အခန်း (၃၉)

Start from the beginning
                                    

နေထွက်လာတဲ့အလင်းရောင်နဲ့အတူ လမ်းပေါ်က မနက်စာဆိုင်ကလေးများ၊ကုန်စုံဆိုင် များဖွင့်နေကြပြီး လူကြီးပိုင်းများအလုပ်ခွင်ဝင်ဖို့ပြင်ဆင်နေကြသည်ကိုလည်းတွေ့ရသည်။

မနက်စောစောနိုးထရခြင်းသည် အာရုံစူးစိုက်မှုအားကောင်းပြီး အင်မတန်မှ လတ်ဆတ်လန်းဆန်းသော လေခိုးလေငွေ့တို့ကိုလည်း တစ်ဝကြီးရှုရှိုက်နိုင်သည်။ ယခုလိုအချိန်၌ မန္တလေးသည် မြူနှင်းများကျလျှက်ရှိပြီး အဝေးတစ်နေရာကိုလှမ်းကြည့်လျှင် မည်သည့်အရာမှမမြင်ရသေးပေ။

Bright အိမ်ကလူတွေအတွက် မုန့်ဟင်းခါး အစောစွာ‌သွားဝယ်ရသည်။ နို့မို့ဆိုလျှင် ဆိုင်က လူတစ် တာ‌ကြောင့် မကျန်တော့မည်ကိုလည်း စိုးရသေးသည်။

အိမ်ရောက်တော့ ပန်းကန်နဲ့စနစ်တကျထည့်ပြီး အပေါ်ထပ်က Win အခန်းထဲကိုသယ်သွား၏။ သည်ကောင်လေးနိုးလာလျှင်လည်း ချက်ချင်း တိုက်ရအောင်အတွက်။

" နှိုးနေတာလား "

ထိုင်နေတဲ့ Win ကိုမြင်တော့ အနည်းငယ်တော့ စိတ်ပူသွားရသေးသည်။ ‌ဤကောင်လေး အိပ်မက်ဆိုးတွေများထပ်မက်ပြန်ပြီလား။ သို့နှင့် သူ့ကိုကြည့်နေသော မျက်လုံးငယ်တို့က မည်သည့်အရာကိုဖော်ညွှန်းနေသည်မှန်းမသိရတဲ့အထိ ကြောင်လွန်းနေသည်။

မုန့်ဟင်းခါးပန်းကန်ကိုစားပွဲပေါ်မှာချပြီး သူ့နားဝင်ထိုင်ကာ လက်တွေနဲ့ မျက်နှာအနှံ့ကို စမ်းကိုင်လိုက်သည်။

" အေးနေတာပဲ ... "

Bright ပြာသလဲလဲ ဗီရိုကိုသွားဖွင့်ပြီး အနွေးထည်တစ်ထည်ကိုထုတ်ယူဖို့ကြိုးစားနေသည်။ ထို့နောက် ပြာနက်‌ရောင် ဆွယ်တာကိုယူလာခဲ့ပြီး ထိုကောင်လေးကိုဝတ်ပေးလိုက်ရသည်။ လက်တွေကိုလည်း ပွတ်ပေးပြီး အပူဓာတ်ရအောင်လုပ်ယူနေရသေးသည်။

" ပြန်အိပ်မလား စောသေးတယ် "

" ကျွန်တော်... ဗိုက်ဆာ‌တယ် "

Win ရဲ့ ခပ်သေးသေးအသံလေးဟာ Bright အတွက်တော့ အင်မတန်မှ ဂရုဏာသက်စရာ ကောင်းလွန်းလှတာမို့ အမြန်ပဲ မုန့်ဟင်းခါးပန်းကန်ကို ထယူပြီး အနားမှာသေချာပြန်ထိုင်သည်။

When The Time Passed (Completed)Where stories live. Discover now