အတန်းဆင်းဖို့ ၅မိနစ်အလိုမှာတော့ ဆောနူ အစ်ကို့ကိုစာသင်ခန်းအပြင်ဘက်မှာ ရပ်နေတာတွေ့လိုက်ရတယ်။

နံရံကိုမှီပြီး မတ်တပ်ရပ်နေတာတောင် အေးစက်တဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေတာ။ မမြင်ချင်ယောင်ဆောင်နေချင်ပေမယ့် မရပါဘူး။ ဆောနူအကြည့်တွေက အစ်ကို့ဆီပဲပြန်ပြန်ရောက်သွားတယ်။ လူတွေအများကြီးရှိတဲအုပ်စုထဲမှာတောင်မှ အစ်ကို့တည်ရှိမှုက အရမ်းဆွဲဆောင်နိုင်စွမ်းရှိနေတာ။ ရှည်လျားတဲ့အရပ်၊ နက်မှောင်ပြီးတောက်ပြောင်နေတဲ့ဆံနွယ်တွေ၊ မဟူရာမျက်ဝန်းနက်တစ်စုံ၊ နှာတံချွန်ချွန်၊ နှုတ်ခမ်းရဲရဲ၊ ကျယ်ပြန်တဲ့ပုခုံးတွေနဲ့ အေးစက်နေတဲ့အရှိန်အဝါ။ အစ်ကို့ကိုမကြည့်မိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

အတန်းဆင်းပြီဆိုပြီး ဆရာမနှုတ်ဆက်တာကိုကြားလိုက်ရတယ်။ အစ်ကို ဒီမှာဘာလာလုပ်တာလဲ ဆောနူသိချင်မိတယ်။

အရူးပဲ။ တကယ်တမ်း အစ်ကိုဘာလုပ်နေတယ် သူသေချာပေါက်သိတာပေါ့။ ကိုကိုပြောခဲ့သလိုပဲ။ အစ်ကိုက နားလည်ရခက်တဲ့ပုစ္စာတစ်ပုဒ်နဲ့တူတယ်။ ဆောနူ အစ်ကို့ကိုအဝေးတွန်းပို့တိုင်း အစ်ကိုက သူ့နားပြန်ပြန်ရောက်လာတာ။ အမြဲတမ်းပဲ... ဆောနူ ဘယ်လောက်ဝေးအောင်နေနေ၊ အစ်ကိုက သူ့ဆီပြန်ရောက်လာတယ်။ ပြေးလိုက်၊လိုက်လိုက်နဲ့ ဒီစက်ဝန်းဟာ အဆုံးသတ်ဆိုတာမရှိခဲ့ဘူး။

"ဆောနူ"

မကြားချင်ယောင်ဆောင်မလို့ပါပဲ။ ဆောနူ ပြောင်းလဲသင့်နေပြီ။ ဒီအချစ်ကို ချန်ထားရစ်ခဲ့သင့်ပြီ။ ၁၁နှစ်တောင်အစ်ကို့ကိုချစ်ခဲ့တာတွေ... ဆောနူ အကုန်လွှတ်ချချင်လာပြီ။

"အ..အစ်ကို"

"ဂျေးပြောတာ မင်းမနေ့ကဖျားသေးတယ်ဆို"

အင်း...ကိုကိုပြောသလိုပဲ အစ်ကိုကသူ့ကို တကယ်ဂရုစိုက်ပါတယ်။ ယုံဖို့ခက်ပေမယ့်လည်း..၊ တခါတလေဆောနူက အစ်ကို သူ့ကို သေသေရှင်ရှင်ပစ်ထားမယ့်ဟာကို သူ့စိတ်ကလှည့်စားနေမိတာများလား တွေးမိပေမယ့်.. အစ်ကိုက တကယ်ပဲ ဂရုစိုက်ရှာပါတယ်။

ဆောနူ အဲဒါကိုပဲ သာယာနေခဲ့မိတာ။ ဒါပေမယ့် အခုတော့ သူမုန်းချင်လာပြီ။ အစ်ကို ဒီလိုတွေလုပ်နေခဲ့လို့ ၁၁နှစ်စာတစ်ဖက်သက်အချစ်ကနေ သူရုန်းမထွက်နိုင်ခဲ့တာပဲ။

I love you first [PSH x KSN] Where stories live. Discover now