အခန်း (၁) Zawgyi

Start from the beginning
                                    

"ရွင္က ဘယ္သူလဲ"

"မင်းကို မေးရမှာ မင်း မင်း...ဒီအခန်းထဲဘယ်လိုလုပ်ရောက်နေတာလဲ"

အသက် ၃၀ အရွယ် The Greatest Sun စီးပွားရေးလုပ်ငန်းစုကိုဦးဆောင်နေတဲ့ နေမင်းမဟာ.... တွန့်ဆုတ်တာတွေ ထိတ်လန့်တာတွေရှိဖို့မပြောနဲ့ အရာရာကို သွေးအေးအေးနဲ့ ဖြေရှင်းတတ်တဲ့သူတောင် ခု စကားတွေထစ်လို့

"ဒါရာရာ့အခန်း"

"ဘာ မင်းအခန်း"

"အင်း ဟုတ်တယ် မယုံရင် မျက်နှာကျက်ပေါ်က ကြယ်ပုံစံ sticker လေးတေကို ရေကြည့် စုစုပေါင်း ၁၈ ခုရှိတယ်"

"ဟင်....."

နေမင်းမဟာ ရုတ်တရက်ဆိုသလို ကြောင်သွားပီး မျက်နှာကျက်ခပ်ဟောင်းဟောင်းပေါ်က အနုမြူကြယ်လေးတွေကို လက်ညှိုးတထိုးထိုးနဲ့လိုက်ရေနေမိသည်....
ထိုစဉ်...
'ဝုန်း'

ဝုန်းခနဲအသံကျယ်ကြီးနဲ့အတူ တံခါးပွင့်သွားပီး ၇ယောက်ထက်မနဲတဲ့သူတွေဝင်ချလာသည်။ ဝင်လာတဲ့သူတွေ ဘယ်သူမှန်းသိလိုက်ရတော့မှ အနဲငယ်အားတက်သွားသည်။ သူ့သူငယ်ချင်း ၂ ယောက်နဲ့ သူ့ချစ်သူ ဧကရီ။ သူတို့အပြင်မှာတော့ ဒီကျောင်းက ဆရာမကြီး ၂ ဦး..မျက်စိပျက် မျက်နှာပျက်နဲ့ ရပ်နေကြသည်။

"နေ.. ဘာတွေဖြစ်ကုန်တာလဲ"

ဧကရီအော်လဲအော် ​နေ့ လက်ကိုလဲပြေးဆွဲရင်းမေးတော့ နေ့ မှာ အဖြေမရှိ။

"ဖြေလေ နေ ဧကရီမေးနေတယ်လေ''

"ဧကရီ ကိုယ်.....ကိုယ်"

"မောင်နေမင်းမဟာ ဒီကိစ္စကို ဒီလိုပဲထားလို့မရဘူး မင်း တာဝန်ယူပေးရမယ်"

"တာဝန်ယူပေးရမယ် ဘာကိုလဲ"

"မင်း ဆရာမကြီးတို့ကျောင်းကို အမြဲလှူတမ်းနေတာသိပါတယ် ဒါပေမယ့် အဲ့လိုဆိုတိုင်း ခုလိုကိစ္စကိုတော့"

"ဘာကိစ္စဖြစ်သွားလို့လဲ သူ့လဲမေးကြည့်ပါဦး"

ကြောင်အမ်းအမ်းနဲ့ ထိုင်နေတဲ့သူမက ခုထိ စောင်ပုံထဲကမထွက်သေး

"ကဲ ကဲ ဒီနေရာကြီးမှာ ပြောလို့မကောင်းပါဘူး သားတို့သမီးတို့နဲ့ ကိုယ်လက်သန့်စင်ပီး ရုံးခန်းထဲလာခဲ့ ဆရာမကြီးလဲအဲ့ကစောင့်နေလိုက်ပါနော်"

ဆရာမကြီးဆိုသူဘေးက ခပ်ငယ်ငယ်အမျိုးသမီးတဦးဝင်ပြောကာမှပဲ သူမတို့တသိုက်ထွက်သွားကြတော့သည်။ ကျန်ခဲ့သူက သူတို့သူငယ်ချင်း ၄ ယောက်နဲ့ ဘယ်က ဂြိုလ်သူမမှန်းမသိတဲ့ကလေးမတယောက်သာ။

