အခန်း ၄၁ အလည်သွားခြင်း

Start from the beginning
                                    

ကုမ္ပဏီ၏ ရုံးခန်းဟာ သေးငယ်သည်ဟု
မယူဆနိုင်သော်လည်း ဝန်ထမ်း အများအပြားမရှိ
အဘယ်ကြောင့်ဆိုသော် လူးရှပ်စ်သည်
ဖျော်ဖြေရေးကိစ္စ ၊  ဈေးကွက်စီးပွားရေး ၊
အဝတ်အစားစသည်ဖြင့် မတူညီသောစီးပွားရေးလုပ်ငန်းများစွာ၌ လုပ်ကိုင်ထားသော
ကုမ္ပဏီခွဲများစွာကို ပိုင်ဆိုင်ခြင်းဖြစ်၏
၎င်းကို နားလည်နိုင်ပါတယ်

ဂျူလီယမ် သည်  လူးရှပ်စ်ကိုစောင့်ဆိုင်းရန်ထိုင်‌နေရင်း ဧည့်ခံဝန်ထမ်းက "လက်ဖက်ရည်
ဒါမှမဟုတ် ကော်ဖီသောက်ချင်လား" လို့မေးခဲ့ပါတယ်

ဂျူလီယမ် က "ကျေးဇူးတင်ပါတယ်
ကိုယ့်ကိုကိုယ် ဒုက္ခမပေးနဲ့ "

သို့သော် အံ့အားသင့်သွားကာ ဧည့်ကြိုသည်
ရေသန့်ဗူးကို ယူဆောင်လာကာ
"ရေ‌‌က ‌တော့ အဆင်ပြေလိမ့်မယ်လို့‌တော့
မျှော်လင့်ပါတယ်"

ဂျူလီယမ်က ဝမ်းသာအားရနဲ့ "အဲဒါလည်း အဆင်ပြေပါတယ်  ကျေးဇူးတင်ပါတယ်! "

သူ ရုတ်တရက် လူ့အဖွဲ့အစည်းနှင့် အကြာကြီး အဆက်အသွယ် ပြတ်နေသလားဟု
ရုတ်တရက် မေးခွန်းထုတ်ခဲ့သည်။
အခုခေတ်မှာ ဧည့်ခံရေးသမားတွေ အားလုံးက
ချစ်စရာကောင်းနေသလားလို့ပါ !

ဧည့်ခံက ထွက်သွားပြီး မကြာခင်မှာပဲ စီးပွားရေးဆန်ဆန် ၀တ်စုံနဲ့ အရပ်ရှည်ရှည် ခပ်ချောချော
လူတစ်ယောက် သူ့ရုံးခန်းထဲက ထွကိလာတယ်
"မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"

ဂျူလီယမ်က အမြန်ထရပ်လိုက်ပြီး "ဘာလို့လဲ
မင်း ပျော်မသွားဘူးလား"

လူးရှပ်စ်က ခပ်ဖျော့ဖျော့ပြုံးကာ
"ကိုယ် အရမ်းပျော်ပါတယ်၊ မင်းကိုဒီမှာ
တွေ့ရတာ‌ကို‌တောင် ကိုယ် အံ့ဩနေတာပါကွာ "
ဂျူလီယမ် နှင့် လူးရှပ်စ် တို့သည် သူ့ရုံးခန်းဆီသို့
ဘေးချင်းကပ်လျက် လျှောက်သွားခဲ့ကြသော်လည်း ထိုင်ပြီး စကားမပြောရခင်၌ လက်ထောက်တစ်ဦးမှ
တံခါးကို လာခေါက်လာခဲ့ပါတယ်
- "အနှောင့်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ်ပါခဗျ
ဒါပေမယ့် ဆရာ့ ရဲ့နောက်ထပ်အစည်းအဝေးက
နောက်ငါးမိနစ်‌လောက်‌နေရင် ရောက်ပါတော့မယ်
မစ္စတာ ဗယ်လယ်တီးနပ်စ် "

ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလိန်အိုမီဂါလေးဖြစ်လာ [ Rebirth; System ] Volume I Where stories live. Discover now