အခန်း (၁၆)

554 74 36
                                    

"နွေဦး"
------------

Win စံအိမ်ရဲ့ ဝံရံနာမှာ ထိုင်ရင်းစာရေးနဲ့ပင်
အေးချမ်းစရာအတိ။ ဖောင်တိန်လေးထဲကိုမှင်ကိုထည့်မည်အလုပ် လေညှင်းလေးတိုက်လာတာကြောင့် မှင်တစ်ပေါက်ဟာ ထိုလူသားနာမည်လေးပေါ် မှေးမှေးလေးစွန်းထင်သွားလေသတဲ့။

"ကျစ်!..ဒီလေကွာ.."

သူ့နဲ့ပတ်သတ်သမျှကို တန်ဘိုးထားပါလျှက်မှ သူ့အကြောင်းရေးသော စာအုပ်မှာမှ
အမှားရာထင်မိလေတော့ စိတ်ကလေးပင်
ဘဝင်မကျဖြစ်သွား၏။

ရေးလက်စ စာကိုအဆုံးသတ်လိုက်ပြီး
စာအုပ်ကိုပိတ်လိုက်၏။ ထို့နောက် လောလော လတ်လတ်ကမှ ဆရာဝယ်ပေး
ထားတဲ့ "နွေဦး" ဆိုတဲ့ စာအုပ်လေးကို
ကောက်ကိုင်ကာ ပထမစာမျက်နှာကိုဖတ်လိုက်၏။

*ဆောင်းအဝင်နွေအကူးလောက် ဘယ်အချိန်
မျှ မလှပနိုင်။

သစ်ရွက်စိမ်းတို့ကြွေကာ အဝါရောင်သန်းပြီး
မြေခဝါကျသော အချိန်ပင်ဖြစ်၏။

လေပြေလေးတွေဖြေးညှင်းစွာတိုက်ခတ်
တတ်ပြီး အေးချမ်းနွေးထွေးစေသော အချိန်
ကာလလေးတစ်ခုပါပေလား။*

Win ဖတ်လတ်စကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်မိ၏။

ဟုတ်ပါရဲ့။

ဒီအချိန်မှာ သစ်ရွက်တွေ လေတိုက်လို့ကြွေ
ကျသံကအစ ဆွေးစရာဖြစ်နေသည်မဟုတ်လား။

နေရောင်ကြောင့် ဖြာကျနေတဲ့ သစ်ပင်ထိပ်
ဖျားလေးတွေကိုကြည့်ရတာလည်း လွမ်းစရာ
ကဲ့သို့။

သစ်ရွက်ခြောက်ကိုလေတိုးတဲ့ အသံလေး
ကို Win မျက်စိမှိတ်နားထောင်မိလိုက်တဲ့
အခိုက်မှာ ထိုလူသား ရဲ့ရွှေမျက်တော်ကို
မှန်းဆမိလာတယ်။

Win ကျောင်းတက်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ
စာကိုသူမတူနိုင်အောင်ကြိုးစားခဲ့တယ်။
ဒါ့ကြောင့် မြန်မာစာပါမောက္ခက Win
အတွက် ရာသီနှင့်ကိုက်ညီသော
စာအုပ် လေးကိုဆုအဖြစ် ချီးမြှင့်ထားခဲ့၏။
ထိုစာအုပ်လေးကို Bright နှင့်အတူဖတ်ချင်
သည်မှာ သူ့ဆန္ဒ။

When The Time Passed (Completed)Hikayelerin yaşadığı yer. Şimdi keşfedin