အပင်များစုဝေးနေသော ကျယ်ဝန်းသည့်ဧည့်ခန်းတစ်ခုကိုဖြတ်ကျော်လာခဲ့သည်။ နံရံတစ်ဖက်တွင် အဖြူအမည်းအုတ်ကြွေပြားများဖြင့်ပြည့်နေပြီး အရောင်တူခေါင်းအုံးနှစ်လုံးနှင့်အတူ အဖြူရောင်ဆိုဖာတစ်လုံးရှိနေ၏။ ရွှီလျန်သည် မီးဖိုချောင်သို့သွားကာပန်းကန်တစ်ချပ်ကိုယူ၍ ဆိုဖာရှေ့ရှိကော်ဖီစားပွဲပေါ်တွင်တင်လိုက်သည်။ သူမက မတ်တပ်ရပ်နေသောရှန့်ချန်ခုန်းဘက်သို့လှည့်ကာဆို၏။

"လာထိုင်လေ"

"အာ ဟုတ်"

ရှန့်ချန်ခုန်း နည်းနည်းရှက်သလိုခံစားနေရသည်။ သူ့အဝတ်အစားတွေက သူမ၏သန့်ရှင်းလှသောဆိုဖာကို ညစ်ပတ်သွားမှာကိုစိုးရိမ်နေသဖြင့် သူက အစွန်းနားလေးမှာသာထိုင်လိုက်၏။ ရွှီလျန်သည် ကော်ဖီစားပွဲအနားမှာဆောင့်ကြောင့်ထိုင်လျက် အစားအသောက်ထည့်ထားတဲ့ဘူးကိုဖွင့်ပြီး အချောင်းတစ်ချောင်းကမ်းပေးလိုက်သည်။

"ဒီမှာအမဲသားချောင်း"

"ကျေးဇူးတင်ပါတယ်"

ရှန့်ချန်ခုန်း လက်ခံလိုက်သော်ငြားလည်း မစားခဲ့ပေ။

ရွှီလျန်က စားစရာတွေအကုန်လုံးကို ပန်းကန်ပြားပေါ်ပြောင်းထည့်၍ ဘူးကိုအဝေးလွှင့်ပစ်ရန်မတ်တပ်ထရပ်ကာမေး၏။

"ရှင်ဘာသောက်ချင်လဲ"

ရှန့်ချန်ခုန်း ခေါင်းယမ်းလျက်

"မလိုတော့ပါဘူး"

ရွှီလျန်သည် မီးဖိုချောင်ထဲသွားနေရင်း တစ်ခဏတွေးနေခဲ့၏။ ထို့နောက် တစ်ခုခုရှာရန် သူမရေခဲသေတ္တာကိုဖွင့်လိုက်သည်။ အကင်နှင့်ကောင်းကောင်းလိုက်ဖက်နိုင်မည့်ဘီယာဘူးတချို့ရှိနေ၏။ ဒါပေမဲ့ ရှန့်ချန်ခုန်းကအိမ်ကိုကားမောင်းပြန်ရမှာ*၊ ဒါကိုအရက်သောက်ပြီးမောင်းတယ်လို့ယူဆလို့ရတယ်မလား? ဟုတ်တယ်မလား?

(*စကူတာမောင်းပြီးပြန်ရမှာကိုပြောတာပါ ရှန့်ချန်ခုန်းကသူ့စကူတာလေးနဲ့ပစ္စည်းပို့နေကြပါ )

အဆုံးမှာတော့ သူမကဘီယာဘူးကိုမယူတော့ဘဲ ထိုအစား သူမလုပ်ထားခဲ့သောလိမ္မော်ရည်နှစ်ခွက်ကိုသာယူလာခဲ့တော့သည်။

Slowly Falling For Changkong ( ဘာသာပြန် )حيث تعيش القصص. اكتشف الآن