သူစိတ်လှုပ်ရှာနေတာကို အခြားသူတွေမမြင်စေရန် သူက ယွမ်​ကျောက်စိမ်းစတူဒီယို တည်ရှိရာ အဆောက်အအုံသို့ မဝင်ရောက်မီ ရှီယွင်နန် နှင့် တွေ့ဆုံနိုင်ရန်၊ ယခုအချိန်အထိ တမင်တကာစောင့်​ဆိုင်းနေခဲ့တာပင်။

ရှီယွင်နန် ထိုသူစိတ်လှုပ်ရှားနေတာကို မမြင်ချင်ယောင်ဆောင်နေသော်လည်း ထိုသူ့အား မစ​ဘဲနေဖို့ကတော့ ခဲယဉ်းလှသည်။

"သခင်​လေးယွမ်၊ ဖိုက်တင်း။"

"ဒါပေါ့၊ဒါ​​ပေါ့"

ယွမ်​ရွေ့က သူ့ကိုယ်သူ ဖော်မိနေမှာ စိုးရိမ်တာကြောင့် တမင်တကာ ချောင်းနှစ်ခါဟန့်လိုက်သေးသည်။

အသံကို တုံ့ပြန်သလိုမျိုး ဓာတ်လှေကားတံခါးသည်လည်းပွင့်လာ၏။

လု​ကျောက်အန်းက တစ်ထပ်လုံးကို ကျောက်စိမ်းဒီဇိုင်းစတူဒီယိုအဖြစ် ငှါးရမ်းထားပြီး၊ ဓါတ်လှေကားမှ ဆင်းသည်နှင့်တပြိုင်နက် ရုံးခန်းလော်ဘီကို ဖောက်ထွင်းမြင်ရသည့် မှန်ချပ်ကြီးမှတဆင့် မြင်လိုက်ရသည်။

လု​ကျောက်အန်းရဲ့ အရပ်ရှည်ရှည် သွယ်လျသောပုံသဏ္ဌာန်ကို မြင်လိုက်ရတော့ ယွမ်​ရွေ့ မသိစိတ်မှ ခေတ္တရပ်သွားမိ၏။ "ရှီယွင်နန်"

"ဘာဖြစ်လို့လဲ?"  ရှေ့ကလျှောက်လာတဲ့ ရှီယွင်နန်က လှည့်မေးလိုက်သည်။

ယွမ်​ရွေ့က လု​ကျောက်အန်းကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရဲ့ပါးစပ်ကို ဖုံးကာ "အဲဒီနေ့က ငါ မူးပြီး စကားတွေ အများကြီး ပြောမိတယ်။  မင်း ငါ့ကို လျှို့ဝှက်ထားပေးဖို့ ကူညီပေးနိုင်မလား? အနည်းဆုံးတော့ ငါ့မိသားစု မသိစေနဲ့။"

ယွမ်​ရွေ့က သူ့နားတိုးကပ်လာပြီး ရှားရှားပါးပါး အသံတိုးတိုးလေးဖြင့်ပြောလာသည်။ "ကျေးဇူးပြုပြီး ငါမင်းကို အကြွေးတင်နေတယ်လို့ သဘောထားလိုက်ပါ။ ငါ နောက်တစ်ခါကြ ပြန်ဆပ်ပါ့မယ်။"

ရှီယွင်နန်က ထိုအဖြစ်အပျက်ကို သေ​သေချာချာ သတိထားမိသွားပြီး မျက်ခုံးပင့်ကာ "စိတ်မပူနဲ့။ ငါ တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်ပါရတာကို မကြိုက်ဘူး။ မနေ့ညက မင်းပြောခဲ့တာကိုတောင် မေ့သွားပြီ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now