အခန်း (၁၀) Zawgyi

Start from the beginning
                                    

ရေပန်းအောက်မှာ အချိန်အတော်ကြာဖြုန်းလိုက်ပီး ပြန်ထွက်လာတော့ အမူးက အတော်အသင့်ပြေသွားပီ။ ပြန်ထွက်လာတော့ ခုနက ဖန်ကွဲစတွေ သွေးတွေမရှိနေတော့။ အရာအားလုံးက ဘာမှ မဖြစ်ခဲ့သည့်နှယ်..... ခေါင်းကို တဘက်နဲ့သုပ်ရင်း.....ကုတင်ပေါ်ခနထိုင်နေတုံး ဟိုကလေးမ အခန်းထဲ ပြန်ဝင်လာသည်...ဘယ်ဘက်လက်မှာလဲ ပတ်တီးစည်းထားသေးသည်။ သူ့ကိုတွေ့တော့ လက်ကိုမသိမသာကွယ်ရင်း အမြန်ပဲ သူ့ရှေ့ကနေ ဖြတ်သွားဖို့လုပ်ခါမှ တခုခုသတိရဟန်နဲ့ ခြေလှမ်းတွေရပ်ပီး နောက်ကိုတော့ လှည့်မကြည့်ဘဲ
"ဖန်ကွဲစတွေက ရှိနေနိုင်သေးတယ် အိမ်ထဲစီးဖိနပ်စီးထားတာကောင်းလိမ့်မယ်"
ဆိုပီး နှာသံပေါက်နေတဲ့ အက်ကွဲကွဲအသံနဲ့ပြောပီး စကားဆုံးတာနဲ့ သူမအခန်းထဲဝင်သွားတော့သည်။ စိတ်ထဲတွင်တော့ ဒီကလေးမ ဘာလားပေါ့....... တကယ်တမ်းတော့ မဟာ ဒိအသက်ရွယ်ထိ ဘယ်မိန်းကလေးကိုမှ ကိုယ်ထိလက်ရောက်မပြောနှင့် စကားနှင့်ပင် အနိုင်မယူဖူးချေ။ သူမနဲ့တွေ့မှ သူ့စိတ်တွေအရိုင်းဆန်ပီး တွေ့လိုက်တိုင်း လူကြီးလူကောင်းစိတ်တွေပျောက်ဆုံးကုန်တာဖြစ်သည်။ စစချင်းတွေ့စ ဆုံစထဲက အမုန်းနဲ့စတင်ခဲ့လို့လားမသိ မြင်လိုက်တာနဲ့ကို ရင်ထဲကလှိုက်ပီး မုန်းသည်။ ကြာကြာနေရင် စိတ်ပြန်တိုလာရမှာမလို့ ဝေယံနှင့်ချိန်းပီး တနေရာမှာဆုံဖို့ အပြင်ကိုထွက်ခဲ့လိုက်တော့သည်။

