ရှီယွင်နန်လည်း လော့လင်းရှန်းရဲ့ ငြိမ်သက်နေသည့် အကြည့်နဲ့ဆုံတော့  "အိုကေ" လို ဝိုးတဝါး ပြန်တုံ့ပြန်လိုက်၏။

ယွီရှော့ကတော့ အလှမ်းဝေးသွားတဲ့  လော့လင်းရှန်း နောက်ကျောကို စိုက်ကြည့်ရင်း တိတ်ဆိတ်နေလေသည်။ ထို့နောက် သူ့ရှေ့မှ ပုလင်းတစ်ဝက်ကို သောက်ချပလိုက်၏။ ထို့နောက် သူက အသံတိုးတိုးလေးနဲ့ မသိမသာ ရယ်လိုက်မိသည်။

...

နှစ်ယောက်သားမှာ ကိုယ့်သောကနဲ့ကိုယ် လော့အိမ်တော်သို့ ပြန်လာခဲ့ကြသည်။

ရှီယွင်နန်က အထဲရောက်တာနဲ့ 'ရေချိုးတော့မယ်' လို့ အကြောင်းပြချက်ပေးကာ ဒုတိယထပ်ရှိ သူ့အခန်းထဲ အမြန်ပြန်ဝင်သွားလိုက်သည်။

ဒါကိုမြင်တော့ လော့လင်းရှန်းလည်း ဝီးချဲလ်ကိုထိန်းကိုင်ကာ သူ့အခန်းထဲသို့ ပြန်သွားလိုက်လေသည်။

ရွှေငါးလေးကတော့ ဧည့်ခန်းထဲရှိ ခုံလေးပေါ်တွင် ထိုင်ကာ နွားနို့သောက်နေရှာသည်။ သူ့ရှေ့ရှိ စားပွဲခုံပေါ်မှာတော့ တက်ဘလက်တစ်လုံးရှိပြီး နိုင်ငံခြား ကာတွန်းဇာတ်ကားတိုလေး ဖွင့်ထားသည်။

ဒါဟာ သောကြာနေ့ညတိုင်း သူရသည့် ပျော်ရွှင်စရာကောင်းတဲ့ ရိုးရိုးရှင်းရှင်း မိနစ်လေးဆယ်ပင်။

ဒါပေမယ့် ဒီတစ်ခေါက်တော့ ရွှေငါးလေးက ကားတွန်းကားဆီ စိတ်ရောက်မနေပေ။

သူက ခဏရပ်ထားရန် ခလုတ်ကို နှိပ်လိုက်ပြီး သူ့နို့ဘူးလေးကို ကိုင်လိုက်သည်။

"ဘိုးဘိုးချင်!"

လော့အိမ်တော်ရဲ့ နေ့စဉ်ကုန်ကျစရိတ်များကိုစာရင်းသွင်းနေသည့် ဦးလေးချင်က သူ့ကို လှည့်ကြည့်လာ၏။ "ဘာလို့ကာတွန်းကား မကြည့်တော့တာလဲ? ဆယ်မိနစ် ကျန်သေးတယ်မလား?"

ရွှေငါးလေးက ခေါင်းကိုယမ်းကာ မကောင်းတာဖြစ်တော့မယ်ဆိုတဲ့ အကြည့်လေးနဲ့ သူ့နားတိုးသွားလိုက်သည်။

"ရှုးရှူးနဲ့ ရှောင်ရှုးရှုး ရန်ဖြစ်လာတဲ့ပုံပဲ။"

ဦးလေးချင်က သူ့စာကြည့်မျက်မှန်ကို ချွတ်ကာ မေးလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now