5(Final)

214 23 8
                                    

သူတို့စကားရပ်ပြောနေကြရင်း..ဆရာ့ဖုန်း
လာသည်...။
လာနေတဲ့ဖုန်းကိုကြည့်ပြီး ဆရာက
နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ကာ...

"အင်း....ယိုရှီခွန်း..ပြော.."

"...."

"အာ...ကျွန်တော်အလုပ်ပြီးနေပါပြီ.."

ကိုယ်ချစ်ရသူရဲ့ သူ့ချစ်သူနဲ့ပြုံးပြုံးပျော်ပျော်
ပြောနေကြတဲ့စကားလုံးတွေကိုမကြား
ချင်တာကြောင့် ဆရာ့ ကိုအသိတောင်မပေး
တော့ဘဲ အောက်ဆင်းခဲ့လိုက်တော့သည်..။သူအရင်ဘဝကဘာအမှားတွေများ
ကျူးလွန်ခဲ့မိလဲမသိပါဘူး...။
ဒီဘဝမှာတော့ သူ့ရဲ့အချစ်ကံကခေလွန်း
နေတယ်....။

အောက်ရောက်တော့ ကျောင်းဝင်းထဲမှာ
ကားအနက်ရောက်တစ်စီးကိုမှီရပ်ကာ
ဖုန်းပြောနေတဲ့ ယိုရှီခွန်း ကိုတွေ့လိုက်ရ
သည်။
ဖုန်းပြောနေတဲ့ ယိုရှီခွန်း မျက်နှာကလဲ
ဆရာ့နည်းတူပဲပြုံးပျော်လို့...။
ယိုရှီခွန်း ကဖုန်းကိုနားကနေခွာပြီး
နှုတ်ခမ်းမှာတေ့ကာ အနမ်းတွေတောင်ပေး
နေသေး၏...။
တစ်ဘက်ကဆရာကတော့ ပျော်နေ
မှာအသေအချာပဲ...။
ယိုရှီခွန်း နေရာမှာသူဖြစ်ချင်ပေမယ့်လဲ...။
အင်း...ဖြစ်ချင်ပေမယ့်လဲ လို့ပဲပြောရ
တော့မှာပေါ့....။
ဖြစ်လဲမဖြစ်နိုင်တော့ဘူး....။
ဖြစ်လာအောင်လဲ သူကကြိုးစားမှာမှမဟုတ်
တာ....။
ချစ်ရသူဆီကအချစ်ကို သူမပိုင်ဆိုင်ရရင်
တောင် ချစ်ရသူကိုတော့ပျော်နေစေချင်
တာမို့....။

သူအဲဒီမှာလေး ရပ်နေစဉ်မှာပဲ..အပေါ်ထပ်
ကဆင်းလာတဲ့ခြေသံကြားလိုက်တာမို့
အကွယ်တစ်နေရာကို အမြန်ဝင်ကွယ်နေ
လိုက်သည်....။

ကျောင်းဝင်းထဲကိုထွက်သွားတဲ့ဆရာရယ်..။
ဆရာ့ကို ပြုံးကာကြည့်နေတဲ့ယိုရှီခွန်းရယ်..။
အနားရောက်ခါနီးတော့ ယိုရှီခွန်းက
လက်နှစ်ကိုဆန့်တန်းလို့ရင်ခွင်ကိုဖွင့်ထား
ပေးသည်...။
ဆရာက ယိုရှီခွန်းရဲ့ထိုအပြုအမူကို
သဘောကျတဲ့ပုံစံဖြင့် ပြုံးကာ..ယိုရှီခွန်း
အသင့်ဖွင့်ထားပေးတဲ့ရင်ခွင်ထဲကို
ဝင်သွား၏...။
သေးသေးကွေးကွေးဆရာကတော့
ယိုရှီခွန်း ရဲ့ရင်ခွင်ထဲမှာစုံးစုံးမြှပ်လို့ပဲ...။
ခေါင်းလုံးလုံးလေးကိုသာမြင်ရတော့
သည်...။
ထိုခေါင်းလုံးလုံးလေးကိုလဲ ယိုရှီခွန်းက
အမြတ်တနိုးနမ်းရှိုက်လိုက်သေး၏..။
သူဒီမြင်ကွင်းကိုဆက်ကြည့်ဖို့သတ္တိမရှိ
တော့တာမို့ ထိုနေရာကနေအမြန်ဆုံး
လှည့်ထွက်လာလိုက်တော့သည်...။

Heartbreak anniversary [COMPLETED]जहाँ कहानियाँ रहती हैं। अभी खोजें