" ဟင့်အင်း ဦးရံ.... ဖြူလုံးလေး မျက်ဝန်းတွေက
တစ်ချိန်က သား မျက်ဝန်းတွေလိုပဲ... 
ပြတ်​သားခြင်း​တွေ အပြည့်​နဲ့....
သား ခံနိုင်ရည်မရှိတော့ဘူး သမီးလေး မုန်းတယ်
ပြောမှာကို...  သမီးလေး ကိုလည်း ထပ်ဝမ်းမနည်း
စေချင်တော့ဘူး ...သားသာ ဦးရံ တို့ အနားကနေ
ထွက်သွားရင် သမီးလေး က ပျော်မှာ"

" ဒါဆို ကိုယ်ရော... ကိုယ့်က​ရော ပျော်တယ်လို့
မင်း ထင်နေတာလား....? တကယ်တမ်း
ဒီကိစ္စအားလုံးမှာ ကိုယ့်က အပြစ်ရှိခဲ့တဲ့သူ...
ကိုယ်သာ မင်းကို သတ္တိရှိရှိနဲ့ ချစ်တယ်ပြောခဲ့မယ်
ပုလဲ နဲ့ အထင်လွဲအောင် မလုပ်ခဲ့ဘူးဆိုရင်
အခုလို ဖြစ်လာမှာမဟုတ်ဘူး... ကိုယ်တို့ နှစ်ယောက်က
တစ်ယောက် နဲ့ တစ်ယောက် မပွင့်လင်းကြဘဲ
ကိုယ် ထင်ရာတွေ တွေးနေခဲ့လို့ သမီးလေး က
အခုလို စိတ်ဒဏ်ရာတွေ ရသွားခဲ့တာပဲ...
ကိုယ်တို့သာ တစ်ယောက် နဲ့ တစ်ယောက်
မြိုသိပ်မထားဘဲ ချစ်တယ်ပြောခဲ့ရင် သမီးလေး
က အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး "

" ဟုတ်တယ် မီးငယ်လေး.. ..ခြံရံ ပြောတာ
မှန်တယ်... ဖြူလုံးလေး ကို မြင်ရသလောက်
သူ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် မီးငယ်လေးကို
အခုလို မုန်းနေတာ... ဒါ့အပြင် မီးငယ်လေး ကြောင့်
သူ့  အဖေ ငိုရတယ်ဆိုပြီး မုန်းပြီးရင်း မုန်းနေ
ခဲ့တာ..... စိတ်ကြောင့် ရတဲ့ ဒဏ်ရာကို
စိတ်နဲ့ပဲ ကုစားပေးရမှာ.... မီးငယ်လေး က
သူ ထင်သလို သူ့ အဖေကို ငိုအောင်လုပ်မယ့်
သူ မဟုတ်ဘဲ ပျော်အောင် လုပ်ပေးမယ့်​သူဆိုတာ
မီးငယ်လေး သက်သေပြပေးရမှာ....
ဒါတင်မကသေးဘူး မီးငယ်လေး က သူ့ကို
ဘယ်လောက်ချစ်ကြောင်း၊  အမေ ကောင်း
တစ်ယောက် ပီသကြောင်းလည်း သက်သေ
ပြပေးရမယ်... ဒါဆို ဖြူလုံးလေး က
မီးငယ်​​လေးကို ​သေချာပေါက်လက်ခံမှာ "

" အန်တီနန်းအိမ် ပြောတာ မှန်တယ် သား "

" ဟုတ်တယ် သား "

နေထက်နဲ့ သဲပြည့် မှာ ဒေါ်နန်းအိမ် စကားကို
ထောက်ခံလာကြသည်။ ဒေါ်နန်းအိမ် စကားကြားကြားချင်း
မေသွေးခြယ် မျက်နှာပေါ်မှာလည်း အရောင်တစ်မျိုး
ဖြတ်​ပြေးသွားသည်။ လုပ်ရင် ကောင်းမလား၊
မလုပ်ရင် ကောင်းမလားဆိုတဲ့ အတွေးမျိုး။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)जहाँ कहानियाँ रहती हैं। अभी खोजें