ဘာအပြစ်အနာဆာမှမရှိဘဲ လုံးဝိုင်းနေပြီး ချောမွန်ပြေပြစ်လွန်း၏!

ပထမတစ်ချက်မှာ၊ အပြာရောင်စိန်တွေ၊ချစ်စရာ ပုလဲဖြူသေးသေးလေးတွေလို အကြည့်ကိုဖမ်းမစားနိုင်ပေမယ့်၊ ဒီမြစိမ်းရောင်ကျောက်စိမ်းတုံးဟာ စိန်တွေ၊ ပုလဲတွေဝိုင်းရံထားသည့် အလယ်ဗဟိုတွင် ကျက်သရေဖြာစွာတည်ရှိနေပြီး၊ သူ့ရဲ့ထူးခြားဆန်းကြယ်သည့်ရောင်ခြည်တွေဖြင့် လင်းလက်နေသည်။

တကယ့်ကို တန်ဖိုးကြီးဇိမ်ခံပစ္စည်းဖြစ်ပြီး၊ မသိမသာ ဟိတ်ဟန်ထုတ်နိုင်သည့် ပစ္စည်းကောင်းပင်။

ထိုအရာမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းက တည်ရှိခဲ့သော သဘာဝကြီးရဲ့ တောက်ပမှုလိုမျိုး၊ ကြည့်ရှူနေသူများကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားစေပြီး၊ အားလုံးရဲ့ မျက်လုံးများကို ပြူးကျယ်သွားစေသည်။

"....."

ခန်းမထဲရှိလူတိုင်းက တင်ဆက်သူရဲ့ မိတ်ဆက်စကားကိုကြားသောအခါ၊ လေလံပွဲတွင် ပိုအာရုံစိုက်လာကြသည်။

သူဌေးသမီးများစွာရဲ့ မျက်လုံးများကျယ်လာကာ မျက်လုံးထဲတွင် မီးများတဟုန်းဟုန်းတောက်နေသည်။ စင်ပေါ် တက်ကာ ထိုလှပလွန်းပြီး လူတွေကို အသက်ရှူရပ်စေသည့် လည်ဆွဲအား သူတို့အိတ်ထဲတွင် ထည့်ရဖို့ မစောင့်နိုင်ကြတော့ပေ။

"မိတ်ဆက်နေတာကို ရပ်ပြီး လေလံပွဲသာ စလိုက်ပါတော့!"

"ဟုတ်ပါ့! ထပ်မိတ်ဆက်လိုက်လို့ နောက်ထပ်ပြိုင်ဖက်တွေ ပေါ်လာမှာ စိုးရိမ်တယ်!"

"အစက ငါတို့ကို ဒီမှာ စောင့်ခိုင်းထားပြီး၊ ငါလိုချင်နေတာ မတွေ့ရလောက်တော့ဘူးလို့ထင်ထားတာ။မထင်ထားဘူး။"

"ငါဘာလုပ်ရမလဲ? ဘတ်ဂျက်မလောက်မှာ ကြောက်တယ်။ ပစ္စည်းက တစ်ခုပဲရှိတာလား? ကြိုတင်စာရင်းပေးလို့ကော ရလား?"

"ဒီစတူဒီယိုကို အရင်က တစ်ခါမှ မကြားဖူးဘူးနော်။ ပြီးတော့မှ သူတို့ကို ဆက်သွယ်ဖို့ ပွဲစီစဉ်သူတွေကိုမေးရမယ်။"

လည်ဆွဲကို သဘောကျသည့် ဧည့်သည်များကြောင့် ခြွင်းချက်မရှိ ပတ်ပတ်လည်တွင် ဆူညံပွက်လောရိုက်နေသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now