"အိုးမိုင်ဂေါ့" အခန်းထဲဝင်ပြီး နူးညံ့တဲ့မွေ့ရာပေါ်မှာ ထိုင်လိုက်ပြီးလေမှ ကျောက်ရွေသည် အသက်ပြင်းပြင်းရှူမိကာ "ငါ အိပ်မက်ထဲမှာရှိနေတုန်းပဲလို့ ခံစားရတယ်"

နောက်ဆုံးစကားပြောအပြီးမှာ သူကဘာအဖြေကိုမှမစောင့်ဘဲ သူ့ပေါင်ကိုနာနာလေး ဆွဲဆိတ်လိုက်သည်။

“အော့ရှ်.. ” နာကျင်မှုက သူ့အား လက်တွေ့လောကထဲ ပြန်ခေါ်ဆောင်လာသည်။ သူ့ဘေးက ယွီချင့်ဟွမ်နှင့်ဟော်ချွီအား စိုက်ကြည့်ရင်း ကျောက်ရွေက ယွီချင့်ဟွမ်အား စိတ်ရင်းမှန်အပြည့်ဖြင့် ရုတ်ချည်းမေးလာသည်။

"ချင့်ဟွမ် အတည်ပြောနေတာ၊ မင်း ငါ့မျက်နှာကိုကြိုက်လား? ငါအခု မင်းနဲ့တွဲချင်တဲ့ စိတ်အာသီသတွေဖြစ်ထွန်းနေတယ်"

ဘုရားတရား .. သူက သက်ရှိထင်ရှားရွှေတောင်ကြီးပဲ! သူနဲ့သာဆို ဘယ်သူက နောက်ထပ်အလုပ်လုပ်ဖို့လိုဦးမှာလဲ! ဘယ်သူကကော ရုပ်ရှင်‌တွေရိုက်ဖို့ဂရုစိုက်နေဦးမှာတဲ့လဲ! ပိုက်ဆံပြတ်လာတဲ့အခါတိုင်းလုပ်ဖို့လိုတာဆိုလို့ သူ့ကိုကာစီနိုထဲဆွဲခေါ်သွားတာပဲ! သူ့လိုကံကောင်းမှုမျိုး ဘယ်သူဆီမှာရှိနိုင်မှာတဲ့လဲ!

သို့ပေမယ့် ထိုစကားများကိုကြားလိုက်ရစဉ် ဟော်ချွီဟာ သူ့ရဲ့ ကြာရှည်စွာဆိတ်ဆိတ်နေမှုကိုချိုးဖျက်လာပြီး ရုတ်တရက်ထလာကာ ယွီချင့်ဟွမ်ရှေ့မှာ ပိတ်ရပ်လိုက်သည်။

ချင့်ဟွမ်အား သူ့နောက်မှာ အကာအရံပေးထားပြီး ရန်သူအားစူးစိုက်ကြည့်နေသော ဝံပုလွေပေါက်လေးတစ်ကောင်ကဲ့သို့   ကျောက်ရွေအား စူးစူးရဲရဲစိုက်ကြည့်နေလေသည်။ နောက်ထပ်စကားတစ်ခွန်းဆိုဝံ့တာနဲ့ အပြေးသွားပြီး ကျောက်ရွေအား တစစီဆွဲဖဲ့ပစ်တော့မည့်ပုံပင်။

"စိတ်အေးအေးထား, သူကနောက်နေရုံပါ" ယွီချင့်ဟွမ်က ဟော်ချွီ၏လက်များကို နှစ်သိမ့်တဲ့သဘောအနေဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး ကျောက်ရွေဘက်သို့လှည့်ကာ

"ကော ဒီဟာသက ရယ်စရာကောင်းမနေဘူး"

"ငါသိပါတယ် ဆောရီးပါ" ကျောက်ရွေက သူ့လက်ကိုမြှောက်ကာ တောင်းပန်လိုက်သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now