"ကျစ်....ဇယားပဲ"

ဟုဆိုကာ ဧကရီက အခန်းထဲကနေ ဒေါသနဲ့ထွက်သွားတော့ ကျန်တဲ့ သူငယ်ချင်းတွေလဲ
ဧကရီ့နောက်လိုက်သွားကြသည်။ မျက်စိရှေ့က ကလေးမကိုကြည့်တော့ သူဘာမှမသိပါဘူးဆိုတဲ့ မျက်နှာထားနဲ့.....

"နေပါဦး မင်းအခန်းထဲငါမှားဝင်တာဆိုလဲ လူတယောက်လုံးမင်းဘေး တညလုံးအိပ်နေတာ မသိဘူးလား"

"ဟင့်အင်း"

"ဘာ...."

"သိရင်တော့ ထအော်မိမှာပေါ့"

"မနက်နိုးတော့ မင်းသိတော့ ထမအော်ဘူးမလား''

"အဲ့တာက...."

"အဲ့တာက ဘာဖြစ်လဲ မင်းမှာဘာအကြံစည်တွေရှိလဲ မင်းပဲသိလိမ့်မယ်"

စိတ်ပျက်လက်ပျက်နဲ့ပြောပီး ဆံပင်တွေကို လက်ချောင်းနဲ့ထိုးဖွကာ အခန်းထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတော့တယ်။ မှန်ရာပြောရရင် ရာရာလဲ ဘယ်လိုတွေဖြစ်ကုန်လဲဆိုတာမသိတော့ဘူး မနေ့က တနေကုန်ကားစီးလာခဲ့ရတာမလို့ တော်တော်ပင်ပန်းတာနဲ့ အိပ်ပျော်သွားတာ ညနေစောင်းလောက်ထဲက ညစာတောင်ထမစားဖြစ်။ ခုမနက်နိုးလာတော့ ဘေးမှာ လူတယောက်ရောက်လို့နေတယ်တဲ့ ဘယ်ကဘယ်လိုရောက်နေမှန်းလဲမသိ။ မသိဆို မနေ့ညက အိပ်မက်ကောင်းနေတာ မနက်နိုးတဲ့ထိ အိပ်မက်လား တကယ်လား မနဲခွဲယူနေရတယ် ဆရာမကြီးတို့ကိုမြင်မှ ဒါတကယ့်လက်တွေ့ဘဝမှန်းသိခဲ့တာ။

အိပ်မက်ထဲမှာ အင်မတန်ကိုခံ့ညားချောမောတဲ့ ယောက်ျားတယောက်က သူမကို ထိုင်ရက်နဲ့ပွေ့ထားတယ်။ သူ့ကိုယ်က ရောင်ဝါတွေ တောက်ပနေချက်က တာရာ့ကိုယ်ပေါ်မက ပတ်ဝန်းကျင်ပါ လင်းထိန်နေတယ်။ သူ့ရင်ခွင်ထဲမှာ ရှိနေတဲ့ရာရာကတော့ တခါမှမရဖူးတဲ့ နွေးထွေးမှု ကြင်နာမှု လုံခြုံမှုတွေအပြည့်နဲ့ပေါ့။ ရာရာ အိပ်မက်ဆိုတာတော့ ကောင်းကောင်းသိတယ်....ဒါပေမယ့် နိုးမထချင်ဘူး။ ဒါ့ကြောင့်လဲ ဟိုလူမေးတော့ ကိုယ့်ဘာသာ ဘယ်ကမ္ဘာရောက်နေလဲသိအောင်မနဲကြိုးစားနေရတာ သူ့အမေးတွေကို သေချာမဖြေနိုင်။ ပီးတော့ ရောက်နေတာကသူလေ ရာရာ့အခန်းမှာ ရာရာ့ထက်သူပိုသိသင့်တယ်ထင်တာပဲ.....

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now