Part...4

156 15 4
                                    

For Unicode

"အခုစီနီယာ့ကိုလည်းတွေ့ပြီဆိုတော့ ကျွန်တော်တို့အတူတူ အစ်ကိုတို့ကိုလိုက်ရှာရအောင်"

"အင်း "

ဂျီမင့်စကားကို ထယ်ယောင်းကခေါင်းညိတ်ကာ ...

"ငါတို့ဒီနေရာကနေ အမြန်ဆုံးထွက်သွားကြမယ်"

ထယ်ယောင်းသည် အေးစက်နေသော ဆော့ဂျင်၏လက်ကိုလှမ်းကိုင်ကာ အားပေးသည်။

"မကြောက်နဲ့တော့နော် ကျွန်တော်တို့ရှိတယ်"

"ကျေးဇူးပါ"

ဆော့ဂျင်၏အသံသည် ခပ်တိုးတိုးသာထွက်လာ၏။

"ရပါတယ် ကျွန်တော်တို့ကညီအစ်ကိုတွေပဲလေ "

"ဟင်"

ခပ်တွေတွေနှင့်စဥ်းစားသလိုဖြစ်သွားသော ​ဆော့ဂျင်ပုံကိုကြည့်ကာ ထယ်ယောင်းရယ်လိုက်မိသည်။ဒီအစ်ကိုကလည်း ကြောင်တောင်တောင်လေးပဲ။

"ဟုတ်တယ်လေ သွေးမတော်သားစပ်ပေမယ့် ကျွန်တော်တို့မျိုးရိုးကတူတယ်လေ။ အစ်ကိုဆော့ဂျင်ရယ် ကျွန်တော်ရယ် အစ်ကိုနမ်ဂျွန်းရယ်လေ "

ဆော့ဂျင်နှုတ်ခမ်းထူထူဟာ ပြုံးယောင်သမ်းသွား၏။

"လာပါ ကျွန်တော်တို့အတူတူသွားကြမယ်"

တစ်ဖက်ကိုလှည့်မိတော့ ထိုမြင်ကွင်းကိုအမြင်ကပ်သလိုကြည့်နေသော ဂျောင်ကုနှင့်ဆုံသည်။

"သွားမယ်ဆိုလာလေ အခုမှမြင်ဖူးတဲ့သူကို ဘာအဖြစ်သည်းနေတာလဲ "

ထယ်ယောင်းမှာရုတ်တရက်ကြီး ပိတ်ဟောက်ခံရ၍ မကျေနပ်သော်လည်း ဘာမှတော့ပြန်မချေပမိပေ။
ဂျွန်ဂျောင်ကုဆိုတဲ့အမျိုးက ထယ်ယောင်းအသက်ရှုနေရင်တောင် မကျေနပ်ဖြစ်နေတဲ့လူမျိုးလေ။

တိတ်ဆိတ်နေသောကော်ရစ်တာတစ်လျှောက်တွင် သူတို့၄ ယောက်ထက်ပိုနေသော ဖိနပ်ရှပ်တိုက်သံတွေကို ကြားနေရ၏။
လင်းလင်းထင်းထင်းမမြင်ရတာမို့ လိုတာထက်ပင် ပို၍ကျန့်ကြာနေသလိုခံစားရသည်။

ဆော့ဂျင်နဲ့ထယ်ယောင်းက အရှေ့ကနေမီးထိုးရင်း ဦးဆောင်ပြီးသွားကာ နောက်မလှမ်းမကမ်းတွင် ဂျီမင်နှင့်ဂျောင်ကုလိုက်လာ၏။

𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧𝑒(On Going)Where stories live. Discover now