အခန်းထဲကထွက်လာပြီး ကိုကို့ကိုလိုက်ရှာပေမဲ့မတွေ့တာမလို့ ကိုကို့အမေကိုလိုက်ရှာရသည်။ အိမ်ရှေ့က စားပွဲခုံမှာချည်ထိုင်ထိုးနေတဲ့ကိုကိုအမေက ချည်ထိုးရတာလည်းဝါသနာပါတယ်ထင်ပါရဲ့။

"မေမေ"

မေမေလို့သာပါးစပ်ကခေါ်လိုက်ရပေမဲ့ စိတ်ထဲနေရတာကမပြေပေ။ ပါးစပ်ကပဲကျင့်သားမရလို့ပဲများလားမသိ..နောက်ကျလို့ခေါ်ပါများရင်တော့ ပြေသွားမည်ထင်ပါတယ်။

"အော် Taehyungလေး..လာထိုင်လေ"

"ဟုတ်ကဲ့"

"မေမေ ဘာထိုးနေတာလဲ"

"ဒီတိုင်းပါပဲ စားပွဲခင်းလေးထိုးနေတာပါ"

ထိုးနေတဲ့လက်က သိုးမွေးအကွက်တွေကိုကြည့်ရတာ အနုစိတ်သေချာထိုးရမည့်ပုံပင်။ Taehyungလည်းအရင်ကထိုးတတ်ချင်လို့ သင်ခဲ့ဖို့လုပ်ပေမဲ့ နောက်ကျမလုပ်တတ်လို့လက်လျှော့လိုက်ရတာပင်။

"သားလည်း ထိုးဖို့လေ့လာသေးတယ်..ဒါပေမဲ့ ခက်လို့မသင်တော့တာ ဟီး"

"လွယ်ပါတယ်..Taehyungလေး သင်ချင်နောက်ကျသင်ပေးမယ်လေ"

"ဟုတ် "

ကိုကိုက အပြင်သွားတာများလားပဲ။ ခုထိအရိပ်အယောင်တောင်မတွေ့ရ။ အပြင်သွားတာတောင် အကြောင်းလာမကြားနိုင်တဲ့ကိုကို့ကို ပိုစိတ်ဆိုးပစ်ချင်မိပေမဲ့ စိတ်ဆိုးရမည့်ကိုကိုက ဘယ်ရောက်နေမှန်းမသိတာမလို့ စိတ်ဆိုးမရပြန်ပေ။ ကိုကိုဘယ်သွားတာလဲကိုတော့ ကိုကိုအမေသိမည်ထင်တာမလို့ ကိုကို့အမေကိုပဲမေးဖို့ဆုံးဖြတ်လိုက်တော့သည်။

"မေမေ..ဟိုဟာလေ..ကိုကိုကဘယ်သွားတာလဲဟင်"

"အော် ... Jinaဆီသွားတာလေ"

"ဗျာ၊? ကိုကို့ရည်းစားဟောင်းJinaလား"

"ဟုတ်တယ်လေ. သားကိုကိုနဲ့Jinaနဲ့က ဘာဇယားအရှုတ်အယှက်မရှိတော့ပါဘူး သားစိတ်ချလို့ရပါတယ်"

ကိုကိုက Jinaဆိုတဲ့ရည်းစားဟောင်းဆီကိုသွားတယ်ဆိုတာသိလိုက်ရတော့ နဂိုကတည်းက သဝန်တိုနေမိတဲ့မီးကပိုလို့တောင်လောင်မြိုက်လာသည်။ ရည်းစားဆိုတဲ့အကန့်တွေမရှိတော့တောင် သဝန်တိုတဲ့စိတ်ကိုတော့ထိန်းချုပ်လို့မရပေ။ လူဆိုတာကိုယ်ချစ်ရသူနဲ့  ချစ်ကြိုက်ဖူးခဲ့တဲ့လူကို အနည်းနဲ့အများတော့ သဝန်တိုတတ်ကြတာပဲလေ။ Taehyungလို ဆယ်ကျော်သက်အရွယ်အချစ်နဲ့‌စထိတွေ့ဖူးတဲ့ကောင်လေးက သဝန်တိုတယ်ဆိုတာကိုတော့ အပြစ်တင်ဖွယ်ရာမရှိပေ။ ငယ်ရွယ်ချိန်မှာတော့ အချစ်ကိုရုးသွပ်ဖူးကြတာပါပဲလေ။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now