အခန်း (၆)

Start from the beginning
                                    

တာရာ အခန်းထဲဝင်လာပီး မျက်လုံးထဲ ကျန်နေသေးတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုပ်လိုက်ကာ ပြန်အိပ်မယ်လုပ်တော့ ဟိုလူပြောသွားတာတွေကို နားထဲကြားယောင်နေဆဲ။ ဆက်နေရင် ဘာဆက်ပြောမယ်မှန်းမသိလို့ အိပ်ရာထဲပြေးဝင်ခဲ့ရပေမယ့် တကယ်တမ်းတော့ အိပ်ချင်စိတ်တွေပါ ပျောက်သွားပီ။ ဘွဲ့မရသေးတဲ့ တကယ်ဆို တက္ကသိုလ်တောင်မတက်ရသေးတဲ့ အထက်တန်းကျောင်းသာပီးတဲ့သူမ ဒီအလုပ်ရတာ ကံကောင်းသည်ဟုတောင်ဆိုရဦးမည်။ အသက်ကလဲ ၁၇ မလို့ တချို့ အလုပ်တွေက အသက်မပြည့်သေးဟုဆိုကာ မခေါ်ချင်ကြ။ ပြီးတော့ ဒီအလုပ်က ဘာဖြစ်နေလို့လဲ သူများပစ္စည်းခိုးနေတာလဲမဟုတ် သူများအသက် သတ်နေတာလဲမဟုတ် သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေရတာပဲကို.....အေးပေါ့လေ သူတို့ကျ ရွှေဇွန်းကိုက်ပီး မွေးလာ ပညာကောင်းကောင်းသင်..အချိန်တန် မိဘက ရင်းနှီးပေးနိုင်တော့ လောကကြီးထဲမှာ သူမလိုခက်ခဲတဲ့သူတွေရှိတယ်ဆိုတာကို မမြင်နိုင်ကြဘူး။ အကုန်လုံးကို သူတို့လောက်အဆင်မပြေနိုင်ရင်တောင် ဒီလောက်ခက်ခဲတဲ့ဘဝတွေ ရှိနေဦး မယ်လို့ မထင်ကြတာလဲနေမယ်။

နောက်နေ့မနက် မဟာ မနက်စာစားနေတုံး အိမ်တော်ထိန်း ဒေါ်ကြွယ်ကလာပီး
"မောင်မဟာရေ.... ဒေါ်ကြွယ်လဲမမေးသင့်မှန်းသိပါတယ်..."
ဘာလဲဆိုတဲ့အကြည့်နဲ့ မဟာ ဒေါ်ကြွယ့်ကိုကြည့်လိုက်တော့ ဘာနေနေ ဆက်မေးမယ်ဆိုတဲ့ ပုံစံနဲ့ ဒေါ်ကြွယ်.....မိန်းမတွေများ အသက်ဘယ်အရွယ်နေနေ စပ်စုကြတာတော့ ဝါသနာကြီးသား။ သူမေးမှာကို မဟာသိနေသိအလား သိပ်ဂရုစိုက်ဟန်မပြဘဲ ကော်ဖီခွက်ကိုသာယူသောက်ရင်း
"အင်း..."
" ထွေထွေထူးထူးတော့မဟုတ်ပါဘူးကွယ်....ဟိုကလေးမလေးအကြောင်းပါ... မနက်ဆို အစောကြီးထွက်သွားပီး ညဆိုလဲ နောက်ကျမှ ပြန်ပြန်လာတာ အဲ့တာ..."
"နေပါစေ သူ့ဟာနဲ့သူ စိတ်ဝင်စားစရာမလိုဘူး"
"ဟုတ်တော့လဲ ဟုတ်ပါတယ် ....ဒေါ်ကြွယ်က လူကြီးဆိုတော့လေ...."
"ဒေါ်ကြွယ်ပြောတာ ကျတော်နားလည်တယ် ဒါမဲ့ စိတ်ပူမနေနဲ့ ရတယ်"
သူခပ်ပြတ်ပြတ်ပြောလိုက်မှ ဒေါ်ကြွယ်လဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ မီးဖိုဆောင်ဖက်ထွက်သွားတော့သည်။ ဒီအိမ်ကလူတွေက ဟိုငတိမကို သူခေါ်လာတယ်ဆိုတာရယ် သူ့အခန်းထဲနေတယ်ဆိုတာရယ်လောက်ပဲသိကြသည်။ လက်ထပ်ထားတယ်ဆိုတာမသိကြ။ ဘယ်လိုဆက်ဆံရေးအခြေအနေလဲ မသိကြ။ အရင်ထဲက အနေတည်တဲ့ မဟာ့ကို မေးလဲမမေးရဲကြ​​ပေမယ့် သိချင်ကြတာတော့ အသေအချာပင်။ ဧကရီ့ကိုကောင်းကောင်းသိကြသည်မလို့ တချိန်သူနဲ့လပ်ထပ်မှာ ဧကရီဆိုတာကို ကျိန်းသေသိကြတာမဆန်း။ ခုတော့ တခါမှမမြင်ဖူးတဲ့ တစိမ်းမိန်းကလေးက သူ့အခန်းထဲ နေနေသည် ပီးတော့ ဝင်ထွက်နေဆဲဖြစ်တဲ့ ဧကရီ့ကိုလဲ မြင်တော့ သူတို့ သိချင်ကြတာလဲ မဆန်းတော့ပေ။ မဟာကတော့ ရှင်းရှင်းပဲ တချိန် ဟိုငတိမ သူ့ဒဏ်မခံနိုင်တော့ရင် သူ့ဘာသာသူဆင်းသွားလိမ့်မယ်.....အဲ့ကျ ဧကရီ့ကို ယူရုံပဲ ကျန်တာ ပုံမှန်အတိုင်းဖြစ်သွားလိမ့်မည်ပေါ့.....အဲ့တော့ အဲ့ငတိမနဲ့ သူနဲ့ပတ်သတ်သမျှကို တခြားသူတွေကို လိုက်ပြောပြနေစရာ ရှင်းပြနေစရာမလိုဘူးထင်သည်။

