ကျန်သည့် ပြပွဲပစ္စည်းများအားလုံးမှာတော့ စတူဒီယိုမရှိသေးသည့် ဒီဇိုင်နာများ၊ သို့မဟုတ် ဒီဇိုင်းစတူဒီယိုများမှ ပံ့ပိုးပေးထားပြီး လေလံပွဲရဲ့ အစစျေးနှုန်းကို ပိုင်ရှင်မှ ဆုံးဖြတ်ထားခြင်းဖြစ်သည်။

စုစုပေါင်းရတဲ့ လေလံတင်စျေးနှုန်းထဲမှာမှ၊ ကနဦးဒီဇိုင်းကုန်ကျစရိတ်ကိုနှုတ်ပြီး၊ ကျန်တာကို ပရဟိတအလှူများအတွက်လည်း အသုံးပြုမည်ဖြစ်သည်။

အစီအစဉ်တင်ဆက်သူအကျဉ်းချုပ် မိတ်ဆက်ပေးပြီးနောက်၊ တကယ့်ပရော်ဖက်ရှင်နယ်လေလံဆွဲသူက စင်ပေါ် တက်လာသည်။

အရင်ပြလာသည့် လက်ဝတ်ရတနာ ရှစ်ခုစလုံးမှာ တန်ဖိုးနည်းပြီး ဧည့်သည်များအတွက် စျေးမများတာကြောင့်၊ လေလံပွဲက အဆင်ပြေစွာနဲ့ပဲ မြန်မြန်ဆန်ဆန် ပြီးသွားလေသည်။

ထို့နောက် နောက်ပိုင်းပြသလာသည့် ပစ္စည်းများမှာ လေလံပွဲရဲ့ အရှိန်ကောင်းသို့ ရောက်လာသည်။

ရှီယွင်နန်က လေလံဆွဲဖို့ သိပ်စိတ်မဝင်စားပေ။ သို့သော်သူက ပစ္စည်းတစ်ခုစီရဲ့ ဒီဇိုင်းအစိတ်အပိုင်းများကို လေ့လာပြီး လော့လင်းရှန်းအား သေချာပြန်ရှင်းပြနေသည်။

အစကတော့ လော့လင်းရှန်းမှာ ဒီကျောက်မျက်ရတနာလေလံပွဲကို သိပ်စိတ်မဝင်စားသော်လည်း ရှီယွင်နန် အဆက်မပြတ် ရှင်းပြတာကိုတော့ နားထောင်ချင်မိသည်။ သူ့ချစ်သူရဲ့ ဒီဇိုင်းဝါသနာကြောင့် သူပါ  အထူးစိတ်ဝင်စားလာမိ၏။

"ဘာလို့ လက်ဝတ်ရတနာဒီဇိုင်းဆွဲရတာ ကြိုက်တာလဲ?" လော့လင်းရှန်းက ဒီကိစ္စအား တစ်ခါမှ မမေးဖူးပေ။ ဒါက ရှီယွင်နန်နဲ့ တက္ကသိုလ်မေဂျာနဲ့လည်း လုံးဝမသက်ဆိုင်ကြောင်း သူအခုမှ သတိရသွားသည်။

"ဘာလို့ဆို၊ ကျွန်​​တော့်​အ​မေက လက်​ဝတ်​ရတနာ​တွေကို စုဆောင်းရတာ ကြိုက်​တယ်လေ။"

ရှီယွင်နန်မျက်လုံးထဲတွင် အလင်းရောင်လေး တစ်ဖျက်ဖျက်လတ်နေပြီး၊ သူကစကားပြောနေရင်း သက်ပြင်းချလိုက်သည်။

ထိုအချိန်တုန်းက ဝမ်မင်တွင် အထူးလက်ဝတ်ရတနာဘူးတစ်ခုလည်းရှိပြီး သူမက လက်ဝတ်ရတနာပစ္စည်းများကို ဂရုတစိုက်သေသေချာချာ စုဆောင်းခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now