အခန်း (၁၄)

9.4K 319 18
                                    

တမနက်လုံးကားစီးလာရတာကြောင့် အကုန်လုံး အခန်းတွင်းအောင်းကာ အနားယူနေကြတာမလို့ တနေကုန် လူတွေအကုန်မဆုံဖြစ်ကြ။ ညစာစားတော့မှ အကုန်လုံးစုံကြသည်။ မဟာကိုယ်တိုင်လဲ အရင်နေ့က ပင်ပန်းတာတွေရော အိပ်ရေးပျက်တာတွေရောကြောင့် မနက် ရေချိုးပီးထဲကအိပ်ပျော်သွားတာ ညနေပိုင်းမှကိုနိုးတော့သည်။ ကန်းခြေကသောင်ပြင်ပေါ်မှာစားမည်ဆိုလို့ အဖြူရောင်လက်ရှည် ချည်ထည်ရှပ်နဲ့ ကာကီရောင်ဘောင်းဘီဝတ်ကာ လိုရမယ်ရ hoodie တထည်ကိုင်ပီးကမ်းခြေဘက်ထွက်လာခဲ့သည်။ ဟိုငတိမတော့ တမင်ခေါ်မလာခဲ့။ မြင်သားပဲ သူနိုးထဲက အခန်းထဲကထွက်ပီး အခန်းရှေ့ဝရံတာကခုံမှာ စာဖတ်နေတာကို။ သူမဘာစားမလဲ စားပီးပီလားလဲမမေးဖြစ် မေးဖို့သတိမရတာဆိုပိုမှန်လိမ့်မယ်.... သောင်ပြင်ပေါ် သူရောက်တော့ လူစုံနေပီ ဆောင်းတွင်းမလို့ ညနေ ၆ နာရီသာရှိသေးပေမယ့် အတော့်ကို စုန်းစုန်းချုပ်မှောင်နေပီ ဟာလာဟင်းလင်းသောင်ပြင်ပေါ်မှာ လေကတိုက်တာမလို့အေးပေမယ့် မီးဖိုထားတာကြောင့် ထင်သလောက်မအေး ခါတိုင်းနှစ်တွေကဆို မဟာတို့ကမီးဖိုချင်သော်လဲ ဧကရီက မီးခိုးမွှန်တာမခံနိုင်ဟုဆိုသောကြောင့် တနှစ်မှ မီးမဖိုခဲ့ရ ဒါ့ကြောင့် ခါတိုင်းလိုပဲထင်လို့ သူ hoodie တောင်ယူခဲ့ရသေးသည်။ တကယ်တော့ အဲ့ hoodie ကလဲ သူဝတ်သည်မဟုတ် ယောက်ျားလေးလဲဖြစ် အအေးကြိုက်သူမလို့ တော်ရုံ အေးတာလောက်က သူ့အတွက်ပြသနာမရှိ တကယ်တမ်းက ဧကရီ အနွေးထည်မဝတ်ချင်တဲ့ ဧကရီ့ကြောင့်သာ သူ ယူလာရတာ အနွေးထည်ဝတ်ရင်ရှိုးပျက်လို့ဆိုပီး မဝတ်ဘဲလာသည် ပီးရင် ခနနေရင် ချမ်းပီ။ ဒါ့ကြောင့်လဲ သူ ကမ်းခြေရောက်တိုင်း hoddie တထည်အမြဲယူလာဖြစ်သည် သူ့မိန်းကလေးအတွက်ပေါ့.....သူ့မြင်တော့ ဝေယံကစပီး
"မဟာ....တာရာကော...."
"မင်းငါနဲ့ ဘယ်သူပါလာတာ မြင်လို့လဲ"
"အေးလေ မမြင်လို့ မေးတာပေါ့ကွာ မင်းကလဲစိတ်ချည်းပဲ"
"ဘာလဲ မင်းထားခဲ့ပြန်ပီလား"
"မထားခဲ့လို့ ငါက နေရာတကာ ကျောပိုးပီးခေါ်လာရမှာလား"
"မင်းကလဲ မဟုတ်သေးပါဘူး.....ညစာစားမှာပဲ ခေါ်လိုက်ပါကွာ...ပီးရင် ဂိမ်းတွေဘာတွေကဆော့ကြဦးမှာ"
"တော် တော် ငါ့ကောင်....ထားလိုက်သူ့ဘာသူနေပါစေ"
"အာ မဟုတ်သေးပါဘူး တနေကုန်ကော အစာစားရရဲ့လားကွာ မင်းကလဲ ခေါ်လာပီးမှတော့.."
