"ကိုကို စဥ်းစားကြည့်ဗျာ"

"ဟုတ်ပြီ ကိုကိုစဥ်းစားပေးမယ်..ပြောပြလေ"

"ကျောင်းက မတရားဘူးနော်"

"ဟင် ဟုတ်လား..ကိုကို့ကိုပြောပြလေ ကျောင်းကို အကြံပြုလွှာတင်ပေးလို့ရတယ်လေ...Taehyungက ဘာကိုသဘောမကျတာလဲ"

"ကျောင်းလေ့လာရေးခရီးက ၃ရက်တည်းလေ ... ကျွန်တော်က တစ်ပတ်လောက်နေချင်တာကို"

ကျောင်းကမတရားဘူးဆိုတော့ ဘာတွေများကျောင်းနဲ့ရန်ဖြစ်အလိုမကျတာလဲဆိုပြီး စိတ်ပူလိုက်မိပေမဲ့ ကောင်ဆိုးလေးက ကျောင်းလေ့လာရေးခရီးက သုံးရက်တည်းမလို့ အလိုမကျတာပါတဲ့လေ။

"Taehyungကအချိန်အကြာကြီးနေချင်လို့လား"

"ဟုတ်တယ်..Busanမှာအဘွားလည်းရှိတယ်လေနော် .."

"ကိုယ်စီစဥ်ကြည့်မယ်လေနော်..Taehyungကစိတ်သာမပူနဲ့"

"တကယ်လား?ကိုကိုတကယ်ပျော်နေတာလား"

ကိုယ်ကကြာကြာနေချင်တယ်ပြောလိုက်တာနဲ့ စီစဥ်ပေးမယ်လို့ပြောလာတဲ့ကိုကိုဆရာက တကယ်အလိုလိုက်ပေးတာပဲ။ အမှန်ဆို တမင်လာဂျီကျတာပင်..တစ်ပတ်လောက်နေချင်တာကလည်းဟုတ်ပေမဲ့ ကျောင်းကသုံးရက်တည်းဆိုတာလည်းပြောင်းမရဘူးလေ။ ကိုကိုဆရာ့ကိုတမင်ဂျီကျချင်လို့ ပြောလိုက်တာပေမဲ့ စီစဥ်ပေးမယ်ပါတဲ့။ တကယ်ကို ချစ်ဖို့အကောင်းဆုံးရည်းစားမျိုးကိုရထားတာပဲ။

"တကယ်ပေါ့.. ကိုယ်က Taehyungကို စည်းစိမ်ချမ်းသာမှူများစွာနဲ့မထားနိုင်သေးပေမဲ့ စိတ်ချမ်းသာအောင်ထားနိုင်တဲ့လူဖြစ်အောင်တော့ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားနေမယ်"

"အာ စည်းစိမ်တွေ မလိုပါဘူး..ကိုကိုဆရာသာအနားရှိနေရင် ကျွန်တော့်အတွက်ပြည့်စုံနေပါပြီ"

"ဟော တကယ်လား"

"ဟော တကယ်ပေါ့"

ကိုယ်ကလူကြီးအသံနဲ ဟောလို့သုံးပြီး တကယ်လားဆိုပြီးစလိုက်တော့ လူကြီးပေါက်စချစ်သူရည်းစားက အနောက်သံယောင်လိုက်ပြီးပြန်ဖြေလိုက်ပါလေရဲ့။ ဒီကလေးနဲ့သာ အတူတူနေအတူတူစကားပြောနေရရင် အရင်ကခပ်တည်တည်နေတတ်တဲ့ဆရာJungkookဆိုတာ ရှိခဲ့တဲ့ပုံတောင်မပေါ်တော့တာပင်။ တကယ်ဟိုးးပေါက်စလေးကတည်းက ခုလိုခဏခဏပြုံးနေရတာ နည်းလှတာတော့အမှန်ပင်။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now