"ငါက မင်း စိတ်ပူနေတာ ခုနက တော်တော်မူးပီးပြန်သွားလို့"
"မူးလဲ အိမ်တော့ ရောက်ခဲ့သေးပါတယ်ကွာ"
"မင်း မူးပီး ဟိုကလေးမကို ပြသနာတော့မရှာခဲ့ဘူးမလား"
ဝေယံ့ရဲ့ အမေးမဟုတ်တဲ့ စကားကြောင့် မဟာ စားပွဲပေါ်က အရက်ခွက်ကိုကြည့်ရာကနေ စားပွဲတဖက်မှာထိုင်နေတဲ့ ဝေယံ့ကိုလှမ်းကြည့်လိုက်သည်။ သူ့အမူအရာကနေ ဝေယံသိလိုက်ပီ...
"မင်းတို့ပြသနာကို ငါလဲ အစအဆုံးသိတာပဲ ဒါမဲ့ အကုန်လုံးကို သူ့ချည်းပဲလဲ အပြစ်ပုံချလို့မရဘူးလေကွာ"
"ဒါဆို ငါ့အပြစ်လား"
တမင်ဂျစ်နေတဲ့ မဟာ့ကိုလဲ ဝေယံအပြစ်မဆိုရက်....ကိစ္စတွေက ဖြစ်ပျက်ခဲ့တာ အလှည့်အပြောင်းများလွန်းတော့ ဘယ်ဟာက ဘယ်လိုအစဆွဲထုတ်ပီးရှင်းမလဲဆိုတာလဲခက်...
"အဲ့လိုလဲ မဟုတ်ဘူးလေကွာ...."
"အဲ့ဆို ဟိုတယောက်ဘက်က လိုက်မပြောနဲ့"
ကလေးတွေရန်ဖြစ်သလို ဘက်တွေခွဲကာ ဟိုဘက်မခေါ်နဲ့ ငါ့ခေါ်ဆိုသလိုမျိုးလုပ်နေတဲ့ မဟာ့ကိုကြည့်ပီး ဝေယံရီချင်လာသည်။ မဟာဆိုတာ တခြားသူတွေနဲ့သာ လူကြီးလူကောင်းပုံဖမ်းရင်ဖမ်းမည် ဝေယံနဲ့ဆို ဆယ်ကျော်သက်လို ဂျစ်ချင်တုံး....တကယ်တမ်းလဲ ဝေယံနဲ့ မဟာဆိုတာ အတူပေါင်းတဲ့ သူငယ်ချင်း ၄ ယောက်ထဲမှာတောင် တယောက်ကိုတယောက် မပြောဘဲ အကြည့်တွေ အမူအရာတွေနဲ့တင် နားအလည်ပေးနိုင်ဆုံးသူ...ခုလဲ ညနေက ယောက်ျားလေး ၃ ယောက်တူတူသောက်ပီးလမ်းခွဲကာ အိမ်ပြန်ပီးတာတောင်မှ ပြန်ထွက်လာတော့ ဝေယံ့ပဲ ခေါ်မိသည်။ သူသာလျှင် မဟာ့ကို အနားလည်နိုင်ဆုံးသူမလား
"ဟား ဟား အေးပါကွာ အေးပါကွာ...."
ဝေယံ သဘောကျတာကော ခုချိန် ဘာမှအဖြေမထွက်သေး ဖြေရှင်းလို့မရသေးတာကောမလို့ မဟာ့သဘောအတိုင်းပဲ ဖြေလိုက်ရသည်။ သူ့သူငယ်ချင်းအရင်းကြီး မိန်းကလေးတယောက်အပေါ် အပြစ်တွေလုပ်မိနေတာတော့ သူလက်မခံနိုင်တာအမှန် နောင်တချိန်မှ မဟာ့ကို သူကိုယ်တိုင်လဲ နောင်တရပီးမနေစေချင်။ တခုခုတော့ လုပ်ပေးဦးမှလို့တော့ တွေးပေမယ့် ချက်ချင်းပဲ ဘာကဘယ်လိုစလုပ်ရမလဲဆိုပီး လမ်းကပျောက်သွားပြန်သည်။ ဟိုကလေးမလေးကြည့်ရတာ မဟာထင်နေသလိုတော့ အပိုင်ဖမ်းတဲ့ပုံစံမဟုတ်။ သူလဲ သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ မဟာနဲ့ ဧကရီ့အတွက် စိတ်မကောင်းပေမယ့် ဖြစ်တာက ဖြစ်ပီးနေပီလေ...တခုခုဆုံးဖြတ်ရင်တောင် နှစ်ဖက်စလုံးအထိမနာမယ့်နည်းမျိုးစဉ်းစားသင့်တယ်။ ခုမဟာက ဒေါသကြောင့်ရော သူ့သိက္ခာကြောင့်ရော ကလေးမလေးကို အမုန်းကြီးမုန်းနေတော့ ဘာနေနေ အကောင်းမြင်လို့မရဖြစ်နေမှာအမှန်ပဲ။ သူ့သူငယ်ချင်းနားရှိနေလို့ အဲ့ကလေးမလေးကို လေ့လာကြည့်သလောက်​တော့ မဟာထင်သလိုဖြစ်နိုင်ချေက နည်းလွန်းသည်။ ပန်းချီပင် ကလေးမလေးကို အမြင်ပြောင်းလာခဲ့သည်။ ကလေးမလေးက သူတို့စားနေကျ စားသောက်ဆိုင်မှာ လုပ်နေတာလဲသိသည်။ မဟာမသိစေချင်မှန်းသိ၍သာ မသိချင်ယောင်ဆောင်နေရသည် တကယ်က ပထမဆုံးနေ့ထဲက သိပီးသား။ ကြည့်ပါလား မဟာလိုလူမျိုးကိုရထားတာတောင် အမှီခိုကင်းကင်းနဲ့ သူ့အလုပ်သူ ကောင်းရာကောင်းကြောင်းလုပ်နေရှာတာ။ မဟာထင်သလိုလူဆိုရင် အဲ့လိုအလုပ်လုပ်ဖို့မပြောထားနှင့် မဟာ့ကို ကြိုက်သလိုငွေညှစ်နေလို့ရသည်ပဲမလား။ ခုဟာက မဟာက အဲ့ကလေးမအပေါ် စစချင်းထဲက အမြင်မကြည်လို့သာ ဘာနေနေအဆိုးတွေပဲ မြင်နေတာ။ တကယ့် တကယ်တမ်းလဲ မဟာက ခုလိုမဟုတ် သိပ်ကိုသဘောထားပြည့်ဝပီး အရာရာတာဝန်ယူစိတ်ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းပီသတဲ့သူဆိုတာ သူသိပီးသား။ လွဲမှားနေတဲ့အရာတွေကို ပြင်ပေးမှသာ ဖြစ်မည်။ မဟုတ်ရင် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မှာဖြစ်သလို သူ့သူငယ်ချင်းလဲ ကိုယ့်ရဲ့တလွဲမာနတွေကြားလုံးပါးပါးတော့မည်။ ဝေယံ ရှေ့က တခွက်ပီးတခွက်သောက်နေတဲ့ မဟာ့ကိုကြည့်ကာ သက်ပြင်းပါးပါးလေး ခိုးချမိသည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now