2

148 27 0
                                    

ခုနောက်ပိုင်း အနုပညာအချိန်ကိုမျှော်နေ
တတ်တာက သူ့အကျင့်တစ်ခုလိုဖြစ်လာပြီ..။
ခင်တာတစ်ပတ်ကျော်ကျော်ပဲရှိသေးတဲ့
ဟာရူတိုကတောင် "မင်းဆရာဆာဟီ ကို
ကြိုက်နေတာလား" လို့တောင်မေးလာတဲ့
အထိ...။
သူ့ပုံကအဲလောက်ကြီးသိသာနေတာလား...။
သူ့ကိုယ်သူလဲ ဒီလိုမျိုးယောကျာ်းလေးတစ်
ယောက်အပေါ် ရူးရူးမူးမူးဖြစ်လာလိမ့်မယ်လို့
တွေးတောင်မတွေးမိဖူးဘူး....။
ခုတော့ ဟာမာဒါ အဆာဟီ ဆိုတဲ့နွံထဲ
နှစ်မှန်းမသိနှစ်ပြီးနေပြီ...။
နှစ်မှန်းသိနေလဲ သူကတော့ရုန်းမထွက်ဘဲ
ပျော်ပျော်ကြီးအနှစ်ခံမယ့်ကောင်မျိုးပါ..။
သူဆရာ့ကိုတအားကိုစွဲလမ်းမိသွားပြီ...။

အတန်းချိန်ပြီးသွားတော့ ဒီတစ်ပတ်
အတွင်းလုပ်နေကျအလုပ်တစ်ခုဖြစ်
တဲ့ ဆရာ့ပစ္စည်းတွေသယ်ကူကာ ရုံးခန်း
အထိလိုက်ပို့ပေးဖို့လုပ်ရသည်...။

"ဆရာ...ကျွန်တော်ဘာသယ်ကူရမလဲ.."

ထုံးစံအတိုင်းပစ္စည်းတွေသိမ်းနေတဲ့
ဆရာ့အနားသွားရပ်ကာမေးလိုက်သည်...။

"ဒီစာအုပ်လေးတွေပဲ သယ်သွားပေး"

စာအုပ်တစ်ချို့ကိုလှမ်းပေးကာပြော၏..။

"ဟုတ်.."

ခါတိုင်းလိုပဲ ရှေ့ကနေအရင်ထွက်သွားတဲ့
ဆရာ့နောက်ကနေ သူကလိုက်ရသည်...။
အဲလိုအချိန်တွေတိုင်း သူနဲ့ဆရာ့ရဲ့အရပ်
ကွာဟမှုကိုကြည့်ကာသဘောကျနေ
ရတယ်...။
ဒီတိုင်းကြည့်ရင်တောင်လူကောင်သေးတဲ့
ဆရာက အနားမှာသွားရပ်ကြည့်လိုက်
တော့မှ တကယ့်ကိုသေးသေးလေးပဲ
ကျန်တော့တာ..။
ပိန်ကလဲ ပိန်သေးတော့လေတိုက်ရင်
တောင်လဲသွားမလားစိုးရိမ်ရတယ်...။

°°°°°

ရုံးခန်းထဲလိုက်ပို့ပေးပြီးတဲ့အထိ
အနားမှာရပ်နေဆဲဖြစ်သော ယွန်းဂျယ်ဟော့
ဆိုတဲ့ ကျောင်းသားလေးကြောင့်
သူမေးငေါ့ပြလိုက်တော့...

"အာ....ကျွန်တော်လုပ်ကူရမှာတွေ
များရှိနေသေးလားလို့..."

Heartbreak anniversary [COMPLETED]Where stories live. Discover now