ပရဟိတလေလံပွဲက  စုစုပေါင်း ကိုးကြိမ်မြောက်အထိ ဆောင်ရွက်လာခဲ့တယ်။ အရင်ကတော့ လင်းယွီက ဝင်ပါဖို့ စိတ်မဝင်စားခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ် ကစပြီး၊ ကုကျွယ်တာဝန်ယူလိုက်တာနဲ့ သူတို့လို ကျောက်စိမ်းဒီဇိုင်းစတူဒီယိုအသစ်လေးနဲ့ နေရာတစ်နေရာရဖို့ ပြိုင်နေရတဲ့ အခြေအနေဖြစ်သွားတာလား?

သေချာပေါက် ဒါကမှ ပိုရှက်စရာကောင်းတာမဟုတ်ဘူးလား?

သိသိသာသာကိုပင် ရှီယွင်နန်က ဘာလေးလေးနက်နက် စကားမှ မပါဘဲ၊ လင်းယွီရဲ့ လက်ရှိအခြေအနေကို ခွဲခြမ်းစိတ်ဖြာကာ၊ သူတို့နဲ့ အနာကို ဆွလိုက်သည်။

ကုကျွယ်မျက်လုံးထဲရှိ၊ ကျေနပ်နေသည့်အရိပ်အယောင်မှာ ချက်ချင်း ပျောက်သွား၏။ မဲ့သွားတဲ့ သူ့နှုတ်ခမ်းတွေကို မြင်လိုက်ရတဲ့ ယွမ်ရွေ့ကတော့ မပျော်မရွှင် မဖြစ်တော့ပေ။

"ပြီးတော့ ယွမ်ရွေ့က အရမ်းတော်တယ်။ ယွမ်မိသားစုက သူ့လက်ထဲမှာ ကျဆင်းမှာ မဟုတ်ဘူး။"  ရှီယွင်နန်က ယွမ်ရွေ့ လက်ကောက်ဝတ်လေးကို မသိမသာ ဆုပ်ကိုင်လိုက်ပြီး၊တိတ်တဆိတ် သူ့ဘက်ကနေ ထောက်ခံကာ အခိုင်အမာ ရပ်တည်ပေးနေသည်။

"ပြောင်းပြန်အနေနဲ့ မစ္စတာကု၊ တခြားသူတွေကိုလှောင်ချင်နေရင် မင်းကိုယ်မင်း အရင်ပြန်ကြည့်ကြည့်ပေါ့။"

"လင်းယွီ ဒီဇိုင်းနာချုပ်ကို အခုမှ ပထမဆုံးတွေ့ဖူးပေမယ့် မစ္စစုန့်က ကျွန်တော်ကို တကယ့်အမှန် သဘောပေါက်သွားစေတာပဲ။"

ရှီယွင်နန်က တစ်ဖက်လူရဲ့ သွယ်ဝိုက်ပြောတဲ့ ထေ့ငေါ့စကားတွေအတိုင်း၊ သူ မသွားခင်လေး ကုကျွယ်အား ချီးကျူးစကား ပြောလိုက်ဖို့လည်း မမေ့ပေ။  "မစ္စတာကုက ကြည့်တတ်တယ်နော်။"

"....."

ကုကျွယ်မျက်နှာမှာ လုံးဝ ပျက်သွားတော့သည်။

စုန့်မြောင်ခယ့်လည်း သူ့ရဲ့ထေ့ငေါ့စကားတွေကြားသောအခါ၊ မျက်နှာကြီး နီရဲသွား၏။

ရှီယွင်နန် ဒီလူတွေကို ဆက်မမြင်ချင်တာကတော့ နှမြောစရာပင်။ ထို့ကြောင့် သူက ယွမ်ရွေ့အား လေလံပစ်တဲ့နေရာဆီ ဆွဲခေါ်သွားလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now