"ရိန်းရန်နီက ငါ့ကို ကိုကိုလို့ ခေါ်ပြီး ပြေးဖက်တယ်။ပြီးတော့ သူ့ကို မမှတ်မိလို့ အပြစ်တင်တယ်။ပြီးတော့ ပြီးတော့ သူ့လက်ကို ဖန်ကွဲစနဲ့ လှီးဖြတ်မလို့ ....။ငါကြောက်တယ်။ငါ သွေးဆိုရင် အရမ်းကြောက်တာ အကုန်သိကြရက်နဲ့။အနီရောင်တွေ့ရင်တောင် အသက်ရှုဖို့ ခက်နေတာကို ...။ငါလေ သိပ်ကြောက်တာပဲ။ဒီအကြောင်းကိုလေ ဟာရူတိုကို ပြန်မပြောနဲ့နော်။သူသိရင်လေ ငါ့ကို ပြောမှာ။"
မျက်လုံးတွေက ဂနာမငြိမ်စွာ ၃၆၀ ဒီဂရီ ဖြစ်အောင် ပတ်လည်ဖြစ်နေ၏။မျက်ဝန်းထောင့်က စီးကျလာတဲ့ မျက်ရည်တွေကိုလည်း တယုတယသုတ်ပေးသူက ဒိုယောင်းငယ်။
ဂျွန်ကယူမှာ ဒီလို နားမလည်ခြင်းများစွာနဲ့ အိုမင်းသွားဖို့ ကံပါလာသလား မပြောတက်။တကယ်ပါပဲ အရင်လို ပြန်ဖြစ်ချင်တယ်။ဒီအတိုင်းလေးပဲ မေ့ပျောက်ခြင်းတွေ မရှိတဲ့ နေရာမှာ နေချင်တယ်။
"ကိုကို ၊ကိုကို့ကို ကျွန်တော် တစ်ခုပြောမယ်။ကိုကို အသေအချာ နားထောင်ရမယ်။"
"ဘာပြောမှာလဲ ဒိုယောင်းငယ်"
"ဟာရူတိုနဲ့ ဝေးဝေးနေ ကိုကို။ကျွန်တော် သတိပေးထားရက်နဲ့ ဝေးဝေးမနေရင် ကိုကို ခံစားရလိမ့်မယ်။ကိုကိုသိရဲ့လား ကိုကိုက ဟာရူတိုရဲ့ ကြိုးဆွဲရာ အရုပ်ဖြစ်နေပြီဆိုတာကိုလေ"
ဂျွန်ကယူ ခေါင်းမငြိမ့်မိ။ဟာရူတိုကို သိပ်ခင်တွယ်တာကြောင့် ဝေးဝေးနေရမယ်ဆိုတာ ထင်သလောက် လွယ်ကူမှာ မဟုတ်ပေ။
"ငါ့မှာ ဟာရူတို တစ်ယောက်ပဲရှိတာကို ဒိုယောင်းငယ် သိရက်သားနဲ့။"
"ကိုကို့မှာ ကျွန်တော်ရော ဖေဖေရော ရှိနေတယ် မဟုတ်ဘူးလား။"
"မတူဘူးဆိုတာ ဒိုယောင်းငယ် သိရက်သားနဲ့။ကိုကိုက ဟာရူတိုကို ချစ်တာလေ။သူနဲ့ အတူတူ အိုမင်းချင်တာ။"
ဂျွန်ကယူ မဖြစ်နိုင်တဲ့ စကားတစ်ခွန်းကိုပြောရင်း ခေါင်းငုံ့လိုက်မိသည်။ဒါ ဂျွန်ကယူ့ ဘက်က ဖြစ်တည်လာတဲ့ ခံစားချက်အချို့ပါပဲ။
"အတွေးတွေ လွဲမှားနေပြီပဲ ကိုကို။ကိုကို မကြာခင် နာကျင်ရတော့မယ်။မတားဆီးနိုင်လို့ အခုကတည်းက ကျွန်တော် တောင်းပန်ပါတယ် ။"
BMGH 8|U+Z
Start from the beginning