အခန်း ၄၂ နမ်းရှိုက်ခြင်း

Start from the beginning
                                    

သူ့ရဲ့ အိုမီဂါ‌ေလးက ဘာလုပ်နေတာလဲ !? ဆိုတာကို
အနည်းငယ် ခန့်မှန်းရခက်ပါတယ်

လူးရှပ်စ်၏ မျက်ဝန်းတစ်စုံက ဂျူလီယမ် ၏
တင်ပါးလံုးလံုး‌ေလးကို ရုတ်တရက် စူးစူးရဲရဲ
စိုက်ကြည့်လာသည်။ သူ့လည်ချောင်းက
မျိုချရင်း လှုပ်ရှားသွားပြီး
သူ့နှုတ်ခမ်း ၊ အာခေါင်‌ေတွ အနည်းငယ် ခြောက်သွားသလို ခံစားရတယ်။

ဂျူလီယမ်သည် ကျောရိုး‌စိမ့်သွားသလို ခံစားလိုက်တာ‌ေကြာင့် လေအေးပေးစက်ကို
မော့ကြည့်လိုက်သည်။သူ ပိတ်ထားပါတယ်
အခန်းက လုံးဝ မအေးဘူး !
ဒါပေမယ့် သူ့မှာ ထူးဆန်းတဲ့ ကြိုတင်
သတိပေးချက်တစ်ခုရသွားပြီး
နောက်ပြန်ကြည့်လိုက်တော့
တံခါးနည်းနည်းပွင့်လာပြီး အပြင်မှာ ရပ်နေတဲ့
လူတစ်ယောက်ကို တွေ့လိုက်ရတယ်

သူ့ကို လန့်သွားစေတယ် !!

ဂျူလီယမ်က အနည်းငယ်မြင့်သည့်အသံဖြင့်
"လူးရှပ်စ်?!"

လူးရှပ်စ်သည် ထိုနေရာတွင် မည်မျှကြာအောင်
ရပ်နေခဲ့လဲ မသိ
ဒီအပြုအမူကို သူတော့ မြင်သွားလောက်ပြီ!

ဒီလူက သူ့ကို နောက်ကနေ အမြဲဖမ်းနေတာ
ဘာကြောင့်လဲ

လူးရှပ်စ်သည် ရွှေရောင် အနားသပ် မျက်မှန်ကို ဝတ်ဆင်ထားပြီး သူ့မျက်လုံးများတွင်တော့
အလင်းတန်းများ လင်းလက်သွားပါတယ်
သူသည် မျက်မှန်နဲ့ မလိုက်ဖက်သည့်
မျက်နှာဖြင့် ဂျူလီယမ် ကို
တည့်တည့်စိုက်ကြည့်နေသည်။

လူရှပ်းစ် က "ကိုယ်လာတော့ တံခါးမပိတ်တာတွေ့လို့
မင်းကို ချောင်းကြည့်ဖို့ မရည်ရွယ်ခဲ့ပါဘူး"

ဂျူလီယမ် က ထိတ်လန့်တခစ်ခစ်ရယ်ပြီး
"ငါ့ကိုရှာနေတာလား ? ဒါဆိုလဲ ဝင်လာပြီး
ကိုယ့်အိမ်ကိုယ့်ရွာ‌လို နေလေ ဟီးဟီး "

လူးရှပ်စ်သည် အခန်းထဲသို့ ဝင်ရန်တုံ့ဆိုင်းသွားကာ
သူ့ကို ထူးထူးခြားခြားကြည့်ပြီး
"မင်း... မင်းဒီမှာ ဘာလုပ်နေတာလဲ?

ဂျူလီယမ်က ကုတင်ပေါ်မှ စွဲမက်ဖွယ်ကိုယ်
ဟန်အနေအထားသို့ ရုတ်တရက်ပြောင်းသွား၏
သူသည် ယခင်ဘဝက အိုက်တင်နှင့်
သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုကာ
သူ့အသံကို ပိုလိမ္မာပါးနပ်စွာ ပြောင်းလဲစေခဲ့ပါတယ်
လေသံနှင့် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း
"ဘာလုပ်ရမှာလဲ ငါက မင်းကို စောင့်နေတာပေါ့ အချစ်ရဲ့ "

ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလိန်အိုမီဂါလေးဖြစ်လာ [ Rebirth; System ] Volume I Where stories live. Discover now