"မင်းခေါ်လာတာလေ ငါခေါ်လာတာမှမဟုတ်တာ"
"အဲ့ဆို ပန်းချီသွားခေါ်လိုက်မယ် မေဖြူလာ...တာရာ့ကိုသွားခေါ်ကြစို့"
သူ့စကားပင်မဆုံး ပန်းချီနဲ့ မေဖြူက ထသွားကြပီ။ သူ့အတွက်က သူ့ကို သူတို့တွေဘယ်လိုမြင်မြင်အရေးမကြီး ဟိုငတိမကိုပဲ ဒုက္ခပေးရပီးရော။ ခုတော့ ၄ မဲ ၁ မဲနဲ့ တဖက်က မဲသာနေတာမလို့ တဦးထဲ ဖြစ်နေတဲ့ မဟာ အားလုံးစီစဥ်သမျှလက်ခံနေရတော့ ဒီခရီးလာမိတာ မှားပီလို့တောင် ထင်စပြုလာပီ။
တာရာ မနက်က ပင်လယ်ဘက်ထွက်ကာ ခနလမ်းလျှောက်ပီ အခန်းထဲ ပြန်နားမယ်အလုပ် အခန်းမီးများပိတ်ကာ အိပ်နေတဲ့ ဟိုလူနဲ့တိုးတော့သည်။ ဘာလဲ သူတို့က ကမ်းခြေလာပီး အိပ်နေကြတာလားလို့ထင်ရတဲ့ထိ ဘယ်သူ့ကိုမှမတွေ့။ သူမထင်ခဲ့တာ ကမ်းခြေရောက်ရင် ရေဆော့ကြ ဘာကြနဲ့ အားလပ်မည်တောင်မထင်ခဲ့။ ခုတော့ ဘယ်သူ့ကိုမှမတွေ့ရတဲ့အပြင် ဟိုလူကြီးက အိပ်ပါနေသေးသည်။ ကြည့်လိုက်တော့လဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမလို့ နိုးသွားမည်စိုးတာနဲ့ အခန်းအဝင်ဝ စာအုပ်စင်ပေါ်က စာအုပ်တအုပ်ယူပီး ဝရံတာဘက်ထွက်ထိုင်ကာ စာဖတ်နေတော့သည်။ စာထဲနစ်မြောနေတာကော ပင်လယ်ကြီးကြည့်လိုက် ငှက်လေးတွေပျံတာငေးလိုက် လှိုင်းသံလေးတွေနားထောင်လိုက်နဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိခဲ့။ လူကသာနေတာလေ ဗိုက်ကမနေ ဆန္ဒစပြလာမှ မနက်စာကလွဲပီး တနေကုန်ဘာမှမစားရသေးတာသတိရမိသည်။ သတိဝင်လာတော့ ဗိုက်ကတော်တော်ဆာနေပီ။ မပန်းချီကတော့ စားချင်တာမှာစားဖို့ မနက်အစောပိုင်းက လာပြောသွားသေးသည်။ အဲ့လိုကြီးကျလဲ မှာမစားချင် ကိုယ့်စားရိတ်နဲ့ကိုယ် ဟော်တယ်က မှာစားရအောင်လဲ သိတဲ့အတိုင်း ဟင်းတွေက စျေးက ခေါင်ခိုက်နေတာ....ဒီပုံစံနဲ့ဆို ဒီကမပြန်ခင် တာရာ တသက်လုံးစုထားတာတွေကုန်တော့မလားပဲ။
ဝရံတာမှာပဲထိုင်ပီးစဥ်းစားနေတုံး ဟိုလူနိုးပီထင်တယ် မီးဖွင့်တာတွေ့လိုက်သည်။ သူနိုးမှ အသာလေး အခန်းထဲပြန်ဝင်လာပီး ဘာလုပ်ရမလဲစဥ်းစားနေရင်း ရေအရင်ချိုးလိုက်ဦးမည်ဟုတွေးကာ ရေချိုးခန်းထဲဝင်ခဲ့သည်။ ပြန်ထွက်လာတော့ ဘယ်သူမှမရှိတော့.... ဟိုလူကလဲ တာရာ ရေချိုးနေတုံးထွက်သွားတာ ဘယ်ရောက်သွားလဲမသိ။ တာရာ အခန်းထဲ လမ်းလျှောက်ရင်း အတွေးနယ်ချဲ့နေတုံး တံခခေါက်သံကြားလို့ သွားကြည့်တော့ မပန်းချီနဲ့ မမေဖြူ
