57.2

12.5K 2.3K 159
                                    

Unicode

ပွဲစဖို့နီးနေပြီ ဖြစ်သဖြင့် ခန်းမထဲတွင် လူတဖြေးဖြေးများလာသည်။

တစ်ဦးတည်းသော အိမ်ရှင်မဖြစ်သည့် ရှီးဝေကတော့ ခန်းမထဲတွင် လူအုပ်ကြီး၏ ချီးကျူးစကားကို လက်ခံနေပြီး၊ ဧည့်ခံနေလေသည်။

"ဂုဏ်ယူပါတယ်ဟယ်၊ ဒီလောက်နှစ်တွေကြာတော့ နင်ကြိုးစားထားတွေ ဖြစ်ထွန်းလာပြီပေါ့။ ရှောင်ယွဲ့သာ ရှီမိသားစုကို လက်လွှဲယူပြီး အာဏာအတည်တကျ ရသွားရင် နင်လည်း တရားဝင် မစ္စရှီဖြစ်တော့မှာ။"

ရုပ်ချောပြီး ချမ်းသာသည့် အမျိုးသမီးတစ်ဦးလည်းရောက်လာကာ သူမက အသံတိုးတိုးလေးဖြင့် ချီးကျူးလာသည်။ "ကောင်းတဲ့ နေ့လေးတွေရောက်လာတော့မယ်ပေါ့၊ အားကျလိုက်တာဟယ်။"

ထိုအမျိုးသမီးမှာ ကျန်းယွင်ဖြစ်ပြီး ရှီးဝေးနှစ်ပေါင်းများစွာ ခင်လာသည့် အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ ရှီးဝေလိုပင်၊ သူမကလည်း ငယ်ငယ်ကတည်းက အိမ်ထောင်ရှင်တစ်ဦးကို အပိုင်ချုပ်နိုင်ခဲ့၏။ နှစ်ပေါင်းများစွာကြာ အငယ်အနှောင်းဖြစ်လာခဲ့ပြီးနောက်၊ သူမက ထိပ်ဆုံးသို့ရောက်အောက် ချောချော့မွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့သည်။

သူမစကားကိုကြားတော့ ရှီးဝေက မြှောက်ပင့်စကားဆိုလိုက်သည်။ "ဒီနှစ်တွေမှာ၊ နင်က ငါ့ထက် ပိုသက်သာပါတယ်ဟာ။ ငါလိုမျိုး ကျန်းမာသန်စွမ်းနေတဲ့ ယောက္ခမ မရှိဘူးလေ။"

"အဲဒါက ဘာများကောင်းလို့လဲ? ငါမှ ကလေးမရနိုင်တာ..." ကျန်းယွင်က ပြောနေရင်း သူမမျက်လုံးထဲတွင် ခါးသီးသည့် အရိပ်အယောင်များ ပေါ်လာသည်။ "ငါ့ယောကျ်ားက ငါ့ကွယ်ရာမှာ ဖောက်ပြန်နေတယ်လို့ ခံစားနေရတယ်။"

ရှီးဝေရဲ့မျက်နှာ အမူအယာမှာ ပြောင်းသွား၏။ "အဓိပ္ပာယ်မရှိတာတွေမပြောနဲ့လေ။ သက်သေရထားလို့လား?"

ကျန်းယွင်က ခေါင်းယမ်းကာ ခုနက အကြောင်းအရာကိုပဲ ပြန်ပြောလာသည်။ "နင်က ငါ့ထက်စာရင် ကံကောင်းပါတယ်ဟယ်၊ ရှောင်ယွဲ့က အလားအလာကောင်းတဲ့ ကလေးပဲကို။"

"ဟုတ်တယ်၊ ငါအရင်က အရမ်းတုံးတာကို ဒီလို ထူးချွန်တဲ့ ကလေးလေး ဘယ်လိုမွေးလာလဲ မသိပါဘူးဟယ်။" ရှီးဝေက သူ့သားအကြောင်း ပြောလာတဲ့အခါ ပိုဂုဏ်ယူသလို ခံစားနေမိ၏။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now