အချိန်အတော်ကြာ ပြင်ဆင်လာခဲ့သည့် ချင်ကျန်းက ယွမ်မုန်ကို လက်ဟန်ပြလိုက်ပြီး၊ပရိုဂျက်တာဘေးရှိ ကွန်ပြူတာ စားပွဲဆီသို့ အမြန်သွားလိုက်သည်။

ရှီးဝေက အခြေအနေအရိပ်အကဲကို ကြည့်နေရင်း  လူအိုကြီးရှီ နဲ့ သူယောကျ်ား မတားတာကို တွေ့တော့ သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ

"နေအုံး၊ မင်းက အပြင်လူလေ..."

သူမ ချင်ကျန်းကို မတားနိုင်လိုက်ခင် ယွမ်မုန်က အလိုအလျောက်သဘောပေါက်သွားပြီး ရှေ့သို့ လှမ်းကာ သူမလက်ကို နောက်ကျောမှာ လိမ်ပလိုက်သည်။

ယွမ်မုန်က စစ်မှုထမ်းဖူးတာကြောင့် သူ့ခွန်အားမှာ အားနည်းမနေပေ။

ရှီးဝေကတော့ ဖူးဖူးမှုန်ခံထားရသည့် လူချမ်းသာ အမျိုးသမီးဖြစ်တာကြောင့်၊ ဒီလို အကြမ်းပတမ်းခွန်အားကို ခံနိုင်ရည်မရှိပေ။ သူမရဲ့ လက်မောင်းမှာ ချက်ချင်း နီရဲသွားပြီး နာလွန်းတာကြောင့် မျက်ရည်များပင် ဝဲလာတော့သည်။

ကျန်းယွင်က သူမကိုကူညီဖို့ အမြန်ပြေးလာပြီး ယွမ်မုန်ကို မေးလာသည်။ "ရှင်ကဘယ်သူလဲ? အားနွဲ့တဲ့ မိန်းမသားကို ဘာလုပ်တာလဲ?"

"အားနွဲ့တဲ့ မိန်းမသား?"  ရှီယွင်နန်က စိတ်ဝင်စားစရာ စကားလုံးလေးကြားသလို ပြန်မေးခွန်းထုတ်လိုက်သည်။

သူက ယွမ်မုန်ကို နောက်ဆုတ်ရန် မျက်ရိပ်မျက်ခြေပြလိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ အလွန်ချစ်နေကြသည့် ညီအစ်မတွေကို ကြည့်လိုက်သည်။ "ကျန်းယွင်၊ ခင်ဗျားကိုယ်တိုင်ကလည်း အငယ်အနှောင်းဖြစ်လို့ ရှီးဝေနဲ့ အခုလိုအကြာကြီး ပေါင်းနိုင်တာမလား?"

ဆူးချွန်ကဲ့သို့ စကားလုံးများမှာ မိန်းမနှစ်ယောက်ကို ပါးရိုက်နေသလိုမျိုးဖြစ်နေ၏။

သူမကိုပါ မီးစွဲအောင်လုပ်မယ်မထင်ထားတာကြောင့် ကျန်းယွင် မျက်နှာ နီရဲသွားတော့သည်။ "ရှီယွင်နန်၊ မင်းက ငယ်ပါသေးတယ်။ ဘာလို့မင်းပါးစပ်က အခြေအမြစ်မရှိတဲ့ သွားပုပ်လေလွင့်စကားတွေနဲ့ပဲ ပြည့်နေရတာလဲ?"

"ဟုတ်လား? အပြင်လူတစ်ယောက်အနေနဲ့ မစ္စကျန်းယွင်က ရှီမိသားစုအတွင်းရေးတွေ အရမ်းသိနေတာပဲနော်။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now