ဒီအမိန့်ကိုထုတ်ပြန်မှုကိုတချို့ပြည်သူတွေကနားမလည်ပေမဲ့အာမခံရဲပေ၊ထန်ရိမင်မှာအလွန်ရက်စက်ပြီးအာဏာပြင်းထန်တဲ့ဘုရင်တစ်ပါးမလို့ပင်၊ထန်ရိမင်ဘုရင်ဖြစ်ပြီးတဲ့နောက်မှာ
မိဖုရား၊ကြင်ရာတော်တစ်ပါးမှတော်ကောက်ခြင်းမရှ်ိပေ၊မိဖုရားထားဖို့ပြောတဲ့ဘယ်အမတ်မဆိုညီလာခံမှာချက်ခြင်းအသတ်ခံရတာကြောင့်ပင်

ထန်ရိမင်အသက်၅၄နှစ်မှာဆုံးပါးသွားပြီးဒုတိယဇာတ်လိုက်ရဲ့သားတော်ကိုဘုရင်တင်မြောက်လိုက်သည်၊သူမဆုံးခင်မှာသူ့နှုတ်ခမ်းတွေကပြုံးယောင်တမ်းနေပြီး
"ကောင်းလေဆီကိုကိုလာခဲ့မယ်နော်၊ကိုယ့်ကိုစောင့်နေပါ"
လို့နောက်ဆုံးထွက်သက်မတိုင်ခင်ပြောခဲ့သည်

ပိုင်လင်လည်းဘာတွေဖြစ်ခဲ့လဲဆိုတာသိပြီးသူမျက်ရည်တွေအဆက်မပြတ်ကျလာပြီးငိုရှိုက်နေသည်၊သူ့စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်၊သူ့စိတ်ထဲမှာတော့
"ဟုတ်တယ်သူ့လူကြီးစောင့်နေမှာငါအမြန်သွားရမယ်"
သူနောက်ဆုံးပြုံးလိုက်ပြီး
[white ငါသင်ရမယ့်ပညာတွေပြတော့]
[ဟုတ်ကဲ့host
ပန်းချီ/piano /အကပညာ]
[မင်းဟာကလည်းအနုပညာသည်ဘဝသွားရမှာကြနေတာပဲ piano ပဲသင်တော့မယ်]
[ကောင်းကောင်းသင်ခဲ့နော်]

၁၀နှစ်ကြာသော်
မြူခိုးလည်း၁၀နှစ်ကြာတော့တံခါးကနေထွက်လာသည်၊သူထွက်လာတော့နွားနို့သောက်ပြီးtvထိုင်ကြည့်နေတဲ့ကြောင်တစ်ကောင်ကိုတွေ့လိုက်ရသည်၊သူမှာတော့ပင်ပင်ပန်းပန်းသင်ခဲ့ရပေမဲ့ဒင်းကတော့အေးဆေးနေနေတယ်ပေါ့၊မြူခိုးလည်းဖင်ပိတ်ကန်လိုက်သည်

whiteမှာသူ့ဖင်ကန်ခံရလို့နောက်လှည့်ကြည့်လိုက်တော့သူ့hostရဲ့မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေကြောင့်အခြေအနေမဟန်တော့ဘူးဆိုတာသိလိုက်လို့မြန်မြန်ကူးပြောင်းပေးလိုက်တော့သည်
မြူခိုးမှာwhiteကိုစိုက်ကြည့်နေတုန်း
[ကူးပြောင်းနေပါသည် 10 4 1 အောင်မြင်]
မြူခိုးမှာအမှောင်ကျသွားတော့သညါ

#အလီနောက်arcအတွက်AOBလုပ်မယ်လို့တော့စဥ်းစားထားတယ်😅arcကကြာပါအုန်းမယ်နော်❤️❤️#

Zawgyi

မြူခိုးနောက်တစ်ကြိမ်ပြန်နိုးလာတော့system spaceထဲပြန်ရောက်နေသည်၊သူ့ရင်ထဲမှာတစ်ဆစ်ဆစ်နဲ့နာကျင်နေသည်၊သေနတ်နဲ့ပစ်ခံရတာထက်ပိုနာလေသည်၊သူပါးပြင်ထက်မှာမသိလိုက်ဘဲမျက်ရည်တွေကျလာသည်၊ထန်ရိမင် သူမရှိဘဲအဆင်ပြေပါ့မလားလို့တွေးနေသည်

System WhiteWhere stories live. Discover now