"ရှောင်ယွဲ့..."

ရှီးဝေက သူ့သားနားကို ပိုတိုးလိုက်ပြီး သတိကြီးကြီးနဲ့ တိုးတိုးလေး ခေါ်လိုက်၏။

ပွဲပြီးကတည်းကနေ အခုအချိန်အထိ ရှီးခယ့်ယွဲ့က သူမကို စကားတစ်ခွန်းမှ မပြောလာခဲ့။

လူအိုကြီးရှီ ရုတ်တရက် မူးလဲသွားသောကြောင့်၊ ရှီယွင်နန်နှင့် တမင်ပြဿနာ လာရှာသည့် အခြားသူများ မြန်ဆန်စွာ ထွက်သွားကြပြီး ကျန်သည့် ဧည့်သည်များလည်း အမြန် လူစုခွဲသွားကြသည်။

ရှီးဝေကို ရန်သူအဖြစ်မြင်သွားသည့် ကျန်းယွင်တောင် အနည်းငယ်ဆဲဆိုပြီးနောက်၊ ခင်ပွန်းဖြစ်သူနှင့် ကိုယ်ဝန်ရှိနေသည့် အငယ်အနှောင်းကို ရှာရန် အမြန် ပြန်သွားလေသည်။

ရှီးဝေက ဆံပင်ကို နောက်သို့ ခက်ခက်ခဲခဲ လှန်ဖီးထားပြီး၊ သူမ၏ ကြော့ရှင်းသည့် မိတ်ကပ်မှာ ခုတော့ လုံးဝပျက်နေလေပြီ။ အမှန်တရားဖော်ခံရပြီးနောက်၊ သူမမှာ ငိုချင်ယောင်ဆောင်ခဲ့ရာကနေ  အမှန်တကယ် မျက်ရည်ကျလာခဲ့ရသည်။ အချိန်အတော်ကြာထိ ငိုပြီးနောက် သူမမျက်နှာတစ်ခုလုံးမှာ အကျည်းတန်သည့် မျက်ရည်ကြောင်းများဖြင့် ပြည့်နှက်နေ၏။

အမြဲတမ်း လှလှပပထိန်းသိမ်းထားခဲ့သည့် မျက်နှာမှာ နီရဲနေပြီး ရောင်ရမ်းနေသလို၊ မရေမတွက်နိုင်သည့် ပါးရိုက်ချက်အရာများကိုလဲ မြင်တွေ့နေရဆဲပင်။

ရှီးခယ့်ယွဲ့ကတော့ ဒီနေ့ သူမကြောင့်ဖြစ်ခဲ့ရသည့် ဆ်ိုးဆိုးရွားရွား ကိစ္စတွေကို ပြန်တွေးမိပြီး၊ စက်ဆုပ်ရွံရှာကာ သူမကို လျစ်လျူရှုပြီးနောက် ရှီရှန်းဆီသို့သာ တည်တည့်လျှောက်သွားလိုက်သည်။

သူက သူ့အတွင်းခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး နွေးနွေးထွေးထွေး လေသံနဲ့ ပြောလိုက်သည်။ "ပါး၊ ကျွန်တော် ဧည့်ခံပွဲထဲက ဧည့်သည်တွေကို ပြန်လွှတ်လိုက်ပါပြီ။ စိတ်မပူပါနဲ့ သူတို့ အဘိုးသိက္ခာကို တွေးတောပေးပြီး မလုပ်လောက်..."

"တော်ပြီ၊ ငါ့ရှေ့မှာ သားကောင်းတစ်ယောက်လို ဟန်ဆောင်မနေဲ့။" ရှီရှန်းက သူ့ကို အေးတိအေးစက် မော့ကြည့်လာသည်။ "ဒီကို ဘာလာလုပ်တာလဲ?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now