Finale

2K 182 30
                                    

ဆောနူ တံခါးခေါက်သံကြားလိုက်ရတယ်။သူတံခါးကို လော့မချခဲ့မိဘူးပဲ။ ဒါကြောင့် စောင်ကိုဆွဲယူပြီး ခေါင်းထိလုံအောင်ခြုံလိုက်မိတယ်။ နှလုံးသားတစ်ခုလုံးပြုတ်ထွက်မတတ်ငိုထားရတာကြောင့် ဖောင်းအစ်နေတဲ့မျက်နှာ ဘယ်သူ့ကိုမှ မပြချင်ပါဘူး။

"ကိုကို ထွက်သွား!!!"

တံခါးဖွင့်သံမကြားရသေးခင်ထိ ခဏလောက်တိတ်ဆိတ်နေခဲ့တယ်။ ဆောနူ စောင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်နေမိတယ်။

"ထွက်သွားလို့ပြောနေတာကို! ကျွန်တော် အဲဒီအကြောင်း မပြောချင်ဘူးလို့! ကိုကို့ ကျွန်တော့်ဆီက ဘာမှကြားရမယ်မထင်နဲ့!!"

"ဆောန်.. စကားပြောဖို့မဟုတ်ပါဘူး။ ကိုယ် မင်းကို.. နားထောင်စေချင်ရုံပါ"

ဆောနူ အသက်အောင့်မိသွားတယ်။ ကိုကိုမဟုတ်ဘူးပဲ။ ဒီအသံ...
လူတွေအားလုံး အော်ဟစ်ဆူညံနေကြတဲ့ လူစည်ကားတဲ့နေရာမှာ ရောက်နေရင်တောင်မှ... သူ ဒီအသံကို မှတ်မိနေနိုင်တာ။ ဘာလို့ဆို ဒါအစ်ကိုမလို့ပါပဲ။ ဆောနူရဲ့ အစ်ကိုဖြစ်နေလို့။ ဆောနူက ဘာသာစကားပိုင်းမှာညံ့ချင်ညံ့မယ်၊ သင်္ချာမတော်ဘဲနေရင် နေလိမ့်မယ်။ ဒါပေမယ့် အစ်ကိုနဲ့ပတ်သက်လာရင်... အစ်ကို့မျက်နှာပေါ်က မှည့်လေးတွေကအစ ဘယ်ထောင့်နားလေးမှာ ဘယ်လိုပုံစံလေးနဲ့ တည်ရှိတဲ့အကြောင်း ဒီဂရီအတိအကျနဲ့ အလွတ်ရနေတာ။

ဆောနူက တစ်ခုခုကို အကြာကြီးအာရုံမစိုက်နိုင်ပေမယ့် အစ်ကို့ကိုသာဆိုရင် တစ်နေလုံးငေးစိုက်ကြည့်နေနိုင်တယ်။ အစ်ကိုစကားပြောရင် တချိန်လုံးနားထောင်ပေးနေနိုင်တယ်။ သူ့မျက်လုံးတွေမှိတ်ထားတာတောင်မှ သူ့ဆီကို တိုးကပ်လာနေမယ့် အစ်ကို့အမူအရာတွေကို ပုံဖော်လို့ရနေတုန်း။ ဘယ်အရာမဆို စိတ်ထဲမှာထည့်ထားရတာကို ပင်ပန်းတဲ့သူက အစ်ကိုနဲ့ပတ်သက်လာရင် အရာရာကို အလွတ်ရနေတဲ့အထိ... မှတ်မိနေခဲ့တာ..။

ကုတင်ဆီကို တိုးကပ်လာတဲ့ အစ်ကို့ခြေသံတွေကို ကြားတယ်။ ဆောနူ စောင်ကို ပိုပြီးတင်းတင်းဆုပ်ကိုင်လိုက်မိတယ်။ အစ်ကို ကုတင်ပေါ်မှာထိုင်လိုက်တဲ့အခါ ကုတင်ကနည်းနည်းလှုပ်သွားတာ ခံစားလိုက်ရတယ်။ အသက်မရှုန်ိုင်တော့လောက်အောင် မွန်းကြပ်လာတယ်။ တကိုယ်လုံးလုံအောင်ခြုံထားတဲ့စောင်အောက်မှာ၊ သူ့နှလုံးသားက အရမ်းမြန်အောင်ခုန်ပေါက်နေတယ်။ ရင်ဘတ်က ထိုးအောင့်လာတယ်။ မျက်ရည်တွေတောက်လျောက်စီးကျလာတာကို မရပ်တန့်နိုင်ခဲ့ဘူး။

You've reached the end of published parts.

⏰ Last updated: Apr 30, 2023 ⏰

Add this story to your Library to get notified about new parts!

I love you first [PSH x KSN] Where stories live. Discover now