"ခင်ဗျာညီက တစ်ဖက်ကောင်လေးကို စုတ်ပြတ်သတ်အောင်လုပ်ထားတာ ခေါင်း5ချက်
ဒူးခေါင်းရိုးလဲ ကျိုးသွားတယ် အဲ့ကြောင့် ဆေးရုံမှာပါ ဒါမျိုး ပထမဆုံးကြိမ်နဲ့ နောက်ဆုံးကြိမ်ဖြစ်ပါစေ မဟုတ်ရင် ကျောင်းထုတ်ရပါမယ် အခုကလဲMr.Kimရဲ့
မျက်နှာကြောင့်ခွင့်လွှတ်ပေးတာပါ ကျောင်းမှာ
သူရဲ့ပံ့ပိုးမှုတွေ အများကြီးရှိနေလို့ပါ"

"အားတော့နာပါတယ်ဗျ ဆေးရုံတက်နေတဲ့ ကောင်လေးရော သူမိသားစုရော ဒီခေါ်ပေးပါ
ဆေးရုံထိ မလိုက်ပေးနိုင်ပါဘူး နောက်တစ်ခု
Jungkookကို အခုကျောင်းထုတ်လဲ ကိစ္စမရှိပါဘူး ဒါပင်မဲ့Jungkookက ဟိုဖက်ကို
ဘယ်နည်းနဲ့မှ မတောင်းပန်းခိုင်းနိုင်ပါဘူး"

"ဗျာ..."

"ခေါ်ပေးမယ်ဆို ဒီမှာစကားပြောမယ် မခေါ်ပေးရင် ဒီကိစ္စကိုပြောစရာမလိုတော့ဘူးလို့
သတ်မှတ်လိုက်ပါမယ်"

ကျောင်းအုပ်ကြီး ချွေးတွေပျံလာသလိုပဲ သူရှေ့က
Mr.Kimရဲ့သားက ပါဝါတွေ အာဏာတွေ ပြနေတာ အဲ့ကြောင့်ဟိုတစ်ယောက်ကလဲ မျက်နှာကစ တင်းကြောနေရော

"ခေါ်ပေးပါမယ် ခဏစောင့်ပါ"

"ရပါတယ်"

"ကိုကို"

"မင်းပါးစပ်ပိတ် ပြီးမှမင်းနဲ့ငါ ဒီကိစ္စရှင်းမယ်"

Jungkookလဲ ပါးစပ်ပိတ်နေလိုက်ရသည် သူကိုကို တကယ်စိတ်တိုရင် သိပိကြောက်ဖို့
ကောင်းတာ

ထယ်ယောင်းတို့ စောင့်နေတုန်း ဝှီချဲနဲ့ဝင်လာတဲ့
ခံရသူနဲ့သူ့မိသားစု

"ကျောင်းအုပ်ကြီး ကျမတို့ကို ပြန်ခေါ်တာက!"

"ကျတော်တွေ့ချင်လို့"

"မင်းတို့ကတောင် ဆေးရုံလာတွေ့ရမှာလေ
ငါ့တို့ကိုပြန်လာတွေ့ခိုင်းစရာလား!"

"ရန်ဖြစ်ရတဲ့အကြောင်းရင်းသိချင်လို့"

"ဒါကတော့ အထင်ရှားပဲလေ မင်းညီက ရန်အရင်စလိုဖြစ်တာ မင်းညီကပဲ အရင်းစထိုးတာ"

"ဟုတ်လား Jungkook"

"ကျတော်အရင်စထိုးတာမှန်တယ် ကျတော်ရင်
ရန်အရင်စတာ မဟုတ်ဘူး"

Step-Brother⚠️ [Completed]Where stories live. Discover now