Intro

69 0 0
                                        

ယုန်နဲ့လိပ်ပုံပြင်‌အကြောင်းကို ငယ်ငယ်တည်းက သိပ်သဘောမကျခဲ့ဘူး။ ဘာလို့ဆိုတဲ့ မေးခွန်းတွေအောက်မှာ ယုန်ကို လိပ်နိုင်သွားတာကို နားမလည်နိုင်ခဲ့ဘူး။ အတူယှဉ်ပြိုင်တုန်းက ပြိုင်ကြပြီး လမ်းတဝက်မှ သတိလက်လွတ် အိပ်နေတဲ့ယုန်ကိုလဲ လက်ခံလို့မရခဲ့ဘူး။ သူတို့နှစ်ကောင်သာ မပြိုင်ခင်ကတည်းက သူငယ်ချင်းတွေဆို ဘယ်လိုလုပ်မလဲ၊ ယုန်ရှုံးရတဲ့ အကြောင်းရင်း သက်သက် ရှိခဲ့ရင်ရော၊ လိပ်ကလဲ ထင်ထားသလောက် ပြီးပြည့်စုံနေတာ မဟုတ်ဖူးဆိုရင်ရောဆိုပြီး စတဲ့ အတွေးပေါင်းစုံရှိခဲ့တယ်။ ဒီအကြောင်းကို ဇာတ်လမ်းရေးမယ်ဆိုပြီး စဉ်းစားမိခဲ့တာ တကယ်ကြာခဲ့ပြီ။
ဒီပုံပြင်မကျတဲ့ ပုံပြင်လေးကို လွန်ခဲ့တဲ့(၂)နှစ်က draftထဲမှာ ရေးဖြစ်ခဲ့တယ်။ ကိုယ့် OCမဟုတ်ဘဲ referenced storyဖြစ်တာတကြောင်း၊ အရေးသားမကောင်းပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်က ရေးခဲ့တဲ့ပုံစံကို မပြင်ချင်တာ တကြောင်းကြောင့် publishရနိုးနိုးနဲ့ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကိုယ့်အတွေးပုံရိပ်လေးတွေကို စာဖတ်သူတစ်ယောက်တ‌လေပဲ ရှိပါစေဦးတော့ ဝေမျှပေးချင်လွန်းလို့ publishဖို့ ဆုံးဖြတ်လိုက်မိတယ်။ အရေးသား မပြေပြစ်လို့ ဖတ်ရအဆင်မပြေမှုများရှိခဲ့ပါက ဒီနေရာနေပဲ ကြိုတင် တောင်းပန်ပါရစေ။

ကျေးဇူးတင်စွာဖြင့်
Minmmn

THE HARE AND THE TORTOISE(One-shot)Historias para obsesionarse. Descúbrelo ahora