အဲလိုသာပြောလိုက်မိရင် သူကလူစိတ်မရှိတဲ့ကောင်ဖြစ်သွားမှာပဲ။

ဒီတစ်ခါတော့ သေချာသဘောပေါက်သွားပြီ။ သူက အရာအားလုံး ဖျက်စီးလိုက်မိတာပဲ။ လုံးဝဆိုးဆိုးရွားရွား။ ဖျက်ဆီးလိုက်မိတာ။



🥀



စနေနေ့ နေ့လည်ခင်းတစ်ခုမှာ ဂိမ်းကစားနေတုန်း ဂျေးက ဆောင်းဟွန်းကို မေးလာတယ်။

"တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုမပြောပြချင်ဘူးလား။ ဟီဆွန်းနဲ့dateသွားတဲ့နေ့က မင်းပြောလိုက်မိတဲ့စကားတွေကြောင့် ဆောနူ မင်းကိုရှောင်နေတာမဟုတ်မှန်း ငါသိပါတယ်"

ဆောင်းဟွန်း အသေးစိတ်ပြန်ရှင်းပြမနေချင်တော့ဘူး။ ဂျေးသူ့ကိုစိတ်ဆိုးမှာကြောက်လို့မဟုတ်ပါဘူး။ အစအဆုံးအကုန်ပြန်ရှင်းပြနေရရင် အီဟီဆွန်းအကြောင်းလည်း ပြောရဦးမယ်။ အီဟီဆွန်းက ဗိသုကာမေဂျာကရှင်းဂျိတ်ခ်နဲ့နမ်းနေတာ သူတို့တွေ့ခဲ့တဲ့အကြောင်းလေ။

ဆောနူက ဒီအကြောင်းကို ဘယ်သူ့ကိုမှမသိစေချင်မှန်း သူနားလည်ပါတယ်။ အထူးသဖြင့် အစ်ကိုအရင်းကို ပိုတောင်သိစေချင်မှာမဟုတ်ဘူးရယ်။

"ငါအတော် ဆိုးရွားတာလုပ်ခဲ့မိတာ။ အတော်ကြီးကို ဆိုးရွားတဲ့ဟာ"

ဂျေးက ပေါ့ပေါ့ပါးပါးပဲ ခေါင်းငြိမ့်ပြတယ်။
"အင်း.. ဘယ်လိုမျိုးလဲ"

စကားပြောနေတာမဟုတ်တဲ့အတိုင်း နှစ်ယောက်လုံးက game screenကိုကြည့်နေမိတယ်။

"မင်းသိပါတယ်။ ဆောနူက ငါ့ကိုချစ်တယ်လို့ ပြောတိုင်းမှာ ငါမယုံခဲ့ဘူး။ သူစိတ်ကစားနေတယ်ပဲ ထင်ခဲ့တာ။ ငါ့အပေါ်အစ်ကိုတစ်ယောက်လိုချစ်တာကို ချစ်သူရည်းစားအချစ်မျိုး အမှတ်မှားနေတယ်လို့ပဲ ထင်ခဲ့တာ။ ငါက သူတကယ်ဖွင့်ပြောနေတယ်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူးလေ.."

သူက ဒီစကားတွေကို သူ့ဖုန်းကိုပဲကြည့်ပြီး ပြောနေခဲ့တာ။ ဒါပေမယ့် ဂျေးနားထောင်နေတယ်ဆိုတာ သူသိပါတယ်။ ဒီစကားတွေ ထုတ်ပြောလိုက်မိတဲ့အချိန်... သူ့ရင်ထဲမှာ အစိုင်အခဲတွေ ပြိုခဲစုအိလာသလိုပဲ။ ဆောနူကို မြင်အောင်မကြည့်ခဲ့မိတာတွေ... အသိအမှတ်မပြုခဲ့မိတာတွေ... ဘယ်လောက်တောင်အသုံးမကျခဲ့သလဲ.. သူ့ဘာသာ သဘောပေါက်လာရတယ်။

I love you first [PSH x KSN] Where stories live. Discover now