"မေးနေတာဖြေလေ ခုနကငါဆူတုန်းက အဲ့လိုမဟုတ်ပါဘူး အခုမှချက်ချင်း ငအဖြစ်သွားတာလား"

"ကျွန်မတို့က ချောလို့ဒီတိုင်း ဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းလိုက်တာပါ"

"အော ဒီတိုင်း သူကCeleလား"

"ဟင့်အင်း"

"သူကိုရောသိလား"

"ဟင့်အင်း"

"နင်တို့မိန်းကလေးတွေအကြောင်းမသိရင် ခက်မယ် ယောင်္ကျားလေးတစ်ယောက်နားကို ဒီပုံစံနဲ့ချဉ်ကပ်ရင် ဘယ်လိုဆိုတာ သွား! သူများရည်းစားမှန်းမသိ ဘာမှန်းမသိ ဒီတိုင်းနဲ့တောင် လာတွေ့နေတာ!!"

သူအော်လိုက်တော့ ထိုမိန်းကလေးဖွဲ့ ထွက်သွားတော့သည် သူလဲ သူရှေ့က မှုံကုပ်ကုပ် မျက်နှာပေနဲ့ Jungkookကို ရပ်ကြည့်နေတော့

"ကိုကို ရေစော့မယ်လေ"

"သွားစော့လေ"

"ဟို မလိုက်ဘူးလား"

"မင်းအရင်သွားနှင့်"

Jungkookလဲ အထွန့်မတတ်ရဲတာကြောင့် အရင်သွားနှင့်တော့

"အားးး ကိုကို"

ထယ်ယောင်းလဲ အနောက်ကနေ Jungkookရဲ့
ဖင်ကိုခြေထောက်နဲ့ ကန်ထည့်လိုက်တာမို့ သဲပြင်ပေါ်မှာ မှောက်လျက်လေး ဖြစ်သွားတော့သည် သူလဲ အော်တာကို မကြားချင်ယောင်ဆောင်ပြီး သူပေါ်ကနေ
ကျော်လာကာ ပင်လယ်ရေထဲ ဆင်းသွားလိုက်တော့တယ်

Jungkookလဲ ဘေးဘီကြည့်ပြီး အရှက်ပြေ ချောင်းဟန့်ကာ ကိုကိုနောက် လိုက်သွားလိုက်တယ်

"ကိုကို"

သူကိုလှည့်တောင်မကြည့်ဘူး ဝမ်းနည်းလာပြီ
Jungkookကို ဒီလိုလျစ်လျူလို့ ရမယ်ထင်နေလား ကြားရဲ့သားနဲ့ မကြားချင်ဆောင်ယောဆောင်ကာ ရေကူးဖို့
ပြင်နေတဲ့ ကိုကို့ကို တင်းနေအောင် ဆွဲဖက်ထားလိုက်တယ်

"ဘာလုပ်တာလဲ"

"စိတ်ကောက်နေတာလား"

"မကောက်ပါဘူး"

"အူတိုနေတာမလား ကိုကို"

"မတိုဘူး"

"သေချာလား"

သူမျက်လုံးကို တည့်တည့်ကြည့်ကာ မေးလာတဲ့
kookieကြောင့်

"ဟုတ်တယ် အူတိုတယ် ဘာဖြစ်လဲ မကျေနပ်ဘူးလား ဟမ်"

Step-Brother⚠️ [Completed]Hikayelerin yaşadığı yer. Şimdi keşfedin