ရှီယွင်နန်က သူ့ဘေးနားရှိ နေရာလွတ်လေးကို ပုတ်လိုက်ပြီး ရွှေငါးလေးကို ထိုင်ခိုင်းလိုက်၏။  သူက ကိတ်မုန့်သေးသေးလေးကို ကောက်ယူလိုက်ကာ

"တူတူစားကြမလား?"

"ဟုတ် ဟုတ်!"

ရွှေငါးလေးက ရှီယွင်နန်ဆီ ခက်ရင်းကမ်းပေးလာပြီး သူ့ပါးစပ်လေးကို ဟလာသည်။ "အာ—"

ရှီယွင်နန်က သေချာပေါက် ကလေးနဲ့ ပြိုင်လုစားနေမယ့်သူမဟုတ်။ သူက ကိတ်မုန့်တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ပေးလိုက်သည်။

ရွှေငါးလေးက ကျေကျေနပ်နပ်ကြီး စားနေရင်း သူ့လည်ပင်းကို စူးစူးဝါးဝါးစိုက်ကြည့်လာသည်။

"...ရှောင်ရှုးရှုး၊ ဒီနားမှာ ဘာလို့အရမ်းနီနေတာလဲ?"

ရှီယွင်နန်က ကော်ဖီစားပွဲရဲ့ရောင်ပြန်မှန်ကိုသုံးကာ သူညွှန်ပြရာနေရာသို့ ကြည့်လိုက်၏။ သို့သော်  ရုတ်တရက် သူဘာပြောရမှန်းမသိတော့။

အခန်းထဲမှာ နည်းနည်းပူနေတာကြောင့် လည်ပင်းသိပ်မဖုံးတဲ့ အင်္ကျီကို ရှာဝတ်မိခဲ့သည်။ ရလဒ်အနေနဲ့၊ မနေ့ညက မရေမရာသဲလွန်စအချို့မှာ အတော်လေး ပေါ်လွင်နေလေသည်။

လော့လင်းရှန်း ဘယ်တုန်းက လုပ်သွားတာလဲ? သူဘာလို့ မသိလိုက်တာလဲ?

"ခြင်ကိုက်တာပါကွ။ ခဏလေးနဲ့ ပျောက်သွားမှာ။" ရှီယွင်နန်က ရွှေငါးလေးပါးစပ်ထဲ ကိတ်မုန့်လေးထည့်ကျွေးလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

ရွှေငါးလေးက ခေါင်းညိတ်ပြလာပြီး၊ ရုတ်တရက် အိပ်ခန်းတစ်ဝိုက်ကို လိုက်ကြည့်နေ၏။

ရှီယွင်နန်ကတော့ သူတခြားအတွေးတွေ တွေးနေမှာစိုးရိမ်သွားပြီး ချက်ချင်းပဲ ဖြတ်မေးလိုက်သည်။

"ရွှေငါးလေးက ဘာကိုကြည့်နေတာလဲ?"

"ရှူးရှုးထလာတုန်းကလည်း ခြင်ကိုက်တာဆိုပြီး ပြောခဲ့လို့။"

ရွှေငါးလေးက ဒီစကားကို သေချာပေါက် ယုံကြည်ထားပြီး သူ့မျက်လုံးများက အခန်းတွင်းရှိ ခြင်များကို ရှာနေသည်။ "ကြောက်စရာကြီး!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now