"ဟင်...မမတို့"
"နောက်မှခေါ်..... လာ.... အနွေးထည်ယူခဲ့ ညစာစားဖို့စောင့်နေကြပီ"
"ဟုတ် ဟုတ်ကဲ့"
တာရာ ခြေသလုံးတဝက်လောက်ထိရောက်တဲ့ဂါဝန်အညိုလေးဝတ်ထားတာမလို့ အပေါ်က ထပ်ဝတ်လို့ရတဲ့ သက္ကလတ်အနွေးထည်တခုထပ်ဝတ်ပီး မပန်းချိီနဲ့မမေဖြူတို့ခေါ်ရာနောက်လိုက်ခဲ့ရသည်။ ဆောင်းတွင်းမလို့နေမယ် အခန်းထဲသာမသိသာတာ ကမ်းခြေဘက်က လေကတိုက်နေတော့ အတော်အေးစိမ့်လှသည်။ ညမှောင်လို့ လှိုင်းလုံးတွေကိုတော့ မနက်ကလို မမြင်ရပေမယ့် အသံတွေကိုတော့ ကြားနေရဆဲ။
ရောက်ပါပီ သူတို့တွေရှိတဲ့နေရာ သောင်ပြင်ပေါ်က သဲတွေပေါ်ပဲ အခင်းထူထူခင်းထိုင်ကာ မလှမ်းမကမ်းမှာလဲ မီးဖိုထားသည်။ မီးဖိုထားတာမလို့ အတော်အသင့်တော့ အချမ်းသက်သာသည်ပြောရမည်။ အခင်းပေါ်မှာ အကုန်စုထိုင်နေရင်း ကိုဝေယံကပါလာတဲ့ဂစ်တာကို ကြိုးညှိနေသည်။ မပန်းချီနဲ့ မမေဖြူကတော့ ညီမလေးထိုင်ဦးဆိုကာ သူမကိုထိုင်စေပီး သူတို့ကတော့ စားသောက်ဖွယ်ရာများကိုပြင်ဆင်နေသည်။ စားသောက်ဖွယ်ရာတွေကတော့ အထူးတည်မဟုတ် ဟိုတယ်ကအဆင်သင့်မှာထားကြပုံရသည်။ သူတို့က ခူးခပ်ထည့်ပေးပေါ့။ နောက်ဆုံးမှ အကြည့်ရောက်သွားတာက ဟိုလူ.....အားလုံးနဲ့ဝေးတဲ့ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့သူ ဘေးမှာလဲ အရက်ခွက်လို့ထင်ရတဲ့ ဖန်ခွက်တခွက်ချထားကာ သူမတို့ကို ကျောမပေးရုံအနေအထားနဲ့ အဝေးကိုလှမ်းကြည့်နေသည်။ မဧကရီ့ကိုလွမ်းနေတယ်ထင်ပါရဲ့။ အဲ့လိုကျတော့လဲ တာရာ စိတ်မကောင်းဖြစ်ချင်လာသည်။ သူမကြောင့်သာမဟုတ်ရင် သူတို့ခုချိန်တူတူဘယ်လောက်ပျော်နေနိုင်ရမလဲ။ သူမပတ်ဝန်းကျင်ကို ကြည့်ပီး အတွေးထဲမျောနေတုံး မပန်းချီက စားစရာများထည့်ထားတဲ့ ပန်းကန်အကြီးကြီးတချပ်လာပေးသည်။ နောက်ကနေ မမေဖြူကလဲ အအေးတခွက်လာပေးသေးသည်။ ပန်းကန်ထဲက စားသောက်ဖွယ်ရာတွေက သူမတခါမှမစားဖူးတဲ့အရာတွေ....များလဲများလွန်းသည်။ တွေဝေနေတဲ့သူမကိုအကဲခတ်နေတဲ့ မပန်းချီက
"ပင်လယ်စာနဲ့ allergy ရှိလား ညီမလေး"
"ဟင် အဲ့လိုတော့ မသိဘူးမမ"
"ခါတိုင်းရော ပုဇွန်တွေ ဘာတွေစားလား"
"အဲ့လိုတော့ စားပါတယ်"
"အဲ့လောက်ဆို တည့်မှာပါ တကယ်လို့ စားရင်း တခုခုဆို ဆက်မစားနဲ့ အမကိုပြော ဟုတ်ပီလား"
