"Okay"
ကိုမင်းသိန်းနဲ့ ဟိုလူ ပြောပုံအရ ပြန်တော့မှာလားမသိ....ပြန်ရတော့မယ်ဆိုတော့ တာရာ စိတ်ထဲကျိတ်ပျော်မိသွားသေးသည်။ အပျော်က တာရှည်မခံပါ ဘေးက မပန်းချီက
"မနက်ဖြန် Cruise စီးကြမှာ အပေါ်မှာပဲ ညအိပ်ကြမှာ ၂ ရက်စာလောက်အဝတ်စားခွဲယူခဲ့နော် အကုန်တော့ သယ်လာစရာမလိုဘူး"
"Cruise....?"
"အင်းလေ တာရာ သင်္ဘောအကြီးကြီးတွေလေ"
"ဟုတ်...မမ"
Cruise ဆိုတာ ဇိမ်ခံသင်္ဘောကြီးမှန်းသိပေမယ့် တခါမှ မစီးဖူးတာရော ရေကြောက်တာရောကြောင့် တွေဝေနေမိသည်။ မလိုက်လို့လဲ ရမယ့်ပုံမပေါ်။
စားသောက်ပီး ပင်ပန်းနေတာမလို့ အခန်းထဲပြန်နားချင်ကြောင်းပြောပီး တာရာအခန်းထဲပြန်ကာ စောင်ပုံထဲဝင်ပီးကွေးနေလိုက်သည်။ တနေကုန်အိပ်ထားတာမလို့ အိပ်လို့ကတော့မပျော်။ ဟိုလူ့ရဲ့ မျက်စိအောက်က ပျောက်နေရရင်ရပီ....ဟိုလူလဲသူမနဲ့ထပ်တူထပ်မျှပဲဆိုတာ သူမသိပီးသား...ဝေးလေကောင်းလေဆိုတဲ့ အတွေးကိုယ်စီနဲ့။
"သားကြီး မင်းရုပ်ကြီးကလဲ တနေကုန် အီလည်လည်ကြီးနဲ့ ဘာဖြစ်နေတာလဲ"
"မရှိပါဘူးကွာ ဒီတိုင်းပဲ "
"ဘာလဲ ကောင်မလေးက ဘာပြောလို့လဲ"
"ဘာပြောရမှာလဲ ဇယားမရှိပါဘူးကွာ"
"သားကြီး ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်ကွာ....မင်းမှာလဲ မင်းခံစားချက်နဲ့မင်းဆိုတာ ငါနားလည်တယ်....ဒါမဲ့ကွာ ငါတို့လဲ အသက်တွေငယ်တော့တာမဟုတ်ဘူး ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ့်အခိုက်တံ့တွေကိုနားလည်ပေးရမယ်လေကွာ မဟုတ်ဘူးလား"
"အဲ့တော့...."
"အဲ့တော့ကွာ အရာရာ နောက်မကျခင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ချိန်တွေရှိသေးတယ်ကွာ....နောက်မှ နောင်တရတာမျိုးကျ ဘာမှပြန်ပြင်လို့မှမရတာ"
"မူးနေတာလား ဝေယံ"
"ရေပဲသောက်ထားတာ မူးမလား....မူးချင်းမူး အချစ်မူးပဲမူးမှာ"
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....
အခန်း (၁၆) Zawgyi
Start from the beginning