကအနောက်ကပဲ ခပ်မှန်မှန်လိုက်လာရသည်။
"Taehyung"
"အော ပြောလေ"
လမ်းလျှောက်နေရင်းဘေးကနေ Minhoရဲ့ခေါ်သံကြောင့်လှည့်ကြည့်မိတော့ ပြိုတော့မဲ့မိုးလိုမျိုးဖြစ်နေပြီ။ Leoဆိုတဲ့ကောင်လေးနဲ့Minhoကို သဝန်တိုနေတာဖြစ်မည်ထင်ပါရဲ့။ သဝန်တိုတာကို နားလည်ပါတယ်...ကိုယ်တောင် Junghyungနဲ့ပတ်သတ်ပြီး သဝန်တိုခဲ့သေးတာပဲလေ။အဲ့ဒီတုန်းက စိတ်ထဲကဘာကိုမှအလိုမကျဘဲ ငိုချင်နေခဲ့တာ။
ခုလိုရွယ်တူတစ်ယောက်နဲ့ သဝန်တိုရတဲ့Minhoသာဆို ပိုလို့တောင်ခံစားရမှာပင်။
YOU ARE READING
𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾
Fan Fiktion"ဘာမှအများကြီးစဥ်းစားမနေနဲ့နော် ကျွန်တော်နဲ့တွဲမယ်ဆိုရင် Yesကိုရွေး... ကျွန်တော်နဲ့ချစ်သူဖြစ်ချင်ရင် Yeahကိုရွေး Yes or Yeah" "Yes နဲ့ Yeahထက် တွဲချင်ရင်ပြောရတဲ့ပိုလေးနက်တဲ့ စကားလုံးရှိရင်ကောင်းမယ်... Taehyung ဒီနေ့ကစပြီးမင်းက ကိုယ့်ရဲ့ချစ်သူပဲ...