တာရာသူမကို ခုလိုဂရုစိုက်ပေးနေတဲ့ မပန်းချီကိုကြည့်ကာ မျက်ရည်များပင်ဝိုင်းလာသည်။ ခုလိုသူမကို အသေးစိတ်ထိလိုက်ဂရုစိုက်တဲ့အမတယောက်ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးပီး ဝမ်းနည်းရပြန်သည်။
"ဘာလို့လဲ မစားရဲဘူးလား....မစားရဲရင် အမ ကြက်သားနဲ့ဖြစ်ဖြစ် တခုခုစီစဥ်ပေးမယ် ခနစောင့်"
လှည့်ထွက်ဖို့ပြင်တဲ့ မပန်းချီလက်ကို တာရာထိုင်ရက်နဲ့ပင် လှမ်းဆွဲလိုက်​တော့ မပန်းချီသူမကိုပြန်လားလှည့်ကြည့်သည်။ ဘာဖြစ်လို့လဲဆိုတဲ့ ဂရုစိုက်တဲ့အကြည့်လေးနဲ့
"ရတယ်မမ ဒါပဲရာရာစားလိုက်မယ် ရာရာမစားဖူးတော့ try ကြည့်ချင်တယ်"
"အင်း အဲ့ဆို စားကြည့် မကြိုက်ရင် ပြော အားမနာနဲ့ ဟိုမှာ ဒကာရှိတယ် ဟိဟိ"
ပြောဆိုပီး ကိုမင်းသိန်းကို မျက်စပစ်ပြကာ တခြားလုပ်စရာတွေရှိသေးပုံရတယ် ထွက်သွားပီ။ တကယ်က တာရာ မစားဖူးလို့ try ကြည့်ချင်တာထက် မပန်းချီက စေတနာနဲ့ကျွေးတာကြောင့် စားချင်တာပိုမှန်သည်။ တကယ်တမ်းစားတော့လဲ ဘာမှ ဆိုးဆိုးဝါးဝါးမဖြစ် အဆင်ပြေသည်။ ပင်လယ်စာစားနေကျမဟုတ်လို့ အရသာကတော့ သူမအတွက်တမျိုးပဲ။
တာရာ အေးဆေးစားသောက်ပီးတော့ ပန်းကန်တွေပြန်သွားထားဖို့အထ မပန်းချီပဲရောက်လာပီး
"လာ တာရာ ဂိမ်းဆော့တော့မှာ လာခဲ့ "
ဆိုပီး ဆွဲခေါ်သွားလို့ လက်ထဲကပန်းကန်ကို နီးရာစားပွဲပေါ်အမြန်တင်ပီး ဒရောသောပါးလိုက်ခဲ့ရသည်။ သူတို့ဘာဂိမ်းကစားမလို့လဲမသိ အကုန်လုံးတော့ စုထိုင်နေသည်။ ဟိုလူကြီးလဲ ပါသည်။
"လာ တာရာ ဒီနားလာ"
မမေဖြူက ခေါ်တာမလို့ တာရာ မမေဖြူနားကပ်ထိုင်လိုက်တော့ ထိုင်ထိုင်ချင်းပင် တယောက်ကျော်က ကိုဝေယံက လက်ထဲကို ပုလင်းတလုံးလှမ်းပေးသည်။ ဘာမှန်းမသိပေမယ့် ပေးနေတာမလို့ယူလိုက်ပီး နမ်းကြည့်လိုက်တော့ အမလေးလေး အရက်လား ဘီယာလား.နံလိုက်တာ....ဖြစ်သွားတဲ့ တာရာ့ရဲ့ ရှုံ့တွတွရုပ်ကို သဘောကျပီး ဟိုလူကြီးကလွဲရင် ကျန်တဲ့သူတွေက ရယ်တော့သည်။ ဟိုလူကြီးကတော့ မျက်ထောင့်နီနဲ့ကြည့်ရတာသူ့တာဝန်အလား မလစ်ဟင်းစေရ။
"ညီမ မသောက်တတ်ဘူးလား"
"ဟင့်အင်း"
ရှုံ့တွတွမျက်နှာနဲ့ပဲ ကိုဝေယံ့အမေးကို တာရာပြန်ဖြေလိုက်သည်။ တကယ်လဲ တသက်လုံးတခါမှမသောက်ဖူးတာပဲကို
"မသောက်တတ်လို့တော့ မဖြစ်ဘူးဟေ့ ဒီဂိမ်းဆော့ရင် သောက်ကိုသောက်ရမှာ"
"အရက်သောက်ပြိုင်ကြမလို့လားဟင် ဒါဆို ရာရာမဆော့...."