တနေကုန်အလုပ်သာလုပ်နေရတာ တာရာ့ခေါင်းထဲ ဟိုလူကြီးပြောတာတေက စွဲနေသည်။ တာရာ့ကြောင့် သူအရှက်ရတယ်ဆိုလဲ ကွာလိုက်လေ ဘယ်သူက လိုက်ကပ်တွယ်နေလို့လဲ သူက ကွာပေးဆိုတာနဲ့ တာရာက ကွာပေးလိုက်ရမှာပဲကို....သူ့ဘာသာသူ တာရာ့ကို မကွာပေးသေးဘဲ ထင်ရာပြော ထင်ရာလုပ်နေတာ.....တာရာဘာလုပ်လုပ်မကောင်းမြင်နေတာကမှ ဆိုးဝါးတာ။ ဘာနေနေပါ တာရာကတော့ သမာအာဇီဝကျကျရှာစားရတာကို မရှက်ဘူး။ ဒါပေမယ့်လဲ တသက်လုံး စားပွဲထိုးဘဝ cashier ဘဝနဲ့တော့ တာရာလဲ အရိုးမထုတ်ပါဘူး.....တက္ကသိုလ်တက်နိုင်လောက်တဲ့ အချိန်တခုထိပါပဲ ပီးရင် တက္ကသိုလ်တက်..... ဘွဲ့ရရင် ပိုကောင်းတဲ့ အလုပ်လေးပြောင်းမှာပေါ့...ခုက တက္ကသိုလ်တက်ဖို့ကို အရာမရောက်သေးဘူး....ငွေအတော်အသင့်စုမိကာမှ တက္ကသိုလ်ဆိုတာကို စဥ်းစားနိုင်မှာ။ ကိုယ့်မှာ ကျောထောက်နောက်ခံက ဘယ်သူမှရှိတာလဲမဟုတ်....အထက်တန်းကျောင်းပီးအောင်ထားပေးခဲ့တဲ့ ဂေဟာကို ဒီ့ထက်ပိုပြီးလဲ ဒုက္ခမပေးချင်တာမလို့ scholarship ရအောင်လျှောက်မည်။ ဂေဟာကလဲ သူတို့အမြင်မှာ အိမ်ထောင်ကျသွားပီဆိုတဲ့သူကို ထောက်ပံ့မှုလဲပေးတော့မည်မဟုတ်။ သို့ပေသည့် scholarship ရစေဦးတော့ ကိုယ့်လက်ထဲလဲ စုထားဆောင်းထားတာက ရှိဦးမှ။ scholarship ဆိုတာကလဲအတိုင်းအတာနဲ့မလား....တခြားး ကိုယ့်ကိစ္စအဝဝကျ ကိုယ့်ဘာသာပဲဖြေရှင်းရမှာမလို့ ငွေတော့ လက်ထဲ ကျစ်နေအောင်စုထားကာမှ တော်ကာကြမည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now