မောင်ကလေ တကယ်ကို ကလေးစိုးကြီးပါ။ကျောင်းလဲမတက်တာ အခုဆိုသုံးပတ်ရှိသွားပြီ....ပြောလိုက်တော့ Switzerlan မှာတက်မှာတဲ့ အဲ့အတွက် ပြင်ဆင်ပြီးပြီတဲ့လေ...။"မောင် အဲ့တာဆို မောင် Switzerland သွားရမှာပေါ့နော်"
ခြံထဲက ဒန်းမှာမောင်နဲ့အတူဝင်ထိုင်ရင်းမေးလိုက်တယ်။
"မောင်လို့...."
စိတ်မရှည်တဲ့အသံ နဲ့ခေါ်လိုက်တော့ မောင်ကလှည့်ကြည့်လာတယ်။"အေး...မောင် Switzerland လိုက်ခဲ့ပါလားဟင်"
မောင်က တောင်းဆိုတဲ့ပုံစံ မျိုးနဲ့ပြောလာတယ်။
မောင့် အတွက်အေးက ဝန်ထုတ်ဝန်ပိုးများ ဖြစ်နေပြီလား။"မောင် အတွက် အေးကဘာလဲဟင်..."
"မောင့်အတွက်အေးက ဘုရားပေးတဲ့ဆုပဲ....မောင့်အတွက်အရာရာပဲ....အေး မောင့်ကို မုန်းလား?"
မောင်က မျက်ရည်ဝဲလျက် ပြောတယ်...။
မောင်က ဘာလို့အဲ့လိုပြောရတာလဲ....။"အင်း......မောင်သာ အေးကို တစ်ခုခု ဖုန်းကွယ်ထားရင်ပေါ့...."
အေးမောင့်ကို ခပ်တည်တည်ပြန်ဖြေလိုက်တယ်....။
မောင်က တခုခု ဖုန်းကွယ်ထားသလိုခံစားရတယ်...။"မောင်က အေးကိုစိတ်ပူနေလို့ပါ ...မောင်အေးကို ဘာမှ မဖုန်းကွယ်ထားပါဘူး...အေးသာ မောင့်ကိုအများကြီးချစ်ပေးနော်"
"အဲ့လောက်ကြီးမချစ်ပေးပါဘူး မောင်ရယ်....အများကြီးချစ်တဲ့သူက...အများကြီးနာကျင်ရတယ်လေ...."
"လိုက်ခဲ့ပါ အေးရယ်...မောင်အေးကိုစိတ်မချလို့ပါ..."
အရင်က အခြေအနေဆိုရင်မောင်က အတင်းခေါ်သွားပေမဲ့ အခုကမောင်က တောင်းစိုနေတယ်....။
"မောင်...မောင့်ကို မမုန်းပါဘူး....ဘယ်တော့မှလဲ မမုန်းတော့ဘူး....မောင်သိလားအေးက Switzerland က တောင်ကုန်းတွေ တောင်တန်းတွေကို သဘောကျတယ်....."
.
.
.
At Switzerland,မောင်က Switzerland မှာကျောင်းတက်မယ်ဆိုတော့ အေးမှာ ပြင်သစ်က ဆေးရုံကို ချန်ထားခဲ့ရတယ်။ဆေးရုံအုပ်ကလဲ ဘယ်ချိန်ထဲ မောင်နဲ့သိနေမှန်းမသိဘူး။မောင်ကအေးနဲ့ရည်းစားဆိုတာ ဆေးရုံအုပ်ကို ပြောလိုက်တော့ မောင်က အဆင်ပြေတယ်တဲ့ ဆေးရုံ အုပ်ကလဲ နားနားနေနေ အေးဆေးနေပါတဲ့ ။မောင်က မလုပ်နိုင်တာဘာမှမရှိဘူး။ဒါက အ့မခန်းပဲလေ ဆယ်ကျော်သက်အရွယ်က အ့လောက်လုပ်နိုင်ပါ့မလား။