အစ်ကိုပြောတာတွေကို မကြားချင်ယောင်ဆောင်ပြီး လမ်းဆက်လျှောက်နေမိတယ်။

"ဟ ကောင်းပြီလေ။ မင်းကိုယ့်ကို ဘာကြောင့်တစ်ယောက်ထဲ အိမ်ပြန်နေရတာလဲ အကြောင်းရင်းပြောပြရင် ထွက်သွားပေးမယ်။ မပြောပြနိုင်ရင်တော့ မင်းကိုအိမ်ပြန်လိုက်ပို့ပေးရမှာပဲ။ အခု နောက်ကျနေတာ မှောင်တောင်မှောင်နေပြီ။ တစ်ယောက်ထဲမလုံခြုံဘူး။ မင်းကိုအိမ်ပြန်လိုက်ပို့ပေးနေကြ ကြီးမြတ်လှတဲ့အီဟီဆွန်းက ဘယ်ရောက်သွားတာလဲ။ ကိုယ့်ကိုဖြေရှင်းချက်တစ်ခုပေးစမ်းပါ"

ဆောနူ လမ်းလျှောက်နေတာ ရပ်တန့်သွားတယ်။ အရမ်းစိတ်တိုလွန်းလို့ မျက်မှောင်တွေကြုံ့၊ မျက်ခုံးတွေတွန့်ချိုးနေမိပြီ။

"ဒီမှာ! အစ်ကို ဘာဖြစ်ချင်နေသလဲ ကျွန်တော်သိတယ်။ ကျွန်တော့်ကို လှောင်ချင်နေတာလည်းသိတယ်။ အဲဒီတော့ အစ်ကိုသိချင်နေတာပြောပြမယ်။ ဟီဆွန်းဟျောင်းနဲ့ကျွန်တော်က အဆင်ပြေနေကြတုန်းပဲ။ သူအလုပ်ရှုပ်နေလို့ လာမကြိုနိုင်တာ။ ရပြီလား"

မလုပ်သင့်မှန်းသိပေမယ့် ဆောနူလိမ်ပြောလိုက်မိတယ်။ ဘာလို့ဆို အမှန်တိုင်းပြောရင် အစ်ကိုက သူ့ကိုထိုင်ရယ်နေတော့မှာ။

ဆောနူ အစ်ကိုတစ်ခါပြန်ကြည့်မိတော့...အစ်ကိုက သူ့ကို သေချာလေးကြည့်နေခဲ့တာ..။ အစ်ကို့မျက်ဝန်းတွေက လေးလေးနက်နက်ရှိနေပြီး သူမသိတာတစ်ခုခုကို သိထားရတဲ့ပုံစံနဲ့။

ဆောနူ နောက်ဆုတ်လိုက်မိတယ်။ ရုတ်တရပ်အလိမ်ပေါ်သွားသလို ခံစားလိုက်ရတယ်။
"ဘာ.. ဘာလဲ"

အစ်ကိုက ဆောနူကိုကျော်လို့ အနောက်ဘက်ကို ကြည့်နေတယ်။

"မင်းတို့နှစ်ယောက်အဆင်ပြေနေတယ်ဆိုရင် ဘာကြောင့်မို့ အီဟီဆွန်းက တခြားတစ်ယောက်နဲ့နမ်းနေရတာလဲ"

ဆောနူအသက်ရှုသံတွေလည်း ရုတ်တရက်တွန်းတိုက်ခံလိုက်ရသလိုပါပဲ။ အစ်ကိုကြည့်နေတဲ့နေရာကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်မိတယ်။

ဟျောင်း...ဟျောင်းက ပန်းခြံထဲမှာ မတ်တပ်ရပ်နေတာ...
တခြားတစ်ယောက်နဲ့အတူ...

I love you first [PSH x KSN] Where stories live. Discover now