လော့လင်းရှန်းရဲ့အကြည့်များက အောက်သို့ကျဆင်းသွားပြီး၊ ရေချိုးဝတ်ရုံအောက်ရှိ နူးညံ့ညံ့အသားရေလေးကို ယောင်ဝါးဝါးမြင်လိုက်ရ၏။ သူ့မျက်လုံးများ နက်မှောင်သွားကာ "ကိုယ့်အတွက် လက်ဆောင်ပြင်ထားတာလား?"

တကယ်တော့ ဒီနှစ်၊ ရှီယွင်နန် သူ့နားမှာ ရှိနေပေးတာကတင် သူ့အတွက်မွေးနေ့လက်ဆောင်ဖြစ်နေလေပြီ။

"မပြင်ထားဘူး။"

ရှီယွင်နန်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။အကြောင်းပြချက်မှာ အလွန်ရိုးရှင်းလေသည်- "လော့မိသားစုမှာ ဘာတွေ ချို့ယွင်းနေလို့လဲ? ကျွန်တော်စဉ်းစားထားပြီးပြီ။ အဲ့အသုံးမဝင်တဲ့ လက်ဆောင်တွေထက် ပိုက်ဆံစုတာက ပိုကောင်းတယ်လေ။"

လော့လင်းရှန်းမှာ စိတ်ထဲ ဝမ်းနည်းသွားသည့်ခံစားချက်လေးကို ခံစားလိုက်ရသော်လည်း မျက်နှာပေါ်တွင်တော့ မြင်အောင်မပြပေ။ "ကိုယ်က ရပါတယ်။ မင်းသာ အရင်လာ။"

အခန်းထဲတွင်၊ အပူပေးစက်ဖွင့်ထားသော်လည်း ရေချိုးခန်းနှင့် အပြင်ဘက်က အပူချိန်မှာ ကွာခြားဆဲပင်။ သူ့ချစ်သူ အအေးမိသွားမှာ သူစိုးရိမ်မိ၏။

ရှီယွင်နန်ကတော့ လော့လင်းရှန်းရဲ့ အနည်းငယ်ပြောင်းလဲသွားသည့် ခံစားချက်လေးကို နည်းနည်းလေးတောင်မသိလိုက်ဘဲ ဝမ်းနည်းချင်ယောင်ဆောင် တော့သည်။ "ကြည့်ရတာ ခင်ဗျားက ကျွန်တော်အပေါ် မလေးနက်ဘူးထင်ပါတယ်၊ ကျွန်တော်ပေးပေး မပေးပေး ခင်ဗျားက ဂရုမစိုက်ဘူး။"

သူကပြောပြီးသည်နှင့် ပြန့်နေသည့် စောင်လေးကို ဘေးဘက်သို့ ဖြည်းဖြည်းချင်းဆွဲလိုက်သည်။

ထို့နောက် ရှီယွင်နန်က လော့လင်းရှန်းပုခုံးလေးကို သိုင်းဖက်လိုက်ပြီး သူ့ချစ်သူရဲ့ ကိုယ်ပေါ်လေးမှာ ခွထိုင်လိုက်သည်။

သူအနားတိုးကပ်လာသည်နှင့် လော့လင်းရှန်းမှာ သူ့ရင်ခွင်ထဲက လူရဲ့ သဘောထားကို နားလည်သွားပြီး အေးခဲသွားတော့သည်။ သူ့အကြည့်များက အောက်သို့ ရွေ့သွား၏ -

ရေချိုးဝတ်ရုံရှည်မှာ ရှီယွင်နန်ကိုယ်လေးကို တစ်ဝက်တစ်ပျက် ဖုံးထားပြီး ဆွဲဆောင်မှုရှိသည့် မြင်ကွင်းလေးကို ထုတ်ဖော်ပြသနေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Waar verhalen tot leven komen. Ontdek het nu