အလန့်တကြားထပြောလိုက်တဲ့ တာရာ့စကားကို ကိုဝေယံက ရီချင်နေသည့်မျက်နှာနဲ့ လက်ကာပြကာ တားလိုက်ပီး
"အရက်​တော့ ပြိုင်မသောက်ပါဘူး ကိုယ်တို့တွေလဲ အဲ့လောက်မသောက်နိုင်ကြဘူးရယ် ခုဂိမ်းက ဒီလိုကွာ ပန်းချီပြောပြလိုက် ဟီး"
"သူပဲ ပြောမလိုလိုနဲ့ ဟင်းးးး"
ဘေးကနေ တဟီးဟီးလုပ်နေတဲ့ ကိုဝေယံ့ကို မပန်းချီက မျက်စောင်းတချက်ပစ်ကျွေးပီးသူမဘက်လှည့်ကာ ပြုံးချိုတဲ့မျက်နှာလေးနဲ့
"ဒီလို တာရာရယ် Never have I ever.....? ဆိုတဲ့ ဂိမ်းသိလား"
အထက်တန်းအောင်ပီးသူမလို့ တော်ရုံ အဂ်လိပ်စာတော့ နားလည်ပေမယ့် သူတို့ပြောတဲ့ ဂိမ်းတော့မသိ ဆော့လဲမဆော့ဖူး....ဘယ်ဆော့ဖူးမလဲ အရက်သောက်တမ်းဆော့တဲ့ ဂိမ်းတမျိုးကို ဂေဟာမှာ အရက်သောက်လို့ကတော့ ချက်ချင်းကန်ချခံရမှာ ဘယ်လိုလုပ်သောက်ဖူးမလဲ ဆော့ဖူးမလဲ....သူမ ခေါင်းခါပြလိုက်တော့.... သဘောပေါက်ပီဆိုတဲ့ အထာနဲ့ မပန်းချီက ခေါင်းငြိမ့်ပီး ဆက်ရှင်းပြဖို့ပြင်တော့သည်။ မဆော့တတ်ရင် မပါနဲ့တော့လို့ မပြောဘဲ အစအဆုံးကို သေချာရှင်းပြမယ့်ပုံမျိုး ဆိုလိုချင်တာ ဆော့ကိုဆော့ရမယ်ပေါ့
"ဒီလိုကွာ....ခု လူ ၆ ယောက် ဝိုင်းထိုင်နေတယ် အဲ့ထဲက တဦးချင်းဆီက....သူတို့မလုပ်ဖူးတာကိုပြောရမယ်....မလုပ်ဖူးတာနော် အဂ်လိပ်လိုပြောလဲရတယ် မြန်မာလိုပြောလဲရတယ်.....ပြောပီးရင် ကျန်တဲ့ ၅ ယောက်က ကိုလုပ်ဖူးရင် အရက်တငုံသောက်ရမယ် မလုပ်ဖူးရင်တော့ သောက်စရာမလိုဘူး"
"အမှန်တိုင်းပြောရမှာလား "
"ဒါပေါ့  ဒီဂိမ်းက တယောက်အကြောင်းတယောက်ပိုသိပီး ပိုရင်းနှီးအောင်လုပ်တဲ့ဂိမ်းအမျိုးအစားမလို့ မလိမ်ရဘူး....ကိုယ့်အကြောင်းကိုသူများကိုစပြောရင် အလိမ်အညာကစရင် နောက်နောင် ဘယ်သူက ဘယ်လိုယုံကြည်ရတော့မလဲ ဟုတ်တယ်မလား"
"အင်း..."
