"ဒါနဲ့ ဘာစာရွက်တွေကို စစ်နေတာလဲဟင်"

မျက်လုံးလေးကလည်ကလည်နဲ့ စားပွဲပေါ်ကစာစစ်နေတဲ့ စာရွက်အထပ်ကိုစပ်စုလာသည်။လူကြီးပေါက်စလေးက မေးမှမေးပါ့မလားလို့တောင် တွေးနေတာ..ခုတော့တွေးပူစရာတောင်မလိုတော့ဘူးထင်ပါရဲ့။

"Taehyungတို့ရဲ့ စာမေးပွဲအဖြေလွှာတွေလေ"

"ဟင်ဟုတ်လား"

"ဟုတ်တာပေါ့ဗျာ"

"အဲ့ဒါဆို ကမ်းလှမ်းချက်တစ်ခုလုပ်မယ်လေ"

စာမေးပွဲအဖြေလွှာလို့ပြောလိုက်တာနဲ့ ကောင်ဆိုးလေးကကမ်းလှမ်းချက်တောင် ပြောလာပြီလေ။ ကောင်ဆိုးလေး ဘယ်လိုတွေများဉာဏ်များမှာလဲသိချင်မိပါရဲ့။

"ကိုကိုဆရာသာ ကျွန်တော့်ကိုအမှတ်ပြည့်A+ ပေးရင် ကျွန်တော်က ကိုကို့ကို အများကြီးပိုချစ်ပေးမှာနော်"

"ဟာ မက်လောက်စရာကမ်းလှမ်းချက်ကြီးပါ့လား.."

"ဒါပေါ့ စိတ်ကူးမမှားနဲ့နော် ကိုကို"

"တော်ပါပြီကွာ.. ရှယ်ယာတွေရင်းနှီးမြှုပ်နှံတာတွေတောင် ကြာကြာထားရင် စျေးပိုတတ်သေးတာပဲ..ကိုယ်လည်းကမ်းလှမ်းချက်ပိုများအောင် ‌ကြာကြာထားတဲ့အနေနဲ့ စာမေးပွဲရလဒ်ကြေညာ‌ပြီးမှလက်ခံလိုက်တော့မယ်"

"ကိုကို!!!"

သူ့ကမ်းလှမ်းချက်ကို လက်မခဲလိုက်တာနဲ့ အသံအကျယ်ကြီးနဲ့အော်ခေါ်ပါလေရဲ့။စိတ်ဆိုးနေပါပြီဆိုတဲ့ အမြင်စောင်းတဲ့အကြည့်လေးနဲ့ ကြည့်နေတဲ့ Kim Taehyungကိုငုံထားလို့ရရင် ငုံထားလိုက်ချင်ပါရဲ့။

စိတ်ဆိုးပြီး မျက်စောင်းထိုးနေတဲ့ကောင်လေးကို ထပ်စချင်လာတာမလို့ မသိချင်ယောင်ဆောင်ပြီး စာသာဆက်စစ်နေလိုက်သည်။ မကြာပါဘူး ခြေဆောင့်ပြီး အခန်းပြင်ကိုထွက်သွားတဲ့ကောင်လေးရယ်။ မနက်ဖြန်ကျမှ ပြန်ချော့တော့မယ်စိတ်ကူးထားလိုက်သည်။

Taehyungဘက်က ကမ်းလှမ်းချက်ကို လက်မခံတဲ့ဆရာJungkookက ကျောင်းပညာရေးကိစ္စနဲ့ပတ်သတ်ရင်အလိုမလိုက်တာကိုTaehyungသိပေမဲ့ တမင်စိတ်ကောက်ချင်လို့ စိတ်ကောက်ပြီးထွက်လာလိုက်သည်။နေ့လည်ဘက်ထမင်းစားချိန်မှာလည်းပြန်မချော့.. ညဘက်များလာချော့မလားဆိုပြီး စောင့်နေပေမဲ့  ရောက်မလာတာကြောင့် လူကစိတ်ကမကောင်းတော့ဘူး။ စိိတ်မကောင်းပေမဲ့ မနက်ဖြန်ခရီးထွက်ဖို့ခုထိအဝတ်အစားတွေရော ပစ္စည်းပစ္စယတွေရောအကုန်ပြီးအောင်မပြင်ဆင်ရသေးတာမလို့ စိတ်မကောင်းဖို့တောင်အချိန်သေချာမပေးလိုက်ရဘူး။ အဝတ်အစားတွေသေချာထည့်ပြီး နာရီကိုကြည့်လိုက်တော့ တစ်ဆယ်နာရီတောင်ရှိနေပြီဖြစ်သည်။ မနက်ကျ ၆နာရီလောက်ထမှာမလို့ သွားတိုက်မျက်နှာသစ်ပြီးအိပ်ယာဝင်လိုက်တော့သည်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now