သူတို့နှစ်ဦးစလုံးမှာ အထင်ကရမိသားစုမှ ဖြစ်ကြတာကြောင့်၊ ထိုကိစ္စ ပြန့်သွားမည်ဆိုပါက တကယ့်ကို ကြီးကြီးမားမားအရှုပ်အထွေးဖြစ်သွားမှာပင်။

ထို့ကြောင့် ယွမ်ရူရင်က ကိုယ်ဝန်ရှိနေသည့် ယွီရှော့အမေအား လင်ချန်းတွင် နေခိုင်းပြီး၊ ပထမဇနီးနဲ့ ကွာရှင်းဖို့ စောင့်နေတဲ့အချိန်  ကျန်းကျန်းမာမာနဲ့ မီးဖွားနိုင်ရန် လျှို့ဝှက်စီစဉ်ပေးခဲ့သည်။

သို့သော်လည်း ဒီကိစ္စမှာ ဖုံးကွယ်ထားလို့ မရခဲ့ပေ။  ယွမ်ရူရင်ရဲ့ ပထမဇနီးက ယွီရှော့အမေ အရှက်ကွဲအောင် ထိုကိစ္စအား ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ပစ်ခဲ့သည်။

နှစ်ဖက်စလုံးမှာ ရုတ်ရုတ်သဲသဲဖြင့် ပွက်လောရိုက်သွားကြပြီး ထိုကိစ္စက နေရာအနှံ့ ပြန့်သွားခဲ့သည်။

ယွီရှော့အဖိုးမှာ အမျက်ခြောင်းခြောင်းထွက်ပြီး သူ့ရဲ့ ကိုယ်ဝန်ဆောင်သမီးအား အင်ပါယာမြို့တော်တွင်အတင်းအကြပ်နေခိုင်းခဲ့သည်။ ကိုယ်ဝန်မှာ ရင့်နေပြီး၊ ယွီရှော့အမေရဲ့ ခခယယတောင်းဆိုမှုကြောင့် နောက်ဆုံးတော့ ယွီရှော့ကို မွေးဖွားနိုင်ခဲ့လေသည်။

နောက်ပိုင်း၊ ယွမ်ရူရင်ရဲ့ ပထမဇနီးက မိသားစုပိုင်ဆိုင်မှုထဲက ဒေါ်လာသန်းပေါင်းများစွာများ၊ အစုရှယ်ယာအများအပြားဖြင့် ကွာရှင်းရန်သဘောတူခဲ့သော်လည်း၊ ယွီရှော့မိဘတွေမှာ ထိုကောလဟာလထဲ နစ်မွန်းသွားပြီး အဆုံးထိမဖုံးနိုင်ခဲ့ပေ။

"ယွီရှော့က ငယ်ငယ်လေးကတည်းက သူ့အဖိုးနဲ့ အင်ပါယာမြို့တော့မှာ ကြီးလာခဲ့ပြီး၊ သူက အကောင်းဆုံးကျောင်းတွေမှာပဲ အမြဲတက်ခဲ့တာ။ ချမ်းသာတဲ့ ကလေးအများစုက မာနကြီးပြီး ဗိုလ်ကျချင်စိတ်ရှိတော့ ယွီရှော့ရဲ့ မျိုးရိုးကို အတင်းအဖျင်းပြောလေ့ရှိကြတယ်။"

မွေးဖွားလာတာက အပြစ်လား? လူတိုင်းက ကိုယ်အတွေးနဲ့ကိုယ် ငြင်းခုံစရာတွေရှိကြ၏။

ယွီရှော့ ကိုယ်တိုင်ကလည်း ဒါတွေကို တစ်ခါမှ မတုံ့ပြန်ဖူးဘူး။ အခြားသူတွေက သူ့ကို လှောင်ပြောင်ပြီး အနိုင်ကျင့်ရင်တောင် သူကဘာစကားမှ ပြန်မပြောဘဲ အမြဲသည်းခံနေခဲ့တယ်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now