မပန်းချီပြောတာ သဘာဝကျသည်မလို့ တာရာ ထောက်ခံသည့်နှယ် ခေါင်းကိုတဖြေးဖြေးချင်းငြိမ့်မိသည်။ သို့သော် အရက်....သူမမှမသောက်တတ်တာ...သူမ စိုးရိမ်တာကို ရိပ်မိတဲ့ပုံနဲ့ မပန်းချီက
"သောက်တာက ပူမနေနဲ့ ဟိုလိုအများကြီးသောက်စရာမလိုဘူးရယ် တငုံလောက်ပဲ စားတိပေါ့ ဒါမဲ့နော် သောက်တော့ သောက်ရမယ်.... ထန်းရည်မူးမှ ကျွဲခိုးပေါ်မှာမလား....မူးမှ အမှန်တွေဆိုတာ ထွက်လာမှာလေ ဟင်း ဟင်းးးး"
နောက်ဆုံးစကားက သူမကိုပြောတာမဟုတ်မှန်း တာရာသိသည်။ သူသိသလို ကိုဝေယံလဲသိသည်မလို့ ဖြီးနေတဲ့ကိုဝေယံ ရုပ်ကြီးချက်ချင်းတည်သွားကာ မပန်းချီနားကပ်ပီး ဘာတေ တွတ်ထိုးနေလဲမသိ ငြိမ်နေတော့သည်။
"ကဲ ကဲ.....ကျတော် မင်းသိန်းကပဲ စလိုက်မယ်နော်.....အဟမ်း....Never have I ever peed in my pants after 5 years old.(ငါးနှစ်ကျော်ပီးနောက်ပိုင်း ဘောင်းဘီထဲ ရှူးပေါက်မချတော့ပါ)"
သူ့စကားဆုံးသည်နှင့် အကုန်လုံးကညတယောက်မျက်နှာ တယောက်ပြီတီတီနဲ့လိုက် ကြည့်ကြသည်။ ဘယ်ကောင်လုပ်ဖူးလဲပေါ့။ ကိုဝေယံက ဘီယာပုလင်းမြှောက်ပြကာ တဂွတ်မော့သောက်လိုက်တော့ မပန်းချီက ထပီး
"ဟင်.....ကိုဝေယံရှင် တကယ်ကြီးလား"
"ဟီး ဟီး.....KG တုံးကကွာ အဲ့ကောင် မဟာပေါ့ ငါရှူးပေါက်ချင်တာ လမ်းဖယ်မပေးပဲ ပိတ်ထိုင်နေတာနဲ့ နေရာမှာတင် ကိစ္စပြတ်သွားတာ.... အဲ့ကောင်မင်းသိန်းတမင်ယုတ်တာ သူ သိသိနဲ့တမင်ပြောတာ"
ကိုဝေယံ့စကားကြောင့် အကုန်လုံးရယ်ပွဲကျကုန်ကြသည်။ မပန်းချီကတော့ ထုထောင်းနေပီး ကိုဝေယံကတော့ ထုံးစံတိုင်း ဟဲဟဲ ဟဲဟဲပေါ့.....ဟိုလူကြီးကို တချက်ခိုးကြည့်မိတော့ သူလဲ ပျော်နေတယ်ထင်ရ...ပြုံးလို့..... ကိုမင်းသိန်းအလှည့်ပီးတော့ နောက်တယောက်က ကိုမင်းသိန်းဘေးက မမေဖြူ
"Never have I ever had sex! (ငါတခါမှ အမျိုးသား/အမျိုးသမီးတယောက်နဲ့ တူတူမနေဖူးဘူး)"
မမေဖြူစကားကြောင့် အကုန်လုံးဝိုင်းကြည့်ကုန်သည်။ ကိုမင်းသိန်းက သွားဖြီးကြီးနဲ့ထပီး
"သဲလေးကလဲ နိုင်ငံရေးတွေမပါနဲ့လေ ဟီး"
ဘယ်လိုပြောပြောပါ ပြောပီးသွားပီမလို့ ကိုဝေယံကော မပန်းချီကော ကိုမင်းသိန်းကော ဟိုလူကြီးကော တယောက်တဂွတ်ဆီမော့သောက်ကြရသည်။ ကိုမင်းသိန်း မျိုချပီးသည်နှင့် မမေဖြူက ခါးကို လိမ်ဆွဲတော့သည်။ မျက်နှာကလဲ ဒီယုန်မြင်လို့ ဒီချုံထွင်တာဆိုတဲ့ အထှာနဲ့ အခန်းထဲရောက်ရင်တော့ ဒီ့ထက်ပိုနာမှာ မြင်ယောင်သေးသည်။ ကဲ သူပီးတော့ တာရာ့အလှည့်ပေမလို့ အကုန်လုံးက သူမကို ကြည့်နေကြသည်။ တာရာလဲ ဘာပြောရမှန်းမသိသေးတုံး စိတ်ထဲပေါ်လာတာတခုထပြောလိုက်သည်။
