ယွမ်​ရွေ့က ယန်စန်းချုပ်ထားကို တွန်းလှန်လိုက်၏။ခ သူရဲ့ဒေါသကို ဖြေဖျောက်ဖို့ မလုံလောက်သေးဘူးဟု ခံစားမိကာ  ရှီးခဲ့ယွဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "ရဲခေါ်မယ်? ရှီးခဲ့ယွဲ့ကို​​မေး​လိုက်ပါအုံး! ရဲခေါ်ရဲလားလို့!"

ယွမ်​ရွေ့က ဒေါသတကြီးမေးနေချိန်မှာပဲ၊ ရှီယွင်နန်ရဲ့ ကာကွယ်မှုကို ရှာရန်၊ သူက ရှီယွင်နန်ဘက်သို့ အမြန်တိုးကာ နောက်ဆုတ်လိုက်သည်။

ရှီယွင်နန်က သူအမူအရာလေးကို တစ်ချက် တစ်ချက် ကြည့်ကာ ရယ်မောလိုက်ကာ

" လန့်သွားပြီလား?"

ယွမ်​ရွေ့က သူ့(ရှီယွင်နန်)နောက်တွင် တစ်ဝက်တစ်ပပြက် ပုန်းကွယ်နေပြီး အသံ​တိုးတိုး​လေးဖြင့် ပြန်​ဖြေလာသည်။ "မင်းက ရန်ဖြစ်တာမှာ တော်တယ်လေ။ ငါ့လက်သီးက အလစ်ဝင်တိုက်လို့ ထိသွာတာ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ လက်သီးကနှေးလွန်းတယ်။"

မဟုတ်ပါက ၊ ရှီးခဲ့ယွဲ့တစ်ယောက် လက်သီးတစ်ချက်ထက်ပို၍ အထိုးခံရမှာ အသေအချာပင်။

ယွမ်​ရွေ့က ပြောပြီး တစ်စုံတစ်ယောက်ရဲ့မြှောက်စားခြင်းကို ခံနေရသည့် ရှီးခဲ့ယွဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ ဒေါသထွက်နေချိန်မှာပဲ "သစ္စာဖောက်ခြင်း" ဆိုသည့် ခံစားမှုမျိုးကိုလည်း ခံစားလိုက်ရသည်—

သူက ရှီးခဲ့ယွဲ့ ကို အမြဲယုံကြည်ထားပြီး သူ့ကို ဘယ်တော့မှ လက်မ မလွှတ်ခဲ့။ဒါ​ပေမယ့် တစ်ဖက်လူကတော့ သူ့နောက်ကွယ်မှာ ဘာကြောင့် လူတွေကို တိတ်တဆိတ် ခိုးယူနေရတာလဲ?

ဒါကို သူငယ်ချင်းလို့ သတ်မှတ်လို့ ရပါ့မလား?

မရဘူး၊လုံးဝကိုမရဘူး။

သူငယ်ချင်းအစစ်ဆိုရင် မင်းနောက်ကျောကို ဘယ်တော့မှ ဓားနဲ့ ထိုးမှာ မဟုတ်ဘူး။

ရှီးခဲ့ယွဲ့ က သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ ရှီယွင်နန် နှင့် ယွမ်​ရွေ့တို့ ဘေးချင်းကပ်လျက် ရပ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံး​တွေထဲတွင် မလိုလားအပ်သော အမုန်း အရိပ်အယောင်များပေါ်ပေါက်လာတော့သည်။  "ယွမ်​ရွေ့၊ ရှီယွင်နန်က မင်းကို ဒီကို ခေါ်လာတာလား?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now