"ငါ မင်းကို ပြန်ပေးမယ်!"  ယွမ်​ရွေ့က အမြန် တုံ့ပြန်လာပြီး ရှက်စရာကောင်းတဲ့ အရာတစ်ခုကိုလည်း ရုတ်တရက် သတိရသွားကာ "ငါ မင်းကို တတ်နိုင်သမျှမြန်မြန် ပြန်ဆပ်နိုင်ဖို့ ပိုက်ဆံစုလိုက်အုံးမယ်။"

အခုတော့ နှစ်ယောက်သား "ရန်သူမဟုတ်၊ အရမ်းရင်းနှီးတဲ့သူမဟုတ်" အဖြစ် သတ်မှတ်နိုင်လေပြီ။အကြိမ်ပေါင်းများစွာ တွေ့လာပြီးနောက်
ရှီယွင်နန်အပေါ်ထားတဲ့ ယွမ်ရွေ့ရဲ့ အမြင်ဆိုးမှာ ပျောက်ကွယ်သွားတော့သည်။ ဆန့်ကျင်ဘက်အနေနဲ့၊ တစ်ဖက်လူက တော်တော်ကို​ကောင်းတဲ့လူလို့တောင် သူခံစားမိ၏။

ရှီးခဲ့ယွဲ့ နဲ့ ရှီယွင်နန်ကြား ဆက်ဆံရေး မကောင်းတာတော့ နှမြောစရာပဲ၊ မဟုတ်ရင် သူ ဒီလူနဲ့ တကယ်သူငယ်ချင်းဖြစ်ချင်တာ။

ရှီယွင်နန် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ကာ "ဆရာယွမ်က မင်းကိုကျောက်စိမ်းဒီဇိုင်းမှာ ပါဝင်ဖို့ ခွင့်ပြုထားတာလား?"

"ဟုတ်တယ်။"

ယွမ်​ရွေ့က ပြန်​ဖြေလာပြီး သူ့မျက်လုံးတွေက မကြုံစဖူး စိတ်လှုပ်ရှားကာ ကျေနပ်နေသည့် မရိပ်အယောင်လေးကို ပြနေသည်။

မနေ့ညက ယွမ်ဖုကွမ် နှင့် ယွမ်​ရွေ့ တို့ သားအဖသည် မကြုံစဖူး ပြန်လည်သင့်မြတ်သွားကြပြီး၊ (ယွမ်ဖုကွမ်)က သူ့ကို ယွမ်​ကျောက်စိမ်းဒီဇိုင်းလုပ်ငန်း တွင် ပါဝင်ခွင့်ပေးဖို့ သဘောတူလာခဲ့သည်။

သို့သော်လည်း ယွမ်ဖုကွမ်မှာ နောက်တစ်ကြိမ် ယွမ်​ရွေ့လှည့်စားတာမှ တားဆီးရန် ယွမ်​ရွေ့ရဲ့ဘဏ်ကတ်ကိုတော့ ပိတ်ထားဆဲပင်။ လစာ ရရှိရန်အတွက်  "ကြိုးစားအားထုတ်ဖို့" ကိုသာ ပြောခဲ့သည်။

သူ့ကိုအသုံးမကျလို့ အမြဲတမ်း ကြိမ်းမောင်းနေသည့် ယွမ်ဖုကွမ်က နောက်ဆုံးတော့ ကျောက်စိမ်းထွင်းခြင်းအပြင် တခြားအလုပ်ကိုပါ ပေးခဲ့သည်။ ဒါက​တော့ သူအရင်က ရွေးချယ်ခဲ့တဲ့ ကျောက်စိမ်းဒီဇိုင်းပင်။

ဒါ​ကြောင့်မို့ ယွမ်​ရွေ့က ဒီအ​ခြေအ​နေကို နှစ်ခါမစဥ်းစားတော့ဘဲ သ​ဘောတူခဲ့သည်။

သူ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် တစ်ညလုံးအိပ်မပျော်နိုင်ခဲ့​။ နေ့လည် ၃ နာရီမှာ အစည်းအဝေးကျင်းပတော့မယ်ဆိုတာ သိလိုက်ရတော့ သူဒီအနီးနားကို အပြေးအလွှားရောက်လာပြီး နေ့လည်စာစားပြီး စောင့်နေလိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now