"Never have I ever been loved.(ငါတခါမျိအချစ်မခံရဖူးဘူး"
တာရာ့စကားကြောင့် အကုန်ငြိမ်ကျသွားတာ ခုနကလို ရယ်ပွဲကျခဲ့တာ သူတို့တွေမဟုတ်တဲ့အတိုင်းပင်။ ကျန် ၄ ယောက် တယောက်ကိုတယောက်ကြည့်ပီး ဘာပြောရမှန်းမသိတော့ပဲ အလျှိုလျှို လက်ထဲက ဘီယာပုလင်းကို မော့သောက်လိုက်ကြသည်။ အင်းပေါ့လေ အတွဲကိုယ်စီနဲ့ပါဆို အချစ်ခံရဖူးတာပေါ့။ အားလုံးထဲ အေးဆေးဖြစ်နေတာတော့ မဟာတဦးသာလျှင်....သူမကို မျက်လုံးများမှေးစင်းပီး ကြည့်ကာ လက်ထဲက ဘီယာပုလင်းကို မော့သောက်လိုက်သည်။ သူလဲအချစ်ခံရပါတယ်ပေါ့ ဂုဏ်ဆာပြတာ ဂုဏ်ဆာပြတာ။ သူ့ရည်းစားရှိတာ တိုင်းသိပြည်သိပဲကို.....သူမအလှည့်ပီးတော့ ဘေးက မပန်းချီအလှည့်
"Never have I ever got heartache"
လက်ထဲက ဘီယာပုလင်းကိုကိုင်ကာ ကိုဝေယံ့နား ယမ်းပြလိုက်တာ.... ဒီမေးခွန်းက သူ့အတွက် ဖြေစမ်းပဲပေါ့.....
"ဖြေစမ်း ဟျောင့် ညာရင် ဖော်မှာနော် ဟီးဟီး"
ရာသီဥတုကမှမကောင်းပါဘူးဆို မင်းသိန်းက မီးလောင်ရာလေပင့်.....အားလုံးက ဝေယံ့ကိုပဲ စုပြုံကြည့်တော့ အီးမှန်ထားတဲ့ မျက်နှာနဲ့ လက်ထဲက ဘီယာပုလင်းကို မော့သောက်လိုက်တဲ့ ဝေယံ
"မင်းသောက်မှ သောက်ပါ့မလားလို့ ဟားဟား"
" ဒါ တမင်လုပ်တာ "
"အော် ရှင်ပြောတော့ ဘယ်သူမှ ရှင့်ကို အသဲမခွဲဖူးပါဘူးဆို.....ညာတာပေါ့လေ ဟုတ်လား"
"အဲ့တာကလေ.....ဟီး "
ခပ်စွာစွာလေး ရန်တွေ့နေတဲ့ မပန်းချီကို မျက်နှာချိုသွေးကာ ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ချော့နေရသည့် ဝေယံ့ကိုကြည့်ကာ ကျန်တဲ့သူတေ ပြုံးမိသည်။ ကဲနောက်တယောက်ကတော့ ကိုဝေယံကိုယ်တိုင်ပါပဲ
"Never have I ever regretted for the things I did on purpose.(သိသိတဲ့ တမင်လုပ်ခဲ့တဲ့ ကိစ္စတွေအပေါ် နောင်တရတာမရှိခဲ့ဖူးဘူး)"
ကိုဝေယံ့စကားအဆုံးမှာ အကုန်လုံးက သူတို့များရှိလေသလား စဥ်းစားနေဟန်တူသည်.....မလှုပ်ကြသေး။ ဒီတခါ စတင်လှုပ်ရှားလိုက်တာတော့ တာရာကိုယ်တိုင်ပင်.....လက်ထဲကိုင်ထားတဲ့ ဘီယာပုလင်းကြီးကို မော့သောက်ပစ်လိုက်သည်။ အရသာက ဆိုးဝါးလွန်းလို့ စားပီးသမျှတွေတောင် ပြန်အန်ချင်မိသည်။ ခါးတူးပီး ပူလောင်နေတာပဲ နံကနံသေး...ဒါကိုလူတွေဘယ်လိုစိတ်နဲ့များ အရသာခံသောက်ကြလဲမသိ။ သောက်သာသောက်လိုက်ရတာ တော်တော့်ကို မခံချိမခံသွားရသည်။ သူမရဲ့ပထမဆုံးသော အရက်သေစာသောက်ခြင်းကတော့ ဤကဲ့သို့စတင်ခဲ့သည်ပေါ့။
