ကျန်းယွင်က ထပ်မေးလာသည်။ "ဒါနဲ့၊ အရင်တခေါက် ဝမ်ရိပေနဲ့တွေ့ပြီးတော့ သူနင့်ကို ကွယ်ရာမှာ ထပ်မနှောင့်ယှက်ဘူးမလား?"

ရှီးဝေက အောင်ပွဲခံသလို သရော်လာသည်။ "ဟင့်အင်း၊ အဲ့ကောင်မရဲ့ ပေါက်လို့ပဲစား သားတွေက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ? ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ဒီနေ့က အဲ့ကောင်မရဲ့ မွေးနေ့လေ။"

အရင်တုန်းကတော့ ဒီလိုနေ့မှာ ရှီရှန်းက ​​"ခင်ပွန်းကောင်း" အယောင်ဆောင်ဖို့ ဝမ်မင်ရဲ့ မွေးနေ့ပွဲကို အပြေးအလွှားလာခဲ့ရဖူးသည်။

"သူသေပြီးတာတောင် သူ့ကို အရှက်ခွဲချင်သေးလို့ တမင်ဒီနေ့ ရွေးခဲ့တာ။ ဒီနေ့ ငါ့သားက ရှီမိသားစုကို ဘယ်လိုလက်လွှဲယူမလဲဆိုတာကို အဲ့မိန်းမပျက်ကို မြင်စေချင်တာ။"

သူမ စကားမဆုံးခင်မှာပဲ နှင်းခဲလိုအေးစက်သည့် အသံတစ်သံ ထွက်လာသည်။

"ရှီးဝေ၊ ခင်ဗျား ဝဋ်လည်မှာ မကြောက်ဘူးလား?"

"....."

ရှီးဝေ လှည့်ကြည့်လိုက်တော့ သူမကိုသေမတတ်ကြောက်လန့်သွားစေတဲ့ ရှီယွင်နန်ကို တွေ့လိုက်ရ၏။ "နင်..နင်က ဘာလို့ ဒီရောက်နေတာလဲ? ဘယ်တုန်းက ရောက်လာတာလဲ?"

"ဘာလဲ ကျွန်တော်က ဒီရှီမိသားစုရဲ့ ဧည့်ခံပွဲကို လာဖို့ အရည်အချင်းမပြည့်မှီဘူးလား?" ရှီယွင်နန် ပြန် ခနဲ့လိုက်သည်။ သူ့မျက်လုံးထဲရှိ အေးစက်နေသည့် ရေခဲတွေမှာ လူကိုအရှင်လတ်လတ် အေးခဲနိုင်စေလေသည်။

"ခင်ဗျားက အရမ်းလေးလေးနက်နက်တွေပြောနေတော့ ဝင်ပြောရမှာတောင် အားနာတယ်။"

"....."

သူခိုးဖြစ်သည့် ရှီးဝေကတော့ လိပ်ပြမလုံမလဲဖြစ်သွားကာ၊ သူ့ဘေးနားရှိ သူ့သူငယ်ချင်းအား အကူညီတောင်းရန် လှမ်းကြည့်လိုက်သည်။

ကျန်းယွင်က သူမအကြည့်ကိုတွေ့တော့ စကားပြောရာတွင် အဆူးတွေထည့်လာ၏။ "ဒုတိယသခင်လေးရှီက နိုင်ငံခြားမှာ ထိန်းမရသိမ်းမရလို့ ကျွန်မအမြဲ ကြားနေခဲ့ရတာ၊ အခုတွေ့မှပဲ တကယ်ယုံတော့တယ်။ မင်းက အသံမပေးဘဲ လူကြီးတွေစကားပြောတာကို ခိုးနားထောင်နေတာပေါ့?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now