မဟာ ရုတ်တရက်ကောက်သောက်လိုက်တဲ့ ဟိုငတိမကြောင့် သူကများ ဘာတွေနောင်တရနေလဲလို့တောင် ခပ်ချဥ်ချဥ်တွေးမိလိုက်သည်။ နောက်တော့လဲ ဂိမ်းကဂိမ်းပေမလို့ သောက်ရမလား မသောက်ရမလား စဥ်းစားရတော့သည်။ ကျန်သူတွေကတော့ အလျှိုလျှိုသောက်ကုန်ကြပီ။ သူကတော့သေချာစဥ်းစားလိုက်တော့ ဘဝမှာ နောင်တရတဲ့ကိစ္စမရှိ အထူးသဖြင့် တမင်ရည်ရွယ်ပီးလုပ်ခဲ့တဲ့ကိစ္စတွေကိုပေါ့.....အဆုံးမှာတော့ သူတယောက်သာမသောက်ဘဲကျန်ခဲ့သည်။ ဒါကို ဝေယံက
"သားကြီး သေချာလား"
"ဒီ့ထက်သေချာတာမရှိတော့ဘူး"
"အေးပါကွာ ဟုတ်ပါပီ ကဲ မင်းအလှည့်"
"Never have I ever given up on my girlfriend.(ငါ့ကောင်မလေး/ကောင်လေးကိုဘယ်တော့မှ လက်လွှတ်ဖူးတာမရှိဘူး)"
ပြောချင်တာ ဘယ်သောအခါမှ အဆုံးရှုံးခံမှာမဟုတ်ဘူးပေါ့ ဘယ်တုံးကမှလဲ ဆုံးရှုံးဖူးတာမရှိဖူးဘူးပေါ့.....ဟုတ်မှာပါလေ ခုထက်ထိတိုင်အောင် သူ့ချစ်သူနဲ့က အဆင်ပြေနေကြသေးတာပဲကို သူမှန်တယ်.....တာရာ ဘာရယ်မဟုတ် ဂွပ်ခနဲမော့သောက်လိုက်တော့ ဘေးကလူတွေအကုန်လုံးက သူမကိုငေးကြည့်နေကြသည်။ မနေနိုင်တဲ့ ဝေယံကပဲထပီး
"တာရာက ရည်းစားထားဖူးလား"
"ထပ်ဆင့်မေးခွန်းတွေမမေးကြေးဆို အဟင်းးးး"
ဟုတ်သား သူတို့ပဲ သတ်မှတ်ထားတာ ထပ်ဆင့်မေးခွန်းတွေမမေးဖို့....
မဟာ ဟိုငတိမမော့သောက်လိုက်တာမြင်တော့ ဒီငတိမ တွေ့လား မူးတော့ ဇာတိကပြလာပီ....ခုမှအသက်က ၁၈မပြည့်သေးဘူး ရည်းစားကထားဖူးနှင့်ပီ....သူ့ကိုတမင်အကွက်ချယူတာ တမင်ကြံစည်တာဟုသာ ပိုမိုယုံကြည်လာမိသည်။

တာရာ့အတွက် ထိုညကတော့ တကယ့်ကို တယောက်အကြောင်းတယောက်သိရတဲ့ ညလေးတညဖြစ်ခဲ့ရသည်။ တလှည့်ပီးတလှည့်ကစားကြရင်း ရီစရာများပါရင်ရီလိုက် အတိတ်ကိုသတိရစေတာဆိုရင်ဆွေးလိုက်နဲ့ ရသကိုစုံလို့.....တာရာကိုယ်တိုင်ပင် တော်တော်များများကိုသောက်လိုက်ရသည်။ သောက်လေ့သောက်ထလဲမရှိ.. မသောက်ဖူးတာမလို့ အတော့်ကိုမူးနေပီ ထပင်မထနိုင်လောက်အောင်တော့မဟုတ်....ဟိုလူ့ကြည့်တော့ တော်တော်ကျိုးနေပီ....ကိုဝေယံပြောတာတော့ အစာသိပ်မစားဘဲသောက်လို့ အဲ့လောက်မူးတာဆိုလားတော့ ကြားလိုက်သည် သိပ်တော့မသေချာ ကိုယ်တိုင်လဲ ရီဝေဝေဖြစ်နေတော့။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now